[Zawgyi]

အသက္အငယ္ဆံုး Winner တစ္ေယာက္ေပၚထြက္ လာနိုင္ဖြယ္ရွိတဲ့ Myanmar Idol

ခ်မ္းေျမ႔ေမာင္ခ်ိဳက Top 3 ကို ပါဝင္သြားတာနဲ႔ပတ္သက္လို႔ ေပ်ာ္ရႊင္ရေၾကာင္းကို သူမရဲ ႔လူမႈကြန္ရက္မွာ အခုလိုေဖာ္ျပခဲ့တာျဖစ္ပါတယ္။ သူနဲ႔အတူတူယွဥ္ၿပိဳင္ၾကတဲ့ သူငယ္ခ်င္းေတြထြက္သြားရတာကိုလည္း စိတ္မေကာင္းျဖစ္တယ္ဆိုတာကိုေဖာ္ျပထားပါတယ္။

“ဘာေျပာလို႔ေျပာရမွန္းေတာင္မသိေတာ့ပါဘူး
ေက်းဇူးမ်ားႀကီးတင္ပါတယ္ဗ်ာ
top 3 တဲ့ အိပ္မက္ေတြတကယ္ျဖစ္လာေတာ့မယ္
အိပ္မက္ေတြမက္ခဲ့တယ္
ဒီအိပ္မက္ေတြတကယ္ျဖစ္ေပၚလာေအာင္လက္ေတြ႕အေကာင္ထည္ေဖာ္ႏိုင္ေအာင္ ကူညီေပးခဲ့ၾကတာက
သမီးကိုခ်စ္ေနေပးတဲ့ သမီးရဲ႕ပရိသတ္ႀကီးပါပဲ
ေက်းဇူးမ်ားးး့ႀကီးမ်ားးးႀကီးတင္ပါတယ္ အမ်ားႀကီးးလဲခ်စ္ပါတယ္ ဒီေက်းဇူးေတြမေမ့ပါဘူးဗ်ာ
တေယာက္ခ်င္းဆီတိုင္းကို reply မျပန္ႏိုင္တာလဲခြင့္လႊတ္ပါေနာ္ ….
သမီးအေကာင္းဆံုးႀကိဳးစားပါ့မယ္
serious ထားပါ့မယ္
top 3 ဆိုတဲ့နာမည္နဲ႔လိုက္ေအာင္ႀကိဳးစားသြားပါ့မယ္
ဒီေန႔မထင္မွတ္ထားတာေတြျဖစ္သြားတဲ့အေပၚမွာလဲ
ေတာ္ေတာ္စိတ္မေကာင္းပါဘူူး” ဆိုၿပီးေတာ့ေရးထားတာျဖစ္ပါတယ္။

ေမာင္ခ်ိဳဟာ Myanmar Idol Season 3 မွာ အသက္အငယ္ဆံုး ၿပိဳင္ပြဲဝင္တစ္ေယာက္ျဖစ္ၿပီး မိခင္ျဖစ္သူက အဆိုေတာ္တစ္ဦးျဖစ္ေပမယ့္လို႔လည္း အေမနဲ႔မတူတဲ့ ပံုစံမ်ိဳးေတြနဲ႔ေမာင္ခ်ိဳကို ေတြ႕ရမွာပါလို႔ ပရိသတ္ေတြကို အျမဲေျပာေလ့ရွိသူလည္း ျဖစ္ပါတယ္။

ခ်မ္းေျမ႔ေမာင္ခ်ိဳဟာ အားေပးသူပရိသတ္ေတြ အျပည့္အဝရရွိထားတဲ့ ၿပိဳင္ပြဲဝင္တစ္ဦးျဖစ္သလို အသက္ငယ္တာကတစ္ေၾကာင္း မိန္းကေလးအဆိုရွင္ျဖစ္တာတစ္ေၾကာင္းမို႔ ပရိသတ္ရဲ ႔ခ်စ္ခင္မႈကို အထူးရရွိထားသူတစ္ဦးလို႔လည္း ေျပာလို႔ရပါတယ္။ က်န္ရွိေနတဲ့ ၿပိဳင္ပြဲဝင္သံုးဦးအနက္မွ မိန္းကေလးတစ္ေယာက္ျဖစ္တဲ့ ေမာင္ခ်ိဳပဲ Winner ျဖစ္မလားဆိုတာကေတာ့ အသဲယားစရာပါ။ က်န္နွစ္ေယာက္ျဖစ္တဲ့ ျဖိဳးျမတ္ေအာင္နဲ႔ ေဇာ္ႀကီးတို႕ကလည္း ပရိသတ္ေတြအသီးသီးရွိၾကသူေတြျဖစ္တဲ့ အတြက္ ေနာက္ဆံုးမွာ ဘယ္သူက Winner ျဖစ္မလဲ ဆိုတာကေတာ့ အားေပးသူပရိသတ္ရယ္ သူတို႔ေတြရဲ ႔ ႀကိဳးစားအားထုတ္မႈေတြကိုပဲ ေစာင့္ေမွ်ာ္ၾကည့္ရႈရဦးမွာျဖစ္ပါတယ္။

