[Zawgyi]

အသင္းတစ္သင္းတည္းအတြက္ အရာအားလံုးေပးဆပ္ခဲ႔ၾကသူမ်ား (သို႔) One Club Players (၃)

ပရိသတ္ေတြအတြက္ One Club Players ေတြရဲ႕အေၾကာင္းကို ေဖာ္ျပေပးခဲ႔တာ အခုဆိုအပိုင္း(၃)အထိ ေရာက္ရိွလာခဲ႔ပါျပီ။ အပိုင္း(၃)မွာေတာ႔ One Club Players ေတြျဖစ္ၾကတဲ႔ မန္ယူအသင္းရဲ႕ ဂႏၳ၀င္ကစားသမား ႐ိြဳင္ယန္ဂစ္ Ryan Giggs နဲ႔ ေပါလ္စခိုးလ္ Paul Scholes တို႔အေၾကာင္းကို ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

(၁) ႐ိြဳင္ယန္ဂစ္ Ryan Giggs

Ryan-Giggs

Ryan-Giggs

မန္ယူအသင္းရဲ႕ ဂႏၳ၀င္ကြင္းလယ္ေတာင္ပံကစားသမား ႐ိြဳင္ယန္ဂစ္ ဟာ လူငယ္ကစားသမားဘ၀ကို မန္စီးတီးလူငယ္အသင္းနဲ႔ စတင္ခဲ႔သူပါ။ ၁၉၈၇ ခုႏွစ္အေရာက္မွာေတာ႔ ႐ိြဳင္ယန္ဂစ္ ဟာ မန္ယူလူငယ္အသင္းကို ေရာက္ရိွလာခဲ႔ျပီး ၁၉၉၀ ခုႏွစ္မွာေတာ႔ မန္ယူစီနီယာအသင္းၾကီးကို ေရာက္ရိွခဲ႔ပါတယ္။ ႐ိြဳင္ယန္ဂစ္ ဟာ မန္ယူအသင္းရဲ႕ ၁၉၉၂ ေရႊေရာင္မ်ိဳးဆက္ ကစားသမားေတြထဲက တစ္ဦးျဖစ္ျပီး ၁၉၉၁ – ၁၉၉၂ ေဘာလံုးရာသီမွာပဲ အသင္းအတြက္ပံုမွန္ကစားခြင္႔ စတင္ရရိွခဲ႔ပါတယ္။ ႐ိြဳင္ယန္ဂစ္ ရဲ႕ ဘယ္ေတာင္ပံကေန လ်င္ျမန္တဲ႔ေျပးအား ၊ ေဘာလံုးက်ြမ္းက်င္မႈ စတဲ႔အရာေတြဟာ ျပိဳင္ဘက္ေနာက္ခံလူေတြ အတြက္ အိပ္မက္ဆိုးေတြျဖစ္ခဲ႔ပါတယ္။ မန္ယူအသင္း ပရီးမီးယားလိဂ္ကို ၾကီးစိုးထားတဲ႔အခ်ိန္က ႐ိြဳင္ယန္ဂစ္ ဟာ အသင္းမွာ အဓိကေနရာကေနပါ၀င္ခဲ႔သူပါ။ ႐ိြဳင္ယန္ဂစ္ဟာ မန္ယူအသင္းမွာ ကစားသမားဘ၀အနားယူခဲ႔တဲ႔ ၂၀၁၄ ခုႏွစ္အထိ (၂၇)ႏွစ္ၾကာကစားခဲ႔ျပီး အသင္းရဲ႕ပြဲစဥ္တခ်ိဳ႕မွာလည္း အသင္းေခါင္းေဆာင္အျဖစ္ တာ၀န္ယူခဲ႔သလို အသင္းနဲ႔အတူ ဆုဖလားေအာင္ျမင္မႈမ်ားစြာ ရရိွခဲ႔ပါတယ္။

႐ိြဳင္ယန္ဂစ္ Ryan Giggs ရဲ႕ မန္ယူကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

