[Zawgyi]

OLED နဲ႔ LCD Display Panel ၂ မ်ိဳးရဲ႕ အားသာခ်က္၊ အားနည္းခ်က္ ၇ ခ်က္

OLED ဆိုတဲ့ Organic Light Emitting Diode နည္းပညာ အရင္ဦးဆုံး မိတ္ဆက္ခဲ့တဲ့ ကုမၸဏီကေတာ့ LG ေပါ့၊ ေပၚခဲ့တာ ႏွစ္ ၃၀ ေလာက္ ရွိသြားျပီဆိုမယ့္ လြန္ခဲ့တဲ့ ၅ ႏွစ္ ေက်ာ္ေလာက္ကမွ အသုံးတြင္က်ယ္လာတာပါ။ အဲ့ခ်ိန္တုန္းက ၅၅ လက္မအရြယ္ LG OLED TV က ကမာၻ႔ပထမဆုံးျဖစ္ခဲ့သလို OLED နဲ႔ လူေတြရင္းႏွီးလာတယ္ဆိုရင္ မမွားပါဘူး။

LG’s 55″ OLED TV at CES 2013

OLED Panel ရဲ႕ Black Value ကို လုံးဝလိုက္မမီႏိုင္ဘူး

ဒီေနရာမွာ လူၾကိဳက္သြားတဲ့အခ်က္က Perfect Black ဆိုတဲ့ အေကာင္းဆုံး Dark Value ကို OLED Panel ပိုင္ဆိုင္ထားတာ မလို႔ပါ။ ဒီအခ်က္ထဲနဲ႔တင္ OLED TV ကို လွမ္းၾကည့္လိုက္တာနဲ႔ အေရာင္ထြက္ စိုေျပလွပေနတာကိုသတိထားမိႏိုင္ျပီး အလန္းစား LED နဲ႔ LCD TV ၾကီးေတြကို ငုတ္တုပ္ေမ့သြားေစခဲ့ပါတယ္။ ေနာက္ Infinity Contrast ဆိုတဲ့ အေရာင္အေသြး ေသြဖီမႈ OLED Panel ေတြမွာ လုံးဝမရွိတာမလို႔ ဘယ္ေနရာ၊ ဘယ္ Angle က ပဲၾကည့္လိုက္ၾကည့္လိုက္ Display အေရာင္ လုံးဝတသမတ္ထဲ ျဖစ္ေနတာေတြ႔ရမွာပါ။

အေရာင္ထြက္ အေတာ္ကြာပါတယ္

အေကာင္းဆုံး Contrast Ratio ကိုလည္း OLED မွာပဲ ေတြ႔ႏိုင္မယ္

ဒီလို Contrast Level မွာ LCD Panel လိုက္တုလို႔ ျဖစ္ႏိုင္ေပမယ့္ အနက္ေရာင္ ေဖာ္ရတဲ့အခါမွာ မီးခိုးေရာင္လိုလို မြဲတဲတဲ ျဖစ္ေနတာ သတိထားမိမွာပါ။ ဒီကြာျခားခ်က္ကို LCD တမ်ိဳးထည့္ ၾကည့္ေနရင္ မသိသာေပမယ့္ Dark Value ပိုျမင့္တဲ့ LCD Panel ခ်င္းယွဥ္လိုက္ရင္ ျဖစ္ျဖစ္၊ OLED Display သြားၾကည့္မိလိုက္ရင္ Colour မြဲထြက္ေနျပီး Saturation က်သြားတာကို သတိထားမိဦးမွာပါ။

