




(၅) အဲလိုမဟုတ်ဘဲ ဇွန်းမှာအစွန်းအထင်းလေးတွေရှိနေတယ် အနံ့အသက်ကလည်းဆိုးရွားတယ်ဆိုရင် အဆုတ်နဲ့အစာအိမ်မှာ ပြဿနာရှိနေပါပြီ။


health checking






ကျန်းမာရေးနဲ့ပတ်သက်ပြီး ဒါက ယေဘုယျသဘောတရားတွေကို ဖော်ပြထားတာပါ။ ဆရာဝန်နဲ့စမ်းသပ်စစ်ဆေးပြီး တိကျသေချာတဲ့မှတ်ချက်ကတော့ စိတ်အချရဆုံးပါလို့။

Ref#Brightside

ဂျူဂျူး(အခရာ)

www.akhayar.com

Unicode

ဆေးရုံဆေးခန်းသွားဖို့မလို အိမ်ကိုဆရာဝန်ပင့်ဖို့မလိုဘဲ တစ်မိနစ်အတွင်းမှာကိုယ့်ကျန်းမာရေး ကောင်းမကောင်းသိချင်တယ်ဆိုရင် နည်းလမ်းလေးရှိပါတယ်။ ဒီနည်းလမ်းကစမ်းသပ်ရတာလွယ်ကူလျှင်မြန်ပြီးတော့ ကိုယ့်ကျန်းမာရေးကို ယေဘုယျကျကျသိစေမယ့်အရာတွေပါ။ ဟုတ်ပါ့မလားလို့ မယုံကြည်နိုင်ဖြစ်နေသူတွေ လက်တွေ့စမ်းကြည့်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။
(၁) ဇွန်းတစ်ချောင်းကိုယူပြီး လျှာကိုခြစ်ပါ။
(၂) ဒီဇွန်းကို ပလတ်စတစ်အိတ်အကြည်ထဲထည့်ပြီး အလင်းရောင်အောက်မှာထားပါ။ နေရောင် ဒါမှမဟုတ် စားပွဲတင်မီးအိမ်အလင်းရောင်အောက်ဆိုရင်လည်း အဆင်ပြေပါတယ်။
(၃) တစ်မိနစ်ထားပြီး ဇွန်းကိုစစ်ဆေးကြည့်ပါ။
(၄) ဇွန်းဟာ ဘာမှမရှိဘဲသန့်ရှင်းနေတယ် အနံ့အသက်လည်းမရှိဘူးဆိုရင် အတွင်းကလီစာမှာ ဘာပြဿနာမှရှိမနေဘူးလို့ ယေဘုယျသိရှိနိုင်ပါတယ်။
(၅) အဲလိုမဟုတ်ဘဲ ဇွန်းမှာအစွန်းအထင်းလေးတွေရှိနေတယ် အန့ံ့အသက်ကလည်းဆိုးရွားတယ်ဆိုရင် အဆုတ်နဲ့အစာအိမ်မှာ ပြဿနာရှိနေပါပြီ။
(၆) ချိုမြမြအနံ့အသက်ရှိရင် ဆီးချိုသွေးချို ပြဿနာရှိနေနိုင်ပါတယ်။
ဇွန်းမှာပါလာတဲ့ အဖတ်လေးတွေဟာ
(၁) အဖြူ(သို့) အဝါရောင်ရှိတယ်ဆိုရင် သွိုင်းရွိုက်ဂလင်းနဲ့ပတ်သက်လို့ ပြဿနာရှိနေပါပြီ။
(၂) ခရမ်းရောင်ရှိတယ်ဆိုရင် သွေးလည်ပတ်မှုမကောင်း ၊ ကိုလက်စထရော မြင့်မားတဲ့ အဓိပ္ပါယ် ၊ ချောင်းဆိုးရင်ကျပ်ရှိနေတဲ့ သဘောယူဆနိုင်ပါတယ်။
(၃) အဖြူရောင်အနှစ်တွေများတယ်ဆိုရင် အသက်ရှူလမ်းကြောင်းမှာ ပြဿနာရှိနေတာဖြစ်ပါတယ်။
(၄) အဝါရောင်ရှိတယ်ဆိုရင် ကျောက်ကပ်ရောဂါရှိနေနိုင်ပါတယ်။
ဒါက ယေဘုယျသဘောတရားတွေကို ဖော်ပြထားတာပါ။ ဆရာဝန်ရဲ့မှတ်ချက်ကတော့ စိတ်အချရဆုံးပါလို့။