Premier League: 1992–93, 1993–94, 1995–96, 1996–97, 1998–99, 1999–2000, 2000–01, 2002–03, 2006–07, 2007–08, 2008–09, 2010–11, 2012–13
FA Cup: 1993–94, 1995–96, 1998–99, 2003–04
Football League Cup: 1991–92, 2005–06, 2008–09
FA Community Shield: 1993, 1994, 1996, 1997, 2003, 2007, 2008, 2010, 2013
UEFA Champions League: 1998–99, 2007–08
UEFA Super Cup: 1991
Intercontinental Cup: 1999
FIFA Club World Cup: 2008

(၂) ေပါလ္စခိုးလ္ Paul Scholes

Paul-Scholes

Paul-Scholes

မန္ယူအသင္းရဲ႕ ဂႏၳ၀င္ကြင္းလယ္ကစားသမား  ေပါလ္စခိုးလ္ ဟာ လူငယ္ကစားသမားဘ၀ကို မန္ယူလူငယ္အသင္းမွာ ၁၉၉၁ ခုႏွစ္ကစတင္ခဲ႔ျပီး ၁၉၉၃ ခုႏွစ္အေရာက္မွာေတာ႔ မန္ယူစီနီယာအသင္းၾကီးကို ေရာက္ရိွခဲ႔ပါတယ္။ ေပါလ္စခိုးလ္ဟာ မန္ယူအသင္းမွာ ၁၉၉၅ – ၁၉၉၆ ေဘာလံုးရာသီအေရာက္မွာ ပံုမွန္ကစားခြင္႔စတင္ရရိွခဲ႔ျပီး မန္ယူအသင္းရဲ႕ ၁၉၉၂ ေရႊေရာင္မ်ိဳးဆက္ ကစားသမားေတြထဲက တစ္ေယာက္လည္းျဖစ္ပါတယ္။  ေပါလ္စခိုးလ္ ရဲ႕ ေကာင္းမြန္တဲ႔ အေ၀းကန္ခ်က္ေတြနဲ႔ ေဘာလံုးျဖန္႔ေ၀ပံုေတြဟာ ပရိသတ္ေတြအၾကိဳက္ ျဖစ္ခဲ႔တာပါ။  ေပါလ္စခိုးလ္ ဟာ ကစားသမားဘ၀ကေန ၂၀၁၁ ခုႏွစ္မွာ အနားယူခဲ႔ေပမယ္႔ မန္ယူအသင္းရဲ႕ကြင္းလယ္ပိုင္း လိုအပ္ခ်က္ေၾကာင္႔ ၂၀၁၂ ကေန ၂၀၁၃ ထိျပန္လည္ကစားေပးခဲ႔ပါတယ္။ မန္ယူအသင္းမွာပဲ  ေပါလ္စခိုးလ္ ဟာ သူ႔ရဲ႕ကစားသမားဘ၀ တစ္ခုလံုးကို ျမဳပ္ႏံွခဲ႔ျပီး အသင္းမွာ (၂၁)ႏွစ္ေက်ာ္ၾကာ ကစားခဲ႔သလို အသင္းနဲ႔အတူ ဆုဖလားေအာင္ျမင္မႈမ်ားစြာ ရရိွခဲ႔ပါတယ္။

 ေပါလ္စခိုးလ္ Paul Scholes ရဲ႕ မန္ယူကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

Premier League: 1995–96, 1996–97, 1998–99, 1999–2000, 2000–01, 2002–03, 2006–07, 2007–08, 2008–09, 2010–11, 2012–13
FA Cup: 1995–96, 1998–99, 2003–04
Football League Cup: 2008–09, 2009–10
FA Charity Shield/FA Community Shield: 1996, 1997, 2003, 2008, 2010
UEFA Champions League: 1998–99, 2007–08
Intercontinental Cup: 1999
FIFA Club World Cup: 2008

