OnePlus ကနေ ပြီးခဲ့တဲ့ ၃ နှစ်ဝန်းကျင်လောက်တုန်းက မိတ်ဆက်ခဲ့တဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ OnePlus 3 နဲ့ 3T စမတ်ဖုန်းတွေအတွက် Android 9 Pie ကို ပြီးခဲ့တဲ့ ဧပြီလထဲက Update ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်အဲ့ဒီအချိန်တုန်းက Android 9 Pie Update က Beta Version ဖြစ်တဲ့အတွက် Stable အသုံးပြုနေတဲ့သူတွေအတွက် Update ပြုလုပ်လို့မရခဲ့ပါဘူး။

OnePlus 3, 3T Update

အခုအချိန်မှာတော့ OnePlus ကနေ ဒီ OnePlus 3 နဲ့ 3T စမတ်ဖုန်းတွေအတွက် Android 9 Pie Update ကို Stable အနေနဲ့ မိတ်ဆက်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ အခု Android 9 Pie Update က OxygenOS Version 9.0.2 အနေနဲ့ Update ထွက်လာတာဖြစ်ပါတယ်။

အခု Android 9 Pie Update နဲ့အတူ Do Not Disturb Feature အသစ်၊ Dialer App မှာ Duo ကို Support ရရှိလာတာနဲ့ Camera App မှာ Google Lens ရရှိလာတာအပြင် တခြားသော Android Feature အများအပြားရရှိလာမှာပဲဖြစ်ပါတယ်။

OnePlus 3, 3T Update

ဒါ့အပြင် Security Patch အနေနဲ့လည်း April 2019 ကို ရရှိမှာဖြစ်ပြီး Gaming Mode 3.0 နဲ့ Heads-up Display Feature အသစ်တွေပါ ပါဝင်လာမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် OnePlus အနေနဲ့ ဒီ OnePlus 3 ဖုန်းတွေကို စထုတ်တုန်းက Android Version 6 Marshmallow နဲ့ ထုတ်ခဲ့တာဖြစ်ပေမယ့် Android 7 Nougat ၊ Android 8 Oreo နဲ့ ယခု Android 9 Pie အထိ Major OS Update ကို ၃ ခုအထိပေးထားခဲ့တာပါ။

Ref : GSMArena