အနက္ေရာင္ေဖာ္တဲ့ေနရာမွာ OLED ပို သာပါတယ္

Sub-pixel တစ္ခုခ်င္းစီလိုက္ OLED မွာပဲ Control လုပ္ႏိုင္တယ္

ဘာလို႔လဲဆိုေတာ့ ဖေယာင္းတိုင္မီးကို ေရွ႕က စကၠဴတခ်ပ္နဲ႔ သြားကာထားသလိုမ်ိဳး သုံးထားတဲ့ LED Backlighting နည္းပညာက သြားပိတ္ထားသလိုျဖစ္ေနလို႔ အနက္ေရာင္က မီးခိုးေရာင္လိုျဖစ္သြားရတာပါ။ ေနာက္ RGB Sub-pixel Grip ထဲက Pixel တခုခ်င္းစီအလိုက္ အဖြင့္၊ အပိတ္လုပ္ႏိုင္တာမလို႔ အလင္းေလွ်ာ့လိုက္ရင္ေတာင္ Panel တခုလုံး မွိန္က်သြားတာမ်ိဳး မရွိပါဘူး။ LCD မွာေတာ့ Backlight တခုပဲ ရွိသလို Dimming Zone ခ်င္း ယွဥ္လိုက္ရင္ အမ်ားဆုံး ၃၀၀ အထိ ပဲရွိတာမလို႔ Dimming Zone ၈ သန္းေလာက္ရွိေနတဲ့ OLED Panel ကို ယွဥ္လို႔ မရေသးပါဘူး။

Viewing Angle ပိုေကာင္းတဲ့ OLED Panel

OLED မွာ အလင္းလႊတ္မပါဘူး

ေနာက္ျပီး OLED Panel မွာ သဘာဝ အလင္းလႊတ္အလြာတခုကို Conductor ႏွစ္ခုအၾကား ညွပ္ထည့္ထားတာမလို႔ LCD မွာလို သပ္သပ္ Backlighting ပါ မလာပါဘူး။ ဒီအခ်က္က OLED Panel ကို ပိုပါးသြားေစသလို Conductor ႏွစ္ခုအၾကား လွ်ပ္စစ္စီးတဲ့အခါ သဘာဝအတိုင္းျဖစ္ေပၚလာတဲ့ အလင္းလႊတ္အလႊာ ရရွိတာမလို႔ပါ။

OLED Panel vs LCD Panel

ဒါေပမယ့္ အျဖဴေရာင္ပုံရိပ္ေတြေၾကာင့္ OLED Panel ပါဝါပိုစားတယ္

ဆိုေတာ့ Pixel တခုခ်င္းစီ လွ်ပ္စစ္စီးဖို႔လိုသလို ဒီအခ်က္ကပဲ သူ႔ရဲ႕ အားနည္းခ်က္ျပန္ျဖစ္သြားပါတယ္။ အလင္းတင္လိုက္တဲ့အခါမွာ Pixel အားလုံး အလုပ္လုပ္မွာျဖစ္သလို အျဖဴေရာင္ပုံရိပ္ေဖာ္ေပးရတဲ့အခါမ်ိဳးနဲ႔ သြားတိုးရင္ ပါဝါအသားကုန္ ၾကိတ္ပါျပီ။ ဘာလို႔လဲဆိုရင္ OLED Panel မွာ အျပာနဲ႔ အဝါ အေရာင္ႏွစ္မ်ိဳးပဲ အေျခခံထားသလို တျခား အေရာင္ထြက္ခ်င္တယ္ဆုိရင္ အျဖဴေရာင္သပ္သပ္ ထပ္သုံးရတယ္ဆိုလို႔ပါ။ ဒီအခ်က္ကပဲ LCD ေလာက္ ပိုမလင္း၊ ပိုမေတာက္ပသလို အျဖဴေရာင္ကို ပုံေဖာ္ရတဲ့အခါမွာ ပါဝါပိုစားတဲ့ အားနည္းခ်က္ရွိသြားတာပါ။

ေကြးထားလို႔ရတဲ့ OLED Panel အားသာခ်က္တခ်က္

LCD နဲ႔စာရင္ Ghosting Effect နဲ႔ Display Burn-in ပိုျဖစ္လြယ္တယ္

ေနာက္ျပီး ပုံရိပ္ ၂ ခု သြားထပ္ေနတဲ့ Ghosting Effect နဲ႔ အေရာင္စြန္းလာတဲ့ Display Burn-in လို အားနည္းခ်က္မ်ိဳး LCD နဲ႔ ယွဥ္လိုက္ရင္ OLED Panel မွာ အျဖစ္မ်ားပါတယ္။ ေနာက္ျပီး အေရာင္တခုခ်င္းစီအလိုက္ Organic Constituent သုံးထားရသလို ပ်က္စီးလြယ္တဲ့ အားနည္းခ်က္ ရွိေနပါေသးတယ္။ ဒါေၾကာင့္ ေနာက္ဆုံးေပၚ OLED TV တလုံးေတာင္ အမ်ားဆုံး ၂၂ ႏွစ္ အထိပဲ သုံးလို႔ရသလို ထုတ္လုပ္မႈ ကုန္က်စရိတ္ ျမင့္မားလြန္းတဲ့အခ်က္က LCD TV နဲ႔ ယွဥ္လိုက္ရင္ ေစ်းပိုၾကီးေနတာပါ။

