[Zawgyi]

Damaged Hair ေတြအတြက္ အေကာင္းဆုံးေဆး သံလြင္ဆီကို ဒီလိုသုံးမယ္

သၾကၤန္မွာ အမိုက္စားဆံပင္ပုံစံနဲ႔ သူမ်ားေတြထက္လန္းေအာင္ျပင္ဆင္ၿပီး ေကာက္တာ အေရာင္ေတြဆိုးတာ က်စ္ဆံၿမီးေတြက်စ္တာနဲ႔ ဆံပင္ကို ပုံစံမ်ိဳးစုံလုပ္ၾကပါတယ္။ ဒီလို ဆံပင္ကိုနာေအာင္လုပ္မိတဲ့အျပင္ ေနဒဏ္ ေရဒဏ္ေတြေၾကာင့္ ဆံသားက နည္းနည္းမွသည္ ေျခာက္ေသြ႕ၾကမ္းတမ္း ျပတ္က်တဲ့အထိ အမ်ားႀကီးပ်က္စီးႏိုင္ပါတယ္။ သၾကၤန္လည္ၿပီးလို႔ အိမ္ျပန္ေရာက္တဲ့အခါမွာ အမ်ိဳးမ်ိဳးလုပ္ထားတဲ့ ဆံသားကို ရွင္းလို႔မရလို႔ ဆံပင္ေတြအရမ္းကြၽတ္လို႔ စိတ္ေတြညစ္ရတာမ်ိဳး ႀကဳံဖူးၾကမယ္ထင္ပါတယ္။ ဒီႏွစ္မွာ ဒီလိုဒုကၡေတြကင္းရေအာင္ သၾကၤန္လည္ၿပီးလို႔ ျပန္ေရာက္တာနဲ႔ ေခါင္းေသခ်ာေလွ်ာ္ၿပီး အိမ္မွာရွိတဲ့ သံလြင္ဆီကို အသုံးျပဳၿပီး ေပါင္းတင္ျခင္းျဖင့္ ဆံေကသာအလွကို ထိန္းသိမ္းလို႔ရပါတယ္။ အိမ္တိုင္းေဆာင္ထားေလ့ရွိတဲ့ သံလြင္ဆီနဲ႔ မီးဖိုေခ်ာင္သုံးပစၥည္းေတြကို ေပါင္းစပ္ကာ အိမ္မွာ ကိုယ္ပိုင္ေပါင္းေဆးေလးေတြ ဖန္တီးၾကည့္လို႔ရေအာင္ လုပ္ပုံလုပ္နည္းအခ်ိဳု႔ကို ေဝမွ်ေပးလိုက္ပါတယ္။

သံလြင္ဆီရွိ႐ုံနဲ႔ Damage Hair ေတြကို အေကာင္းဆုံးျပဳျပင္ႏိုင္ပါၿပီ

သံလြင္ဆီနဲ႔ မေပါင္းတင္ခင္ သံလြင္ဆီရဲ႕ေကာင္းက်ိဳးကို သိထားရင္ သံလြင္ဆီကို ေကာင္းေကာင္းအသုံးခ်ႏိုင္တာေပါ့။ သံလြင္ဆီမွာ အင္တီေအာက္ဆီဒင့္ေတြ ႂကြယ္ဝစြာပါဝင္လို႔ ဦးေရျပားက်န္းမာေရးကို ေကာင္းမြန္ေစသလို ဆံသားအလြယ္တကူ ပ်က္စီးျခင္းမျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။ ဦးေရျပားေသြးလည္ပတ္မႈကို မွန္ကန္ေစၿပီး ေမြးညင္းေပါက္ထဲအထိပါ အားျဖည့္ေပးလို႔ ဆံသားေျခာက္ေသြ႕ျခင္းနဲ႔ အလြယ္တကူက်ိဳးေၾကျခင္း မျဖစ္ေတာ့ဘဲ ထူထဲနက္ေမွာင္ၿပီး ေပ်ာ့ေပ်ာင္းေတာက္ပတဲ့ ဆံေကသာကို ရရွိေစပါတယ္။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