Photo Credit:ChanMyae MgCho Facebook

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

အသက်အငယ်ဆုံး Winner တစ်ယောက်ပေါ်ထွက် လာနိုင်ဖွယ်ရှိတဲ့ Myanmar Idol

ချမ်းမြေ့မောင်ချိုက Top 3 ကို ပါဝင်သွားတာနဲ့ပတ်သက်လို့ ပျော်ရွှင်ရကြောင်းကို သူမရဲ့လူမှုကွန်ရက်မှာ အခုလိုဖော်ပြခဲ့တာဖြစ်ပါတယ်။ သူနဲ့အတူတူယှဉ်ပြိုင်ကြတဲ့ သူငယ်ချင်းတွေထွက်သွားရတာကိုလည်း စိတ်မကောင်းဖြစ်တယ်ဆိုတာကိုဖော်ပြထားပါတယ်။

“ဘာပြောလို့ပြောရမှန်းတောင်မသိတော့ပါဘူး
ကျေးဇူးများကြီးတင်ပါတယ်ဗျာ
top 3 တဲ့ အိပ်မက်တွေတကယ်ဖြစ်လာတော့မယ်
အိပ်မက်တွေမက်ခဲ့တယ်
ဒီအိပ်မက်တွေတကယ်ဖြစ်ပေါ်လာအောင်လက်တွေ့အကောင်ထည်ဖော်နိုင်အောင် ကူညီပေးခဲ့ကြတာက
သမီးကိုချစ်နေပေးတဲ့ သမီးရဲ့ပရိသတ်ကြီးပါပဲ
ကျေးဇူးများးး့ကြီးများးးကြီးတင်ပါတယ် အများကြီးးလဲချစ်ပါတယ် ဒီကျေးဇူးတွေမမေ့ပါဘူးဗျာ
တယောက်ချင်းဆီတိုင်းကို reply မပြန်နိုင်တာလဲခွင့်လွှတ်ပါနော် ….
သမီးအကောင်းဆုံးကြိုးစားပါ့မယ်
serious ထားပါ့မယ်
top 3 ဆိုတဲ့နာမည်နဲ့လိုက်အောင်ကြိုးစားသွားပါ့မယ်
ဒီနေ့မထင်မှတ်ထားတာတွေဖြစ်သွားတဲ့အပေါ်မှာလဲ
တော်တော်စိတ်မကောင်းပါဘူူး” ဆိုပြီးတော့ရေးထားတာဖြစ်ပါတယ်။

မောင်ချိုဟာ Myanmar Idol Season 3 မှာ အသက်အငယ်ဆုံး ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူက အဆိုတော်တစ်ဦးဖြစ်ပေမယ့်လို့လည်း အမေနဲ့မတူတဲ့ ပုံစံမျိုးတွေနဲ့မောင်ချိုကို တွေ့ရမှာပါလို့ ပရိသတ်တွေကို အမြဲပြောလေ့ရှိသူလည်း ဖြစ်ပါတယ်။

ချမ်းမြေ့မောင်ချိုဟာအားပေးသူပရိသတ်တွေ အပြည့်အဝရရှိထားတဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သလို အသက်ငယ်တာကတစ်ကြောင်း မိန်းကလေးအဆိုရှင်ဖြစ်တာတစ်ကြောင်းမို့ ပရိသတ်ရဲ့ချစ်ခင်မှုကို အထူးရရှိထားသူတစ်ဦးလို့လည်း ပြောလို့ရပါတယ်။ ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင်သုံးဦးအနက်မှ မိန်းကလေးတစ်ယောက်ဖြစ်တဲ့ မောင်ချိုပဲ Winner ဖြစ်မလားဆိုတာကတော့ အသဲယားစရာပါ။ ကျန်နှစ်ယောက်ဖြစ်တဲ့ ဖြိုးမြတ်အောင်နဲ့ ဇော်ကြီးတို့ကလည်း ပရိသတ်တွေအသီးသီးရှိကြသူတွေဖြစ်တဲ့ အတွက် နောက်ဆုံးမှာ ဘယ်သူက Winner ဖြစ်မလဲ ဆိုတာကတော့ အားပေးသူပရိသတ်ရယ် သူတို့တွေရဲ့ ကြိုးစားအားထုတ်မှုတွေကိုပဲ စောင့်မျှော်ကြည့်ရှုရဦးမှာဖြစ်ပါတယ်။

Photo Credit:ChanMyae MgCho Facebook

ကြည်သာ (Akhayar)

www.akhayar.com