This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အေမရိကန္နဲ႔ ေျခစမ္းပြဲမွာ ဦးေခါင္းကြဲ ဒဏ္ရာရရွိခဲ့တဲ့ ျပင္သစ္တိုက္စစ္မွဴး ဂ်ရူး

ၿပီးခဲ့တဲ့ စေနေန႔က ကစားခဲ့တဲ့ အေမရိကန္အသင္းနဲ႔ ေျခစမ္းပြဲစဥ္မွာ ျပင္သစ္တိုက္စစ္မွဴး ဂ်ရူး Giroud ဦးေခါင္းကဲြ ဒဏ္ရာ ရရွိခဲ့ပါတယ္။ အေမရိကန္အသင္းရဲ႕ လူငယ္ေနာက္ခံလူ မီယက္ဇ္ဂါ Miazga နဲ႔ ေဘာလံုးယွဥ္လုရမွ ေခါင္းခ်င္း ျပင္းထန္စြာ တိုက္မိခဲ့ၿပီး ကစားသမား (၂)ဦးစလံုး ေသြးသံတရဲရဲနဲ႔ ဦးေခါင္းကြဲ ဒဏ္ရာ ရရွိခဲ့တာ ျဖစ္ပါတယ္။ ပြဲကစားခ်ိန္ (၅၈)မိနစ္မွာ ဦးေခါင္းကြဲဒဏ္ရာေၾကာင့္ တိုက္စစ္မွဴး ဂ်ရူး Giroud ကို လူငယ္ ကစားသမား တစ္ဦးျဖစ္တဲ့ ဒမ္ဘီလီ Dembele နဲ႔ နည္းျပ ဒက္ခ်မ့္ပ္ Deschamp က လူစားလဲခဲ့ပါတယ္။ ဂ်ရူး Giroud နဲ႔ တိုက္မိခဲ့တဲ့ အေမရိကန္ လူငယ္ေနာက္ခံလူ မီယက္ဇ္ဂါ Miazga ကိုလည္း လူငယ္ ကစားသမားတစ္ဦးျဖစ္တဲ့ ဘေရာင္း Brown နဲ႔ လူစားလဲခဲ့ရပါတယ္။

Giroud-suffers-bloodied-head-injury-days-before-World-Cup

Giroud-suffers-bloodied-head-injury-days-before-World-Cup

ကမၻာ႔ဖလား ေျခစမ္းပြဲ မတိုင္ခင္ ျပင္သစ္အသင္းရဲ႕ ေနာက္ဆံုး ေျခစမ္းပြဲအျဖစ္ အေမရိကန္အသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ (၁-၁)ဂိုးစီ သေရရလဒ္နဲ႔ ၿပီးဆံုးခဲ့ပါတယ္။ ကမၻာ႔ဖလား ေျခစစ္ပြဲ ေအာင္ျမင္ခဲ့ျခင္းမရွိတဲ့ အေမရိကန္အသင္းရဲ႕ ဦးေဆာင္ဂိုး သြင္းယူျခင္းကို ခံခဲ့ရၿပီး လူငယ္တိုက္စစ္ ကစားသမား ဘာေပ Mbappe ရဲ႕ ေနာက္က် ေခ်ပဂိုးေၾကာင့္သာ ျပင္သစ္အသင္း သေရရလဒ္ကို ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ လာမယ့္ ဇြန္လ (၁၆)ရက္ေန႔မွာ ျပင္သစ္အသင္းရဲ႕ အုပ္စုအဖြင့္ပြဲစဥ္အျဖစ္ ၾသစေၾတးလ်အသင္းနဲ႔ ယွဥ္ၿပိဳင္ကစား သြားရမွာ ျဖစ္ပါတယ္။

REF:The Sun
Photo:Daily Mail, M.today
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Zawgyi]

အမေရိကန်နဲ့ ခြေစမ်းပွဲမှာ ဦးခေါင်းကွဲ ဒဏ်ရာရရှိခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး ဂျရူး

ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ အမေရိကန်အသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ ပြင်သစ်တိုက်စစ်မှူး ဂျရူး Giroud ဦးခေါင်းကွဲ ဒဏ်ရာ ရရှိခဲ့ပါတယ်။ အမေရိကန်အသင်းရဲ့ လူငယ်နောက်ခံလူ မီယက်ဇ်ဂါ Miazga နဲ့ ဘောလုံးယှဉ်လုရမှ ခေါင်းချင်း ပြင်းထန်စွာ တိုက်မိခဲ့ပြီး ကစားသမား (၂)ဦးစလုံး သွေးသံတရဲရဲနဲ့ ဦးခေါင်းကွဲ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ပွဲကစားချိန် (၅၈)မိနစ်မှာ ဦးခေါင်းကွဲဒဏ်ရာကြောင့် တိုက်စစ်မှူး ဂျရူး Giroud ကို လူငယ် ကစားသမား တစ်ဦးဖြစ်တဲ့ ဒမ်ဘီလီ Dembele နဲ့ နည်းပြ ဒက်ချမ့်ပ် Deschamp က လူစားလဲခဲ့ပါတယ်။ ဂျရူး Giroud နဲ့ တိုက်မိခဲ့တဲ့ အမေရိကန် လူငယ်နောက်ခံလူ မီယက်ဇ်ဂါ Miazga ကိုလည်း လူငယ် ကစားသမားတစ်ဦးဖြစ်တဲ့ ဘရောင်း Brown နဲ့ လူစားလဲခဲ့ရပါတယ်။

Giroud-suffers-bloodied-head-injury-days-before-World-Cup

Giroud-suffers-bloodied-head-injury-days-before-World-Cup

ကမ္ဘာ့ဖလား ခြေစမ်းပွဲ မတိုင်ခင် ပြင်သစ်အသင်းရဲ့ နောက်ဆုံး ခြေစမ်းပွဲအဖြစ် အမေရိကန်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ (၁-၁)ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းမရှိတဲ့ အမေရိကန်အသင်းရဲ့ ဦးဆောင်ဂိုး သွင်းယူခြင်းကို ခံခဲ့ရပြီး လူငယ်တိုက်စစ် ကစားသမား ဘာပေ Mbappe ရဲ့ နောက်ကျ ချေပဂိုးကြောင့်သာ ပြင်သစ်အသင်း သရေရလဒ်ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လာမယ့် ဇွန်လ (၁၆)ရက်နေ့မှာ ပြင်သစ်အသင်းရဲ့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် သြစတြေးလျအသင်းနဲ့ ယှဉ်ပြိုင်ကစား သွားရမှာ ဖြစ်ပါတယ်။

REF:The Sun
Photo:Daily Mail, M.today
Aung Kyaw Wai (Akhayar)
www.akhayar.com