သံလြင္ဆီနဲ႔ၾကက္ဥ

ၾကက္ဥႏွစ္လုံးရဲ႕အကာနဲ႔ သံလြင္ဆီ စားပြဲတင္ဇြန္းႏွစ္ဇြန္းကို ေရာေႏွာသြားတဲ့အထိေမႊၿပီး ရလာတဲ့အေရာအေႏွာကို ဦးေရျပားနဲ႔ ဆံသားေတြေပၚ သုတ္လိမ္းေပးၿပီး Shower Cap နဲ႔ အုပ္ကာ မိနစ္ ၂၀ ေလာက္ထားေပးပါ။မိနစ္ ၂၀ ၾကာၿပီးတဲ့အခါ ေခါင္းလွ်ာ္ရည္အေပ်ာ့စားကိုသုံးၿပီး ေရေအးေအးေလးနဲ႔ ျပန္ေလွ်ာ္ေပးပါ။ ထိုနည္းအတိုင္း တစ္ပတ္ကို တစ္ႀကိမ္ သို႔ ႏွစ္ႀကိမ္ျပဳလုပ္ေပးရင္ ဦးေရျပား အဆီျပန္လြန္ျခင္းနဲ႔ ဆံပင္ကြၽတ္ျခင္းကို သက္သာေစပါတယ္။ မွန္မွန္ေလးျပဳလုပ္ေပးရင္ ဆံေကသာအတြက္ လိုအပ္တဲ့ အာဟာရဓာတ္ေတြကို ရရွိေစကာ အဆီထြက္မႈွုႏႈန္းကိုလည္း သာမန္အတိုင္း ျဖစ္ေအာင္ ျပန္လည္ထိန္းညႇိေပးပါတယ္။

Olive Oil and Egg

Olive Oil and Egg

သံလြင္ဆီနဲ႔ ၾကက္သြန္ျဖဴ

လတ္ဆတ္တဲ့ ၾကက္သြန္ျဖဴ ၁၀ လုံးနဲ႔ သံလြင္ဆီ ေလးပုံတစ္ပုံကို ေရာေႏွာၿပီး အႏွစ္ျဖစ္တဲ့အထိ ႀကိတ္စက္ထဲ ထည့္ေမႊေပးပါ။ ရလာတဲ့အႏွစ္ထဲကမွ ႏွစ္ဇြန္း သို႔ သုံးဇြန္းကို ယူကာ ဦးေရျပားေပၚမွာ နဲ႔ ဆံႏြယ္ေတြအေပၚ သုတ္လိမ္းေပးပါ။ ၄၅ မိနစ္ေလာက္ထားေပးၿပီးေနာက္ ေခါင္းေလွ်ာ္ရည္ေပ်ာ့ေပ်ာ့ေလးနဲ႔ ေရေအးေအးကိုသုံးကာ ေခါင္းကိုစင္ၾကယ္ေအာင္ ေလွ်ာ္ေပးပါ။ က်န္ရွိတဲ့ အႏွစ္ေတြကို ဘုူးတစ္ဘူးထဲထည့္ကာ ေျခာက္ေသြ႕ၿပီး အလင္းေရာင္နဲ႔ တိုက္႐ိုက္မထိေတြ႕တဲ့ ေနရာမွာ သိမ္းထားေပးပါ။ ဒီေပါင္းတင္နည္းနဲ႔ တစ္ပတ္ကို ႏွစ္ႀကိမ္ သို႔ သုံးႀကိမ္ ေပါင္းတင္ေပးရင္ ဆံပင္ေတြကို လ်င္လ်င္ျမန္ျမန္ ရွည္လာေစပါတယ္။ ၾကက္သြန္ျဖဴမွာပါတဲ့ ဗီတာမင္စီနဲ႔ သတၱဳဓာတ္ေတြက ဆံပင္ရွည္ႏႈန္းကို ျမန္ေစသလို ဆံပင္အလြယ္တကူ က်ိဳးေၾကျခင္း မျဖစ္အာင္လည္း ကာကြယ္ေပးပါတယ္။ ဆံပင္ျမန္ျမန္ရွည္ျခင္းတဲ့သူေတြလည္း ဒီနည္းနဲ႔ မွန္မွန္ေပါင္းတင္ေပးျခင္းျဖင့္ ဆံပင္အရွည္ ျမန္လာေစပါတယ္။