Display Burn-in ဥပမာ

OLED ေတြ သက္တမ္းပိုႏုတယ္

ဒါေၾကာင့္မလို႔ OLED နဲ႔ LCD Panel ႏွစ္ခုရဲ႕ အားသာခ်က္၊ အားနည္းခ်က္ေတြကို သိသြားၾကျပီ ထင္ပါတယ္။ အခုခ်ိန္ LCD Panel မွာ Nano-IPS နည္းပညာသုံးလာခဲ့ျပီး Nano Cell ေလးေတြက OLED လို အေရာင္ထုတ္ေပးႏိုင္တဲ့အဆင့္နဲ႔ ပိုေတာက္ပတဲ့ အလင္းအားပါဝင္လာခဲ့ျပီလို႔ LG ေျပာထားပါျပီ။ ေနာက္ OLED ကိုတုႏိုင္မယ့္ Micro LED နည္းပညာလည္း ေပၚေပါက္ေနပါျပီ၊ ဒီနည္းပညာက OLED နဲ႔ LCD ၂ မ်ိဳးကို ေပါင္းကူးတံတားသဖြယ္ အားသာခ်က္၊ အားသာခ်က္ေတြ ခ်ိတ္ဆက္ေပးႏိုင္ျပီး AMLED (Active Matrix LED) ဆိုျပီး ေရွ႕ေျပး ထုတ္လုပ္ထားပါျပီ။ ဒီအခ်က္ေတြက OLED Panel ေတြ ေပ်ာက္ကြယ္သြားမလားလို႔ ခန္႔မွန္းရေပမယ့္ OLED နည္းပညာေတြ ပိုေကာင္းတဲ့ Display Panel ဆီ အေမြဆက္ခံသြားဦးမယ္ သုံးသပ္ရပါတယ္။

2B (Akhayar)
www.akhayar.com

[Unicode]

OLED နဲ့ LCD Display Panel ၂ မျိုးရဲ့ အားသာချက်၊ အားနည်းချက် ၇ ချက်

OLED ဆိုတဲ့ Organic Light Emitting Diode နည်းပညာ အရင်ဦးဆုံး မိတ်ဆက်ခဲ့တဲ့ ကုမ္ပဏီကတော့ LG ပေါ့၊ ပေါ်ခဲ့တာ နှစ် ၃၀ လောက် ရှိသွားပြီဆိုမယ့် လွန်ခဲ့တဲ့ ၅ နှစ် ကျော်လောက်ကမှ အသုံးတွင်ကျယ်လာတာပါ။ အဲ့ချိန်တုန်းက ၅၅ လက်မအရွယ် LG OLED TV က ကမ္ဘာ့ပထမဆုံးဖြစ်ခဲ့သလို OLED နဲ့ လူတွေရင်းနှီးလာတယ်ဆိုရင် မမှားပါဘူး။

LG’s 55″ OLED TV at CES 2013

OLED Panel ရဲ့ Black Value ကို လုံးဝလိုက်မမီနိုင်ဘူး

ဒီနေရာမှာ လူကြိုက်သွားတဲ့အချက်က Perfect Black ဆိုတဲ့ အကောင်းဆုံး Dark Value ကို OLED Panel ပိုင်ဆိုင်ထားတာ မလို့ပါ။ ဒီအချက်ထဲနဲ့တင် OLED TV ကို လှမ်းကြည့်လိုက်တာနဲ့ အရောင်ထွက် စိုပြေလှပနေတာကိုသတိထားမိနိုင်ပြီး အလန်းစား LED နဲ့ LCD TV ကြီးတွေကို ငုတ်တုပ်မေ့သွားစေခဲ့ပါတယ်။ နောက် Infinity Contrast ဆိုတဲ့ အရောင်အသွေး သွေဖီမှု OLED Panel တွေမှာ လုံးဝမရှိတာမလို့ ဘယ်နေရာ၊ ဘယ် Angle က ပဲကြည့်လိုက်ကြည့်လိုက် Display အရောင် လုံးဝတသမတ်ထဲ ဖြစ်နေတာတွေ့ရမှာပါ။

