[Zawgyi]

အဖြဲ႔သက္တမ္း ရွစ္ႏွစ္ျပည့္သြားျပီျဖစ္တဲ႔ ပ်ိဳေမတို႔ရဲ႕ ‘One Direction’

‘One Direction’ အဖြဲ႔သားေတြဟာ သူတို႔အဖြဲ႔ ဖြဲ႔႔စည္းတာ ၈ နွစ္ေျမာက္တဲ့အထိမ္းအမွတ္အေနနဲ႔ သူတို႔ကို ေတာက္ေလွ်ာက္အားေပးလာၾကတဲ့ ပရိသတ္ေတြကို ေက်းဇူးတင္စကား အသီးသီးဆိုခဲ့ပါတယ္။

One Direction အဖြဲ႔သားေတြ စံုစုံညီညီ

One Direction အဖြဲ႔သားေတြ စံုစုံညီညီ

Harry Styles ၊ Louis Tomlinson ၊ Niall Horan ၊ Liam Payne နဲ႔ Zayn Malik တို႔ကို ၂၀၁၀ ခုႏွစ္က ‘The X Factor’ ျပိဳင္ပြဲမွာ Simon Cowell က ဖြဲ႔စည္းေပးခဲ့တာ ျဖစ္ျပီး ၂၀၁၅ ခုႏွစ္မွာ Zayn Malik က အဖြဲ႔ကေန ထြက္သြားခဲ့ပါတယ္။

သူတို႔ငါးေယာက္ကို Simon တစ္ေယာက္ X Factor စင္ေပၚေခၚခဲ့တုန္းက

သူတို႔ငါးေယာက္ကို Simon တစ္ေယာက္ X Factor စင္ေပၚေခၚခဲ့တုန္းက

One Direction နဲ႔ Simon Cowell

One Direction နဲ႔ Simon Cowell

ဇူလိုင္လ ၂၃ ရက္၊ တနလၤာေန႔က သူတို႔အဖြဲ႔ရဲ႕ ၈ႏွစ္ေျမာက္အထိမ္းအမွတ္အျဖစ္ သူတို႔ရဲ႕ ေပါက္သီခ်င္းစာသားေတြနဲ႔အတူ #8YearsOfOneDirection ဆုိတဲ့ Hashtag နဲ႔ တင္ခဲ့ၾကတာပါ။

ဖြဲ႔႔စည္းျပီး ၄ ႏွစ္အၾကာ ဝင္ဘေလကြင္းမွာ ေဖ်ာ္ေျဖေနတဲ့ One Direction

ဖြဲ႔႔စည္းျပီး ၄ ႏွစ္အၾကာ ဝင္ဘေလကြင္းမွာ ေဖ်ာ္ေျဖေနတဲ့ One Direction

Liam ကေတာ့ “ကိုယ့္ညီအစ္ကိုေတြနဲ႔ အတူရွိခဲ့ရတဲ့ အံ့ၾသစရာ ၈ႏွစ္သက္တမ္းပါပဲ။ အခုခ်ိန္ထိ ကၽြန္ေတာ္တို႔ကို အားေပးေနတဲ့ ပရိသတ္ေတြအားလံုးကိုလည္း ေက်းဇူးတင္ပါတယ္” လို႔ ဆုိပါတယ္။

Zayn မရွိေတာ့တဲ့ One Direction

Zayn မရွိေတာ့တဲ့ One Direction

Louis ကေတာ့ အခ်ိန္ေတြ အကုန္ျမန္တာကို မယံုႏုိင္ျဖစ္ေနျပီး “ဘယ္လို အခ်ိန္ေတြ ကုန္သြားမွန္းေတာင္ မသိလိုက္ဘူး။ အခုခ်ိန္ထိ ကၽြန္ေတာ္တို႔ကို အားေပးေနတဲ့ အေယာက္စီတုိင္းကို ေက်းဇူးတင္ပါတယ္”လို႔ Twitter မွာ တင္ခဲ့ပါတယ္။

Zayn မရွိေတာ့တဲ့ One Direction

Zayn မရွိေတာ့တဲ့ One Direction

Niall ကလည္း “ဒီလူေတြနဲ႔ အတူရွိေနတဲ့ ၈နွစ္တာ အေကာင္းဆံုး အမွတ္တရေတြခ်ည္းပါပဲ၊ ကၽြန္ေတာ္တိုနဲ႔အတူ အျမဲရွိေနေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္” လို႔ Tweet လုပ္ခဲ့ပါတယ္။