Garlic and Olive Oil

Garlic and Olive Oil

ခ်င္းနဲ႔သံလြင္ဆီ

အႏွစ္ျဖစ္ေအာင္ျပဳလုပ္ထားတဲ့ ခ်င္း စားပြဲတင္ဇြန္းတစ္ဇြန္းနဲ႔ သံလြင္ဆီ စားပြဲတင္ဇြန္း တစ္ဇြန္းတို႔ကို ေရာေမႊၿပီး ရလာတဲ့အႏွစ္ကို ဦးေရျပားေပၚမွာသုတ္လိမ္းၿပီး လက္ေခ်ာင္းထိပ္ေလးနဲ႔ ဦးေရျပားကို ႏွိပ္နယ္ေပးပါ။ ဦးေရျပားတစ္ခုလုံးႏွံေအာင္လိမ္းၿပီးေနာက္ ဦးေရျပားတစ္ေလွ်ာက္ ေသြးလည္ပတ္မႈေကာင္းေအာင္ ေနာက္ထပ္ ငါးမိနစ္ေလာက္ ထပ္မံႏွိပ္ေပးပါ။ ၿပီးရင္ေတာ့ က်န္တဲ့အႏွစ္ေတြကို ဆံပင္မွာ သုတ္လိမ္းၿပီး ၃၅ မိနစ္ေလာက္ ထားေပးပါ။ ထို႔ေနာက္ အေပ်ာ့စားေခါင္းေလွ်ာ္ရည္နဲ႔ ေရေအးေအးေလးကိုသုံးၿပီး ေခါင္းေလွ်ာ္ေပးပါ။ တစ္ပတ္မွာ ထိုနည္းအတိုင္းႏွစ္ႀကိမ္ သို႔ သုံးႀကိမ္ေပါင္းတင္ေပးရင္ ဆံသားေျခာက္ေသြ႕ျခင္း၊ ေဗာက္ျဖစ္ျခင္းနဲ႔ ဆံပင္ကြၽတ္ျခင္းေတြကို သက္သာေပ်ာက္ကင္းေစပါတယ္။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

ဒီနည္းလမ္းေတြနဲ႔ ေပါင္းတင္မယ္ဆိုရင္ သၾကၤန္ၿပီးရင္ Beauty Salon ကို ေျပးရလို႔ ေငြကုန္ေၾကးက်မ်ားတာမ်ိဳး မျဖစ္ေတာ့ဘူးေပါ့။ သၾကၤန္မလည္ဘဲ အိမ္မွာေအာင္းမယ္ဆိုတဲ့ ခ်စ္တို႔လည္း သၾကၤန္ပိတ္ရက္မွာ အခ်ိန္ေလးရတုန္း အက်ိဳးရွိရွိ ကိုယ္ဆံပင္ကို ေသခ်ာထိန္းသိမ္းထားရင္ ႐ုံးေတြ ေက်ာင္းေတြ ျပန္ဖြင့္တဲ့အခါ ေပ်ာ့ေပ်ာင္းႏူးညံေခ်ာေမြ႕တဲ့ ဆံေကသာေလးေတြနဲ႔ အလွႀကီးလွေနႏိုင္ပါတယ္။

H.H(အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Damaged Hair တွေအတွက် အကောင်းဆုံးဆေး သံလွင်ဆီကို ဒီလိုသုံးမယ်

သင်္ကြန်မှာ အမိုက်စားဆံပင်ပုံစံနဲ့ သူများတွေထက်လန်းအောင်ပြင်ဆင်ပြီး ကောက်တာ အရောင်တွေဆိုးတာ ကျစ်ဆံမြီးတွေကျစ်တာနဲ့ ဆံပင်ကို ပုံစံမျိုးစုံလုပ်ကြပါတယ်။ ဒီလို ဆံပင်ကိုနာအောင်လုပ်မိတဲ့အပြင် နေဒဏ် ရေဒဏ်တွေကြောင့် ဆံသားက နည်းနည်းမှသည် ခြောက်သွေ့ကြမ်းတမ်း ပြတ်ကျတဲ့အထိ အများကြီးပျက်စီးနိုင်ပါတယ်။ သင်္ကြန်လည်ပြီးလို့ အိမ်ပြန်ရောက်တဲ့အခါမှာ အမျိုးမျိုးလုပ်ထားတဲ့ ဆံသားကို ရှင်းလို့မရလို့ ဆံပင်တွေအရမ်းကျွတ်လို့ စိတ်တွေညစ်ရတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။ ဒီနှစ်မှာ ဒီလိုဒုက္ခတွေကင်းရအောင် သင်္ကြန်လည်ပြီးလို့ ပြန်ရောက်တာနဲ့ ခေါင်းသေချာလျှော်ပြီး အိမ်မှာရှိတဲ့ သံလွင်ဆီကို အသုံးပြုပြီး ပေါင်းတင်ခြင်းဖြင့် ဆံကေသာအလှကို ထိန်းသိမ်းလို့ရပါတယ်။ အိမ်တိုင်းဆောင်ထားလေ့ရှိတဲ့ သံလွင်ဆီနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို ပေါင်းစပ်ကာ အိမ်မှာ ကိုယ်ပိုင်ပေါင်းဆေးလေးတွေ ဖန်တီးကြည့်လို့ရအောင် လုပ်ပုံလုပ်နည်းအချိုု့ကို ဝေမျှပေးလိုက်ပါတယ်။

