[Zawgyi]

ဖုန္းတစ္လံုးအတြက္ အေရးအႀကီးဆံုးကေတာ့ User Experience ပါပဲ။ အဲ့ဒီအတြက္ Samsung ကေတာ့ သူတို႔ရဲ႕ ေနာက္ထပ္ Galaxy ေတြအတြက္ Software ပိုင္းဆိုင္ရာ ေျပာင္လဲမႈေတြကို Samsung Developer Conference 2018 မွာ ထုတ္ျပေပးလိုက္ပါၿပီ။ 

One UI

Samsung ရဲ႕ Galaxy ဖုန္းေတြေပၚမွာသံုးေပးထားတဲ့ User Interface ေတြက တစ္ႏွစ္ၿပီးတစ္ႏွစ္ေျပာင္းလဲလာတာ အခုဆိုရင္ One UI ဆိုၿပီး အသစ္ထပ္မိတ္ဆက္လိုက္ပါၿပီ။ အရင္ကေတာ့ Samsung ရဲဲ႕ Touch Wiz နဲ႔ Samsung User Experience ဆိုေတြရွိခဲ့ေပမယ့္ အခုေတာ့ အဲ့ဒီ ၂ ခုက အတိတ္မွာ က်န္ခဲ့ပါၿပီ။ Samsung က ပိုၿပီး႐ိုးရွင္းတဲ့ UI အသစ္ကို မိတ္ဆက္ေပးလိုက္ၿပီး User ေတြရဲ႕ အဆင္မေျပမႈေတြကို ေျဖရွင္းေပးထားတယ္လို႔ ေၾကညာသြားခဲ့ပါတယ္။ 

2 Areas on One Screen

Samsung ဖုန္းေတြမွာ သိသာတဲ့ေျပာင္းလဲမႈကို စတင္ခဲ့တာ Galaxy S8 နဲ႔ပါ။ Samsung ရဲ႕ Infinity Display ေတြေၾကာင့္ ဖုန္းေတြက ပိုၿပီးရွည္လာခဲ့တာေၾကာင့္ Display ေပၚမွာ Content ေတြကို အမ်ားႀကီးပိုျပလာႏိုင္လို႔ Scrolling လုပ္ဖို႔ သက္သာလာခဲ့ပါတယ္။ Video ေတြကို Widescreen ေပၚမွာ ၾကည့္ေနရသလိုခံစားႏိုင္လာတယ္၊ စာဖတ္လို႔ပိုေကာင္းလာတဲ့အျပင္ ဖုန္းေတြရဲ႕အရြယ္အစားေတြကလည္း Display ႀကီးေပးမယ့္ သယ္သြားလို႔ လြယ္ကူတဲ့အေျခအေနတစ္ခုမွာ ထိန္းေပးထားႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ အဆင္မေျပတဲ့အခ်က္ေတြက က်န္ေနပါေသးတယ္။ 

One Handed Experience

Display ေတြရွည္လာတဲ့အခါ လက္တစ္ဖက္တည္းနဲ႔ ကိုင္သံုးတိုင္း အဆင္မေျပျဖစ္တဲ့အခ်ိန္ေတြက ပိုမ်ားလာပါတယ္။ လက္တစ္ဖက္တည္း ကုိင္ထားတဲ့အခါ လက္မတစ္ေခ်ာင္းနဲ႔ ေရာက္ႏုိင္တဲ့ေနရာက Screen ရဲ႕ ၃ ပံု ၂ ပံုေလာက္ပဲ က်န္ပါေတာ့တယ္။ အဲ့ဒီအတြက္ Samsung ရဲ႕ One UI အသစ္က ေျဖရွင္းေပးလိုက္ပါၿပီ။ ဘယ္လုိေျဖရွင္းေပးလိုက္သလဲဆိုေတာ့ ဖုန္း Screen ရဲ႕ အေပၚဖက္ တစ္ဝက္ကို User Interact လုပ္လို႔ရမယ့္ Item ေတြ ထားမေပးေတာ့ဘဲ လက္မနဲ႔ေရာက္ႏိုင္မယ့္ Display အလည္ေလာက္မွာပဲ ခလုတ္ေတြ၊ Menu ေတြနဲ႔ App ထဲက Item ေတြကို ထားေပးေတာ့မွာပါ။ 

Dark Theme

အဲ့ဒီအျပင္ Dark User Interface ကိုလည္း ထည့္ေပးလာမွာျဖစ္ၿပီး မလိုအပ္တဲ့ေနရာေတြကို အျမင္ပိုင္းမွာ ပိုရွင္းသြားေအာင္လုပ္ေပးထားတယ္လို႔လည္း သိရပါတယ္။

Colourful User Interface

System ပိုင္းမွာလည္း Icon ေတြကို အရင္ကထင္ ကပိုရွင္းေအာင္ လုပ္ေပးထားလို႔ အျမင္ပိုင္းမွာေတာ့ သိသိသာသာပိုၾကည့္ေကာင္းလာမွာပါ။ Multitasking ပိုင္းနဲ႔ Performance ပိုင္းမွာေတာ့ ဘယ္ေလာက္ပိုေကာင္းလာမလဲဆိုတာကေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။ သင္ေရာ Samsung Fan တစ္ေယာက္လား။ 

