[Zawgyi]





ပန်းရောင်ခြယ်၊Gfatt ၊ နန်းဆုရတီစိုး ၊ နေတိုး



Stella(Akhayar)

www.akhayar.com

[Unicode]

အတွဲညီညီပွဲတက်ခဲ့ပြန်တဲ့ Gfatt နဲ့ နန်းဆုရတီစိုး ရဲ့ ပုံရိပ်များ

ုလတ်တလောလူမှုကွန်ရက်ပေါ်မှာ လူငယ်ပရိသတ်တွေရဲ့ သဘောကျနှစ်ခြိုက်မှုတွေရရှိထားတဲ့ အနုပညာရှင်စုံတွဲလေးကို ပြောပါဆိုရင် မနဲ့ မောင် ချစ်ဇာတ်လမ်လေးဖြစ်တဲ့ Gfatt နဲ့ နန်းဆုရတီစိုး ကို ပြေးမြင်မိကြမယ်ထင်ပါတယ်။


အသက်အနည်းငယ်ကွာပေမယ့် ရှေ့သွားနောက်လိုက်ညီပြီး အရွှန်းဖောက်တတ်တာကြောင့် သူတို့စုံတွဲရဲ့ အချစ်ရေးအခြေအနေကတော့ မြင်ရသူတိုင်းကို အားကျစေတဲ့အထိပါပဲ။ အဆိုတော် Gfatt နဲ့ မင်းသမီးချောလေး နန်းဆုရတီစိုးဟာ သြဂုတ်လ(၁၈)ရက်နေ့က Samsung Galaxy Note9 မိတ်ဆက်ပွဲကို ဖက်ရှင်အမိုက်စားနဲ့ အတွဲညီညီတက်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနေ့က သူတို့စုံတွဲရဲ့ ပွဲတက်ပုံရိပ်တွေဟာ လူမှုကွန်ရက်မှာ ရေပန်းစားနေပြီး ပရိသတ်တွေကတော့ အချစ်ပိုနေရပါတယ်။

ပန်းရောင်ခြယ်၊Gfatt ၊ နန်းဆုရတီစိုး ၊ နေတိုး

အနုပညာလောကမှာ ကိုယ်စီကိုယ်စီ အောင်မြင်မှုမှတ်တိုင်စိုက်ထူထားကြသလို သီချင်းတွေမှာလည်းအတူတူသရုပ်ဆောင်ထားတာမို့ တကယ့်ကို ဝါသနာတူတဲ့ အနုပညာရှင်စုံတွဲလေးပါပဲ။

Photos Credit- NansuYati Soe, Alin Yaung

Stella(Akhayar)

www.akhayar.com