


Joker (Akhayar)

Ref: SlashGear

============

OnePlus 5 ကင်မရာအတွက် Teaser ထွက်လာပြီး ဇွန်လထဲမှာ ထွက်လာနိုင်

နာမည်၊ Processor နဲ့ Flagship အတွက် ရည်မှန်းချက်တွေကို ထုတ်ဖော်ခဲ့ပြီးနောက် OnePlus ကတော့ ယခုတလော hype ဖြစ်နေတဲ့ ပစ္စည်းပါပဲ။ ယခုတစ်ဖန်လည်း OnePlus ပရိတ်သတ်တွေကို အကြိုက်တွေ့စေမယ့် Teaser တစ်ခုကို ပြသခဲ့ပါတယ်။ အထူးသဖြင့် ဒီ Teaser ပုံရိပ်ထားမှာ OnePlus 5 မှာ သုံးထားတဲ့ ကင်မရာကို အဓိက ပြသလိုတာပါ။

OnePlus ဟာ စမတ်ဖုန်းကင်မရာကို ပိုမိုကောင်းမွန်တဲ့ ပုံရိပ်တွေရရှိတာကို ပြသထားတာဖြစ်ပါတယ်။ တကယ်လို့ ကောလဟလတွေအတိုင်းသာဆိုရင် ဒီဖုန်းမှာ Dual ကင်မရာ တစ်စုံ ပါဝင်လာဖွယ်ရှိနေပါတယ်။ ယခုအချိန်အထိ မသေချာသေးပေမယ့် DxO ရဲ့ ကင်မရာကို အသုံးပြုဖွယ်ရှိနေပါတယ်။

OnePlus 5 ကို လာမယ့် ဇွန်လထဲမှာ ထုတ်လုပ်မှာ ဖြစ်ပြီး ဘယ်နေ့ဘယ်ရက်ဆိုတာတော့ မသိရသေးဘူး။ HTC U11 ကို၉ရက်နေ့မှာ စတင် တင်ပို့မှာ ဖြစ်တာကြောင့် OnePlus 5 ကိုတော့ ရက်ခွာပြီး ထုတ်လုပ်ဖွယ်ရှိနေပါတယ်။

Joker (Akhayar)

Ref: SlashGear