One Club Players ေတြ အမ်ားၾကီးရိွတဲ႔အထဲက ပရိသတ္ေတြနဲ႔ ရင္းႏီွးတဲ႔ ကစားသမားေတြကို ေရြးခ်ယ္ၿပီး အပိုင္း(၃)ပိုင္းနဲ႔ ေဖာ္ျပေပးခဲ႔တာ ျဖစ္ပါတယ္။ ပရိသတ္ေတြလည္း ေက်နပ္ၾကလိမ္႔မယ္လို႔ ယံုၾကည္မိပါတယ္။ ဒီေန႔ေခတ္ ေဘာလံုးေလာကမွာေတာ႔ One Club Players ဆိုတာ မရိွသေလာက္ရွားသြားျပီလို႔ပဲ ေျပာရမွာပါ။

Ref: wikipedia
Photo: Evening Standard , 101 Great Goals , JOE.co.uk
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အသင်းတစ်သင်းတည်းအတွက် အရာအားလုံးပေးဆပ်ခဲ့ကြသူများ (သို့) One Club Players (၃)

ပရိသတ်တွေအတွက် One Club Players တွေရဲ့အကြောင်းကို ဖော်ပြပေးခဲ့တာ အခုဆိုအပိုင်း(၃)အထိ ရောက်ရှိလာခဲ့ပါပြီ။ အပိုင်း(၃)မှာတော့ One Club Players တွေဖြစ်ကြတဲ့ မန်ယူအသင်းရဲ့ ဂန္ထဝင်ကစားသမား ရွိုင်ယန်ဂစ် Ryan Giggs နဲ့ ပေါလ်စခိုးလ် Paul Scholes တို့အကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၁) ရွိုင်ယန်ဂစ် Ryan Giggs

Ryan-Giggs

Ryan-Giggs

မန်ယူအသင်းရဲ့ ဂန္ထဝင်ကွင်းလယ်တောင်ပံကစားသမား ရွိုင်ယန်ဂစ် ဟာ လူငယ်ကစားသမားဘဝကို မန်စီးတီးလူငယ်အသင်းနဲ့ စတင်ခဲ့သူပါ။ ၁၉၈၇ ခုနှစ်အရောက်မှာတော့ ရွိုင်ယန်ဂစ် ဟာ မန်ယူလူငယ်အသင်းကို ရောက်ရှိလာခဲ့ပြီး ၁၉၉၀ ခုနှစ်မှာတော့ မန်ယူစီနီယာအသင်းကြီးကို ရောက်ရှိခဲ့ပါတယ်။ ရွိုင်ယန်ဂစ် ဟာ မန်ယူအသင်းရဲ့ ၁၉၉၂ ရွှေရောင်မျိုးဆက် ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ၁၉၉၁ – ၁၉၉၂ ဘောလုံးရာသီမှာပဲ အသင်းအတွက်ပုံမှန်ကစားခွင့် စတင်ရရှိခဲ့ပါတယ်။ ရွိုင်ယန်ဂစ် ရဲ့ ဘယ်တောင်ပံကနေ လျင်မြန်တဲ့ပြေးအား ၊ ဘောလုံးကျွမ်းကျင်မှု စတဲ့အရာတွေဟာ ပြိုင်ဘက်နောက်ခံလူတွေ အတွက် အိပ်မက်ဆိုးတွေဖြစ်ခဲ့ပါတယ်။ မန်ယူအသင်း ပရီးမီးယားလိဂ်ကို ကြီးစိုးထားတဲ့အချိန်က ရွိုင်ယန်ဂစ် ဟာ အသင်းမှာ အဓိကနေရာကနေပါဝင်ခဲ့သူပါ။ ရွိုင်ယန်ဂစ်ဟာ မန်ယူအသင်းမှာ ကစားသမားဘဝအနားယူခဲ့တဲ့ ၂၀၁၄ ခုနှစ်အထိ (၂၇)နှစ်ကြာကစားခဲ့ပြီး အသင်းရဲ့ပွဲစဉ်တချို့မှာလည်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သလို အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။