Ref: Samsung | Android Central | The Verge

Min Than Htike (Akhayar)

www.akhayar.com

[Unicode]

Galaxy ဖုန်းတွေအတွက် Samsung ရဲ့ One UI အသစ်

ဖုန်းတစ်လုံးအတွက် အရေးအကြီးဆုံးကတော့ User Experience ပါပဲ။ အဲ့ဒီအတွက် Samsung ကတော့ သူတို့ရဲ့ နောက်ထပ် Galaxy တွေအတွက် Software ပိုင်းဆိုင်ရာ ပြောင်လဲမှုတွေကို Samsung Developer Conference 2018 မှာ ထုတ်ပြပေးလိုက်ပါပြီ။ 

One UI

Samsung ရဲ့ Galaxy ဖုန်းတွေပေါ်မှာသုံးပေးထားတဲ့ User Interface တွေက တစ်နှစ်ပြီးတစ်နှစ်ပြောင်းလဲလာတာ အခုဆိုရင် One UI ဆိုပြီး အသစ်ထပ်မိတ်ဆက်လိုက်ပါပြီ။ အရင်ကတော့ Samsung ရဲ့ Touch Wiz နဲ့ Samsung User Experience ဆိုတွေရှိခဲ့ပေမယ့် အခုတော့ အဲ့ဒီ ၂ ခုက အတိတ်မှာ ကျန်ခဲ့ပါပြီ။ Samsung က ပိုပြီးရိုးရှင်းတဲ့ UI အသစ်ကို မိတ်ဆက်ပေးလိုက်ပြီး User တွေရဲ့ အဆင်မပြေမှုတွေကို ဖြေရှင်းပေးထားတယ်လို့ ကြေညာသွားခဲ့ပါတယ်။ 

2 Areas on One Screen

Samsung ဖုန်းတွေမှာ သိသာတဲ့ပြောင်းလဲမှုကို စတင်ခဲ့တာ Galaxy S8 နဲ့ပါ။ Samsung ရဲ့ Infinity Display တွေကြောင့် ဖုန်းတွေက ပိုပြီးရှည်လာခဲ့တာကြောင့် Display ပေါ်မှာ Content တွေကို အများကြီးပိုပြလာနိုင်လို့ Scrolling လုပ်ဖို့ သက်သာလာခဲ့ပါတယ်။ Video တွေကို Widescreen ပေါ်မှာ ကြည့်နေရသလိုခံစားနိုင်လာတယ်၊ စာဖတ်လို့ပိုကောင်းလာတဲ့အပြင် ဖုန်းတွေရဲ့အရွယ်အစားတွေကလည်း Display ကြီးပေးမယ့် သယ်သွားလို့ လွယ်ကူတဲ့အခြေအနေတစ်ခုမှာ ထိန်းပေးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဆင်မပြေတဲ့အချက်တွေက ကျန်နေပါသေးတယ်။ 

One Handed Experience

Display တွေရှည်လာတဲ့အခါ လက်တစ်ဖက်တည်းနဲ့ ကိုင်သုံးတိုင်း အဆင်မပြေဖြစ်တဲ့အချိန်တွေက ပိုများလာပါတယ်။ လက်တစ်ဖက်တည်း ကိုင်ထားတဲ့အခါ လက်မတစ်ချောင်းနဲ့ ရောက်နိုင်တဲ့နေရာက Screen ရဲ့ ၃ ပုံ ၂ ပုံလောက်ပဲ ကျန်ပါတော့တယ်။ အဲ့ဒီအတွက် Samsung ရဲ့ One UI အသစ်က ဖြေရှင်းပေးလိုက်ပါပြီ။ ဘယ်လိုဖြေရှင်းပေးလိုက်သလဲဆိုတော့ ဖုန်း Screen ရဲ့ အပေါ်ဖက် တစ်ဝက်ကို User Interact လုပ်လို့ရမယ့် Item တွေ ထားမပေးတော့ဘဲ လက်မနဲ့ရောက်နိုင်မယ့် Display အလည်လောက်မှာပဲ ခလုတ်တွေ၊ Menu တွေနဲ့ App ထဲက Item တွေကို ထားပေးတော့မှာပါ။ 

Dark Theme

အဲ့ဒီအပြင် Dark User Interface ကိုလည်း ထည့်ပေးလာမှာဖြစ်ပြီး မလိုအပ်တဲ့နေရာတွေကို အမြင်ပိုင်းမှာ ပိုရှင်းသွားအောင်လုပ်ပေးထားတယ်လို့လည်း သိရပါတယ်။

Colourful User Interface

System ပိုင်းမှာလည်း Icon တွေကို အရင်ကထင် ကပိုရှင်းအောင် လုပ်ပေးထားလို့ အမြင်ပိုင်းမှာတော့ သိသိသာသာပိုကြည့်ကောင်းလာမှာပါ။ Multitasking ပိုင်းနဲ့ Performance ပိုင်းမှာတော့ ဘယ်လောက်ပိုကောင်းလာမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။ သင်ရော Samsung Fan တစ်ယောက်လား။ 

Ref: Samsung | Android Central | The Verge

Min Than Htike (Akhayar)

www.akhayar.com