၂၀၁၅ ခုႏွစ္မွာ Zayn ထြက္သြားျပီးတည္းက တျခားအဖြဲ႔ဝင္ေတြဟာလည္း ကိုယ့္လမ္းေၾကာင္းနဲ႔ ကိုယ္ တစ္ကိုယ္ေတာ္ သီဆိုေဖ်ာ္ေျဖမႈေတြ လုပ္ခဲ့ၾကျပီး သူတုိ႔ရဲ႕ ပရိသတ္ေတြအားလံုးကေတာ့ ‘One Direction’ အဖြဲ႔ အနာဂတ္မွာ ျပန္လည္ေပါင္းစည္းႏုိင္မလားဆိုတာကို စိတ္ဝင္စားေနၾကပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : www.helenair.com
[Unicode]

အဖွဲ့သက်တမ်း ရှစ်နှစ်ပြည့်သွားပြီဖြစ်တဲ့ ပျိုမေတို့ရဲ့ ‘One Direction’

‘One Direction’ အဖွဲ့သားတွေဟာ သူတို့အဖွဲ့ ဖွဲ့စည်းတာ ၈ နှစ်မြောက်တဲ့အထိမ်းအမှတ်အနေနဲ့ သူတို့ကို တောက်လျှောက်အားပေးလာကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကား အသီးသီးဆိုခဲ့ပါတယ်။

One Direction အဖွဲ့သားတွေ စုံစုံညီညီ

One Direction အဖွဲ့သားတွေ စုံစုံညီညီ

Harry Styles ၊ Louis Tomlinson ၊ Niall Horan ၊ Liam Payne နဲ့ Zayn Malik တို့ကို ၂၀၁၀ ခုနှစ်က ‘The X Factor’ ပြိုင်ပွဲမှာ Simon Cowell က ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ Zayn Malik က အဖွဲ့ကနေ ထွက်သွားခဲ့ပါတယ်။

သူတို့ငါးယောက်ကို Simon တစ်ယောက် X Factor စင်ပေါ်ခေါ်ခဲ့တုန်းက

သူတို့ငါးယောက်ကို Simon တစ်ယောက် X Factor စင်ပေါ်ခေါ်ခဲ့တုန်းက

One Direction နဲ့ Simon Cowell

One Direction နဲ့ Simon Cowell

ဇူလိုင်လ ၂၃ ရက်၊ တနင်္လာနေ့က သူတို့အဖွဲ့ရဲ့ ၈နှစ်မြောက်အထိမ်းအမှတ်အဖြစ် သူတို့ရဲ့ ပေါက်သီချင်းစာသားတွေနဲ့အတူ #8YearsOfOneDirection ဆိုတဲ့ Hashtag နဲ့ တင်ခဲ့ကြတာပါ။

ဖွဲ့စည်းပြီး ၄ နှစ်အကြာ ဝင်ဘလေကွင်းမှာ ဖျော်ဖြေနေတဲ့ One Direction

ဖွဲ့စည်းပြီး ၄ နှစ်အကြာ ဝင်ဘလေကွင်းမှာ ဖျော်ဖြေနေတဲ့ One Direction

Liam ကတော့ “ကိုယ့်ညီအစ်ကိုတွေနဲ့ အတူရှိခဲ့ရတဲ့ အံ့သြစရာ ၈နှစ်သက်တမ်းပါပဲ။ အခုချိန်ထိ ကျွန်တော်တို့ကို အားပေးနေတဲ့ ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။

Zayn မရှိတော့တဲ့ One Direction

Zayn မရှိတော့တဲ့ One Direction

Louis ကတော့ အချိန်တွေ အကုန်မြန်တာကို မယုံနိုင်ဖြစ်နေပြီး “ဘယ်လို အချိန်တွေ ကုန်သွားမှန်းတောင် မသိလိုက်ဘူး။ အခုချိန်ထိ ကျွန်တော်တို့ကို အားပေးနေတဲ့ အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်”လို့ Twitter မှာ တင်ခဲ့ပါတယ်။

Zayn မရှိတော့တဲ့ One Direction

Zayn မရှိတော့တဲ့ One Direction

Niall ကလည်း “ဒီလူတွေနဲ့ အတူရှိနေတဲ့ ၈နှစ်တာ အကောင်းဆုံး အမှတ်တရတွေချည်းပါပဲ၊ ကျွန်တော်တိုနဲ့အတူ အမြဲရှိနေပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ Tweet လုပ်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ Zayn ထွက်သွားပြီးတည်းက တခြားအဖွဲ့ဝင်တွေဟာလည်း ကိုယ့်လမ်းကြောင်းနဲ့ ကိုယ် တစ်ကိုယ်တော် သီဆိုဖျော်ဖြေမှုတွေ လုပ်ခဲ့ကြပြီး သူတို့ရဲ့ ပရိသတ်တွေအားလုံးကတော့ ‘One Direction’ အဖွဲ့ အနာဂတ်မှာ ပြန်လည်ပေါင်းစည်းနိုင်မလားဆိုတာကို စိတ်ဝင်စားနေကြပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : www.helenair.com