[Zawgyi] 

OnePlus ကေတာ့ အၿမဲလိုလုိ Limited Edition ေတြထုတ္ရတာ ေတာ္ေတာ္ေလး သေဘာက်ပံုရပါတယ္။ OnePlus 5T မွာလည္း Sandstone White ကို Limited Edition အေနနဲ႔ထုတ္ခဲ့သလို OnePlus 5 မွာလည္း Callection Edition ဆိုၿပီး ထုတ္ခဲ့ပါေသးတယ္။ 

Soft White OnePlus 6

OnePlus 6 မိတ္ဆက္ခဲ့တဲ့အခ်ိန္က Limited Edition ျဖစ္တဲ့ OnePlus 6 Soft White Edition ကိုလည္းတစ္ခါတည္း မိ္တ္ဆက္ခဲ့ပါတယ္။ OnePlus 5T Sandstone White နဲ႔မတူေပမယ့္ ဆြဲေဆာင္မႈရွိတဲ့ ဇိမ္ခံပစၥည္းတစ္ခုလိုလွေနတာကေတာ့ ေႂကြထည္လို အျဖဴေရာက္ေဖ်ာ့ကို Rose Gold နဲ႔ေပါင္းေပးထားတာေၾကာင့္ပါ။ မိန္းကေလးေတြ ပိုသေဘာက်ႏိုင္မယ့္ အေရာင္ေပါင္းစပ္မႈပါ။ 

All OnePlus 6 Colours

OnePlus 6 Limited Edition ေတြကို စတင္ေရာင္းခ်ေပးေတာ့မွာျဖစ္တာေၾကာင့္ ျပည္တြင္းကိုလည္း မၾကာခင္မွာေရာက္လာႏိုင္ပါတယ္။ Limited Edition ကိုေတာ့ 8GB RAM ၊ 128GB Storage နဲ႔ပဲရႏိုင္မွာျဖစ္ပါတယ္။ OnePlus က $579 နဲ႔ေရာင္းေပးမွာျဖစ္ေပမယ့္ Limited Edition ျဖစ္ေနတာေၾကာင့္ အျပင္မွာေတာ့ ေစ်းနည္းနည္းပိုမ်ားႏိုင္သလို ဝယ္ယူဖို႔လည္း ခက္ခဲႏိုင္ပါတယ္။ အေရာင္ကြဲေနတာနဲ႔ Storage တစ္မ်ိဳးပဲ ဝယ္လို႔ရတဲ့အခ်က္ကလြဲလို႔ က်န္တာေတြအားလံုးကေတာ့ အျခား OnePlus 6 ဖုန္းေတြနဲ႔ အတူတူပဲျဖစ္ပါတယ္။ အျဖဴေရာင္ႀကိဳက္တဲ့ ေယာက္်ားေလးေတြအတြက္ေတာ့ ေဘးေဘာင္ေတြမွာသံုးထားတဲ့ Rose Gold က စိတ္အေႏွာက္အယွက္ျဖစ္ေစႏိုင္ပါတယ္။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

တန်ဖိုးကြီး ဇိမ်ခံပစ္စည်းတစ်ခုလို ခံစားရစေမယ့် OnePlus 6 Limited Edition

OnePlus ကတော့ အမြဲလိုလို Limited Edition တွေထုတ်ရတာ တော်တော်လေး သဘောကျပုံရပါတယ်။ OnePlus 5T မှာလည်း Sandstone White ကို Limited Edition အနေနဲ့ထုတ်ခဲ့သလို OnePlus 5 မှာလည်း Callection Edition ဆိုပြီး ထုတ်ခဲ့ပါသေးတယ်။ 

Soft White OnePlus 6

OnePlus 6 မိတ်ဆက်ခဲ့တဲ့အချိန်က Limited Edition ဖြစ်တဲ့ OnePlus 6 Soft White Edition ကိုလည်းတစ်ခါတည်း မိတ်ဆက်ခဲ့ပါတယ်။ OnePlus 5T Sandstone White နဲ့မတူပေမယ့် ဆွဲဆောင်မှုရှိတဲ့ ဇိမ်ခံပစ္စည်းတစ်ခုလိုလှနေတာကတော့ ကြွေထည်လို အဖြူရောက်ဖျော့ကို Rose Gold နဲ့ပေါင်းပေးထားတာကြောင့်ပါ။ မိန်းကလေးတွေ ပိုသဘောကျနိုင်မယ့် အရောင်ပေါင်းစပ်မှုပါ။ 

All OnePlus 6 Colours

OnePlus 6 Limited Edition တွေကို စတင်ရောင်းချပေးတော့မှာဖြစ်တာကြောင့် ပြည်တွင်းကိုလည်း မကြာခင်မှာရောက်လာနိုင်ပါတယ်။ Limited Edition ကိုတော့ 8GB RAM ၊ 128GB Storage နဲ့ပဲရနိုင်မှာဖြစ်ပါတယ်။ OnePlus က $579 နဲ့ရောင်းပေးမှာဖြစ်ပေမယ့် Limited Edition ဖြစ်နေတာကြောင့် အပြင်မှာတော့ ဈေးနည်းနည်းပိုများနိုင်သလို ဝယ်ယူဖို့လည်း ခက်ခဲနိုင်ပါတယ်။ အရောင်ကွဲနေတာနဲ့ Storage တစ်မျိုးပဲ ဝယ်လို့ရတဲ့အချက်ကလွဲလို့ ကျန်တာတွေအားလုံးကတော့ အခြား OnePlus 6 ဖုန်းတွေနဲ့ အတူတူပဲဖြစ်ပါတယ်။ အဖြူရောင်ကြိုက်တဲ့ ယောက်ျားလေးတွေအတွက်တော့ ဘေးဘောင်တွေမှာသုံးထားတဲ့ Rose Gold က စိတ်အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။