ရွိုင်ယန်ဂစ် Ryan Giggs ရဲ့ မန်ယူကစားသမားဘ၀ အောင်မြင်မှုများ

Premier League: 1992–93, 1993–94, 1995–96, 1996–97, 1998–99, 1999–2000, 2000–01, 2002–03, 2006–07, 2007–08, 2008–09, 2010–11, 2012–13
FA Cup: 1993–94, 1995–96, 1998–99, 2003–04
Football League Cup: 1991–92, 2005–06, 2008–09
FA Community Shield: 1993, 1994, 1996, 1997, 2003, 2007, 2008, 2010, 2013
UEFA Champions League: 1998–99, 2007–08
UEFA Super Cup: 1991
Intercontinental Cup: 1999
FIFA Club World Cup: 2008

(၂) ပေါလ်စခိုးလ် Paul Scholes

Paul-Scholes

Paul-Scholes

မန်ယူအသင်းရဲ့ ဂန္ထဝင်ကွင်းလယ်ကစားသမား  ပေါလ်စခိုးလ် ဟာ လူငယ်ကစားသမားဘဝကို မန်ယူလူငယ်အသင်းမှာ ၁၉၉၁ ခုနှစ်ကစတင်ခဲ့ပြီး ၁၉၉၃ ခုနှစ်အရောက်မှာတော့ မန်ယူစီနီယာအသင်းကြီးကို ရောက်ရှိခဲ့ပါတယ်။ ပေါလ်စခိုးလ်ဟာ မန်ယူအသင်းမှာ ၁၉၉၅ – ၁၉၉၆ ဘောလုံးရာသီအရောက်မှာ ပုံမှန်ကစားခွင့်စတင်ရရှိခဲ့ပြီး မန်ယူအသင်းရဲ့ ၁၉၉၂ ရွှေရောင်မျိုးဆက် ကစားသမားတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။  ပေါလ်စခိုးလ် ရဲ့ ကောင်းမွန်တဲ့ အဝေးကန်ချက်တွေနဲ့ ဘောလုံးဖြန့်ဝေပုံတွေဟာ ပရိသတ်တွေအကြိုက် ဖြစ်ခဲ့တာပါ။  ပေါလ်စခိုးလ် ဟာ ကစားသမားဘဝကနေ ၂၀၁၁ ခုနှစ်မှာ အနားယူခဲ့ပေမယ့် မန်ယူအသင်းရဲ့ကွင်းလယ်ပိုင်း လိုအပ်ချက်ကြောင့် ၂၀၁၂ ကနေ ၂၀၁၃ ထိပြန်လည်ကစားပေးခဲ့ပါတယ်။ မန်ယူအသင်းမှာပဲ  ပေါလ်စခိုးလ် ဟာ သူ့ရဲ့ကစားသမားဘ၀ တစ်ခုလုံးကို မြုပ်နံှခဲ့ပြီး အသင်းမှာ (၂၁)နှစ်ကျော်ကြာ ကစားခဲ့သလို အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။

 ပေါလ်စခိုးလ် Paul Scholes ရဲ့ မန်ယူကစားသမားဘ၀ အောင်မြင်မှုများ

Premier League: 1995–96, 1996–97, 1998–99, 1999–2000, 2000–01, 2002–03, 2006–07, 2007–08, 2008–09, 2010–11, 2012–13
FA Cup: 1995–96, 1998–99, 2003–04
Football League Cup: 2008–09, 2009–10
FA Charity Shield/FA Community Shield: 1996, 1997, 2003, 2008, 2010
UEFA Champions League: 1998–99, 2007–08
Intercontinental Cup: 1999
FIFA Club World Cup: 2008

One Club Players တွေ အများကြီးရှိတဲ့အထဲက ပရိသတ်တွေနဲ့ ရင်းနှီးတဲ့ ကစားသမားတွေကို ရွေးချယ်ပြီး အပိုင်း(၃)ပိုင်းနဲ့ ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကျေနပ်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ဒီနေ့ခေတ် ဘောလုံးလောကမှာတော့ One Club Players ဆိုတာ မရှိသလောက်ရှားသွားပြီလို့ပဲ ပြောရမှာပါ။

Ref: wikipedia
Photo: Evening Standard , 101 Great Goals , JOE.co.uk
Ko Kyue(Akhayar)
www.akhayar.com