သံလွင်ဆီရှိရုံနဲ့ Damage Hair တွေကို အကောင်းဆုံးပြုပြင်နိုင်ပါပြီ

သံလွင်ဆီနဲ့ မပေါင်းတင်ခင် သံလွင်ဆီရဲ့ကောင်းကျိုးကို သိထားရင် သံလွင်ဆီကို ကောင်းကောင်းအသုံးချနိုင်တာပေါ့။ သံလွင်ဆီမှာ အင်တီအောက်ဆီဒင့်တွေ ကြွယ်ဝစွာပါဝင်လို့ ဦးရေပြားကျန်းမာရေးကို ကောင်းမွန်စေသလို ဆံသားအလွယ်တကူ ပျက်စီးခြင်းမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဦးရေပြားသွေးလည်ပတ်မှုကို မှန်ကန်စေပြီး မွေးညင်းပေါက်ထဲအထိပါ အားဖြည့်ပေးလို့ ဆံသားခြောက်သွေ့ခြင်းနဲ့ အလွယ်တကူကျိုးကြေခြင်း မဖြစ်တော့ဘဲ ထူထဲနက်မှောင်ပြီး ပျော့ပျောင်းတောက်ပတဲ့ ဆံကေသာကို ရရှိစေပါတယ်။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

သံလွင်ဆီနဲ့ကြက်ဥ

ကြက်ဥနှစ်လုံးရဲ့အကာနဲ့ သံလွင်ဆီ စားပွဲတင်ဇွန်းနှစ်ဇွန်းကို ရောနှောသွားတဲ့အထိမွှေပြီး ရလာတဲ့အရောအနှောကို ဦးရေပြားနဲ့ ဆံသားတွေပေါ် သုတ်လိမ်းပေးပြီး Shower Cap နဲ့ အုပ်ကာ မိနစ် ၂၀ လောက်ထားပေးပါ။မိနစ် ၂၀ ကြာပြီးတဲ့အခါ ခေါင်းလျှာ်ရည်အပျော့စားကိုသုံးပြီး ရေအေးအေးလေးနဲ့ ပြန်လျှော်ပေးပါ။ ထိုနည်းအတိုင်း တစ်ပတ်ကို တစ်ကြိမ် သို့ နှစ်ကြိမ်ပြုလုပ်ပေးရင် ဦးရေပြား အဆီပြန်လွန်ခြင်းနဲ့ ဆံပင်ကျွတ်ခြင်းကို သက်သာစေပါတယ်။ မှန်မှန်လေးပြုလုပ်ပေးရင် ဆံကေသာအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရရှိစေကာ အဆီထွက်မှုှုနှုန်းကိုလည်း သာမန်အတိုင်း ဖြစ်အောင် ပြန်လည်ထိန်းညှိပေးပါတယ်။

