[Zawgyi]

UFC ကစားသမားေဟာင္း Yoshihiro Akiyama နဲ႔ စာခ်ဳပ္ခဲ့တဲ့ ONE Championship

အာရွတုိက္ရဲ႕ အေအာင္ျမင္ဆုံးသုိင္းေပါင္းစုံအဖြဲ႕အစည္း ONE Championship ဟာ UFC ကစားသမားေဟာင္း Yoshihiro Akiyama နဲ႔ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့တဲ့အေၾကာင္း ႏုိဝင္ဘာလ (၂၉) ရက္ေန႔မွာ တရားဝင္ေၾကညာခဲ့ပါတယ္။ ေၾကးစားဘဝမွာ (၂၂) ပြဲထုိးသတ္ခဲ့ၿပီး (၁၄) ပြဲႏုိင္ (၆) ပြဲရႈံးရလဒ္ကုိ ပုိင္ဆုိင္ထားပါတယ္။ (မွတ္ခ်က္ – ပြဲပ်က္ = ၂ ပြဲ)

ကမၻာ့အဆင့္တန္းအျမင့္ဆုံးသုိင္းေပါင္းစုံအဖြဲ႕ အစည္း UFC မွာ (၇) ပြဲထုိးသတ္ဖူးၿပီး (၂) ပြဲႏုိင္ (၅) ပြဲရႈံး ရလဒ္ကုိ ပုိင္ဆုိင္ထားပါတယ္။ ၂ဝ၁၅ခုႏွစ္ ႏုိဝင္ဘာလ (၂၈) ရက္ေန႔မွာ ေနာက္ဆုံးထုိးသတ္ထားၿပီး Alberto Mina ကုိ ရႈံးနိမ့္ခဲ့ထားပါတယ္။ သံဇကာဝုိင္းထဲမွာ ကာလအတန္ၾကာအနားယူခဲ့ၿပီး လက္ရွိအခ်ိန္မွာ ONE Championship နဲ႔ လက္တြဲခဲ့တယ္လုိ႔ ဆုိရမွာပါ။

Yoshihiro Akiyama ဟာ (၄၃) ႏွစ္ရွိလာၿပီျဖစ္ၿပီး ကစားသမားဘဝရဲ႕ ေနဝင္ခ်ိန္လုိ႔ ဆုိႏုိင္ပါတယ္။ Yoshihiro Akiyama ဟာ အရပ္အျမင့္ ၅ေပ၁ဝလက္မရွိၿပီး UFC ၿပိဳင္ပြဲေတြမွာ မစ္ဒယ္ဝိတ္တန္းမွာ ထုိးသတ္ခဲ့ေပမယ့္ ONE Championship မွာေတာ့ ဘယ္ဝိတ္တန္းမွာ ထုိးသတ္မယ္လုိ႔ မေၾကညာေသးပါဘူး။ တကယ္လုိ႔ မစ္ဒယ္ဝိတ္တန္းမွာ ထုိးသတ္မယ္ဆုိရင္ Aung La N Sang အတြက္ ၿပိဳင္ဘက္တစ္ေယာက္တုိးလာၿပီလုိ႔ ဆုိရမွာပါ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

UFC ကစားသမားဟောင်း Yoshihiro Akiyama နဲ့ စာချုပ်ခဲ့တဲ့ ONE Championship

အာရှတိုက်ရဲ့ အအောင်မြင်ဆုံးသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship ဟာ UFC ကစားသမားဟောင်း Yoshihiro Akiyama နဲ့ စာချုပ်ချုပ်ဆိုခဲ့တဲ့အကြောင်း နိုဝင်ဘာလ (၂၉) ရက်နေ့မှာ တရားဝင်ကြေညာခဲ့ပါတယ်။ ကြေးစားဘဝမှာ (၂၂) ပွဲထိုးသတ်ခဲ့ပြီး (၁၄) ပွဲနိုင် (၆) ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ (မှတ်ချက် – ပွဲပျက် = ၂ ပွဲ)

ကမ္ဘာ့အဆင့်တန်းအမြင့်ဆုံးသိုင်းပေါင်းစုံအဖွဲ့ အစည်း UFC မှာ (၇) ပွဲထိုးသတ်ဖူးပြီး (၂) ပွဲနိုင် (၅) ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ ၂ဝ၁၅ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့မှာ နောက်ဆုံးထိုးသတ်ထားပြီး Alberto Mina ကို ရှုံးနိမ့်ခဲ့ထားပါတယ်။ သံဇကာဝိုင်းထဲမှာ ကာလအတန်ကြာအနားယူခဲ့ပြီး လက်ရှိအချိန်မှာ ONE Championship နဲ့ လက်တွဲခဲ့တယ်လို့ ဆိုရမှာပါ။

Yoshihiro Akiyama ဟာ (၄၃) နှစ်ရှိလာပြီဖြစ်ပြီး ကစားသမားဘဝရဲ့ နေဝင်ချိန်လို့ ဆိုနိုင်ပါတယ်။ Yoshihiro Akiyama ဟာ အရပ်အမြင့် ၅ပေ၁ဝလက်မရှိပြီး UFC ပြိုင်ပွဲတွေမှာ မစ်ဒယ်ဝိတ်တန်းမှာ ထိုးသတ်ခဲ့ပေမယ့် ONE Championship မှာတော့ ဘယ်ဝိတ်တန်းမှာ ထိုးသတ်မယ်လို့ မကြေညာသေးပါဘူး။ တကယ်လို့ မစ်ဒယ်ဝိတ်တန်းမှာ ထိုးသတ်မယ်ဆိုရင် Aung La N Sang အတွက် ပြိုင်ဘက်တစ်ယောက်တိုးလာပြီလို့ ဆိုရမှာပါ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com