Olive Oil and Egg

Olive Oil and Egg

သံလွင်ဆီနဲ့ ကြက်သွန်ဖြူ

လတ်ဆတ်တဲ့ ကြက်သွန်ဖြူ ၁၀ လုံးနဲ့ သံလွင်ဆီ လေးပုံတစ်ပုံကို ရောနှောပြီး အနှစ်ဖြစ်တဲ့အထိ ကြိတ်စက်ထဲ ထည့်မွှေပေးပါ။ ရလာတဲ့အနှစ်ထဲကမှ နှစ်ဇွန်း သို့ သုံးဇွန်းကို ယူကာ ဦးရေပြားပေါ်မှာ နဲ့ ဆံနွယ်တွေအပေါ် သုတ်လိမ်းပေးပါ။ ၄၅ မိနစ်လောက်ထားပေးပြီးနောက် ခေါင်းလျှော်ရည်ပျော့ပျော့လေးနဲ့ ရေအေးအေးကိုသုံးကာ ခေါင်းကိုစင်ကြယ်အောင် လျှော်ပေးပါ။ ကျန်ရှိတဲ့ အနှစ်တွေကို ဘုူးတစ်ဘူးထဲထည့်ကာ ခြောက်သွေ့ပြီး အလင်းရောင်နဲ့ တိုက်ရိုက်မထိတွေ့တဲ့ နေရာမှာ သိမ်းထားပေးပါ။ ဒီပေါင်းတင်နည်းနဲ့ တစ်ပတ်ကို နှစ်ကြိမ် သို့ သုံးကြိမ် ပေါင်းတင်ပေးရင် ဆံပင်တွေကို လျင်လျင်မြန်မြန် ရှည်လာစေပါတယ်။ ကြက်သွန်ဖြူမှာပါတဲ့ ဗီတာမင်စီနဲ့ သတ္တုဓာတ်တွေက ဆံပင်ရှည်နှုန်းကို မြန်စေသလို ဆံပင်အလွယ်တကူ ကျိုးကြေခြင်း မဖြစ်အာင်လည်း ကာကွယ်ပေးပါတယ်။ ဆံပင်မြန်မြန်ရှည်ခြင်းတဲ့သူတွေလည်း ဒီနည်းနဲ့ မှန်မှန်ပေါင်းတင်ပေးခြင်းဖြင့် ဆံပင်အရှည် မြန်လာစေပါတယ်။

Garlic and Olive Oil

Garlic and Olive Oil

ချင်းနဲ့သံလွင်ဆီ

အနှစ်ဖြစ်အောင်ပြုလုပ်ထားတဲ့ ချင်း စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းတို့ကို ရောမွှေပြီး ရလာတဲ့အနှစ်ကို ဦးရေပြားပေါ်မှာသုတ်လိမ်းပြီး လက်ချောင်းထိပ်လေးနဲ့ ဦးရေပြားကို နှိပ်နယ်ပေးပါ။ ဦးရေပြားတစ်ခုလုံးနှံအောင်လိမ်းပြီးနောက် ဦးရေပြားတစ်လျှောက် သွေးလည်ပတ်မှုကောင်းအောင် နောက်ထပ် ငါးမိနစ်လောက် ထပ်မံနှိပ်ပေးပါ။ ပြီးရင်တော့ ကျန်တဲ့အနှစ်တွေကို ဆံပင်မှာ သုတ်လိမ်းပြီး ၃၅ မိနစ်လောက် ထားပေးပါ။ ထို့နောက် အပျော့စားခေါင်းလျှော်ရည်နဲ့ ရေအေးအေးလေးကိုသုံးပြီး ခေါင်းလျှော်ပေးပါ။ တစ်ပတ်မှာ ထိုနည်းအတိုင်းနှစ်ကြိမ် သို့ သုံးကြိမ်ပေါင်းတင်ပေးရင် ဆံသားခြောက်သွေ့ခြင်း၊ ဗောက်ဖြစ်ခြင်းနဲ့ ဆံပင်ကျွတ်ခြင်းတွေကို သက်သာပျောက်ကင်းစေပါတယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

ဒီနည်းလမ်းတွေနဲ့ ပေါင်းတင်မယ်ဆိုရင် သင်္ကြန်ပြီးရင် Beauty Salon ကို ပြေးရလို့ ငွေကုန်ကြေးကျများတာမျိုး မဖြစ်တော့ဘူးပေါ့။ သင်္ကြန်မလည်ဘဲ အိမ်မှာအောင်းမယ်ဆိုတဲ့ ချစ်တို့လည်း သင်္ကြန်ပိတ်ရက်မှာ အချိန်လေးရတုန်း အကျိုးရှိရှိ ကိုယ်ဆံပင်ကို သေချာထိန်းသိမ်းထားရင် ရုံးတွေ ကျောင်းတွေ ပြန်ဖွင့်တဲ့အခါ ပျော့ပျောင်းနူးညံချောမွေ့တဲ့ ဆံကေသာလေးတွေနဲ့ အလှကြီးလှနေနိုင်ပါတယ်။

H.H(အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။