အရောင်ထွက် အတော်ကွာပါတယ်

အကောင်းဆုံး Contrast Ratio ကိုလည်း OLED မှာပဲ တွေ့နိုင်မယ်

ဒီလို Contrast Level မှာ LCD Panel လိုက်တုလို့ ဖြစ်နိုင်ပေမယ့် အနက်ရောင် ဖော်ရတဲ့အခါမှာ မီးခိုးရောင်လိုလို မွဲတဲတဲ ဖြစ်နေတာ သတိထားမိမှာပါ။ ဒီကွာခြားချက်ကို LCD တမျိုးထည့် ကြည့်နေရင် မသိသာပေမယ့် Dark Value ပိုမြင့်တဲ့ LCD Panel ချင်းယှဉ်လိုက်ရင် ဖြစ်ဖြစ်၊ OLED Display သွားကြည့်မိလိုက်ရင် Colour မွဲထွက်နေပြီး Saturation ကျသွားတာကို သတိထားမိဦးမှာပါ။

အနက်ရောင်ဖော်တဲ့နေရာမှာ OLED ပို သာပါတယ်

Sub-pixel တစ်ခုချင်းစီလိုက် OLED မှာပဲ Control လုပ်နိုင်တယ်

ဘာလို့လဲဆိုတော့ ဖယောင်းတိုင်မီးကို ရှေ့က စက္ကူတချပ်နဲ့ သွားကာထားသလိုမျိုး သုံးထားတဲ့ LED Backlighting နည်းပညာက သွားပိတ်ထားသလိုဖြစ်နေလို့ အနက်ရောင်က မီးခိုးရောင်လိုဖြစ်သွားရတာပါ။ နောက် RGB Sub-pixel Grip ထဲက Pixel တခုချင်းစီအလိုက် အဖွင့်၊ အပိတ်လုပ်နိုင်တာမလို့ အလင်းလျှော့လိုက်ရင်တောင် Panel တခုလုံး မှိန်ကျသွားတာမျိုး မရှိပါဘူး။ LCD မှာတော့ Backlight တခုပဲ ရှိသလို Dimming Zone ချင်း ယှဉ်လိုက်ရင် အများဆုံး ၃၀၀ အထိ ပဲရှိတာမလို့ Dimming Zone ၈ သန်းလောက်ရှိနေတဲ့ OLED Panel ကို ယှဉ်လို့ မရသေးပါဘူး။

Viewing Angle ပိုကောင်းတဲ့ OLED Panel

OLED မှာ အလင်းလွှတ်မပါဘူး

နောက်ပြီး OLED Panel မှာ သဘာဝ အလင်းလွှတ်အလွာတခုကို Conductor နှစ်ခုအကြား ညှပ်ထည့်ထားတာမလို့ LCD မှာလို သပ်သပ် Backlighting ပါ မလာပါဘူး။ ဒီအချက်က OLED Panel ကို ပိုပါးသွားစေသလို Conductor နှစ်ခုအကြား လျှပ်စစ်စီးတဲ့အခါ သဘာဝအတိုင်းဖြစ်ပေါ်လာတဲ့ အလင်းလွှတ်အလွှာ ရရှိတာမလို့ပါ။

OLED Panel vs LCD Panel

ဒါပေမယ့် အဖြူရောင်ပုံရိပ်တွေကြောင့် OLED Panel ပါဝါပိုစားတယ်

ဆိုတော့ Pixel တခုချင်းစီ လျှပ်စစ်စီးဖို့လိုသလို ဒီအချက်ကပဲ သူ့ရဲ့ အားနည်းချက်ပြန်ဖြစ်သွားပါတယ်။ အလင်းတင်လိုက်တဲ့အခါမှာ Pixel အားလုံး အလုပ်လုပ်မှာဖြစ်သလို အဖြူရောင်ပုံရိပ်ဖော်ပေးရတဲ့အခါမျိုးနဲ့ သွားတိုးရင် ပါဝါအသားကုန် ကြိတ်ပါပြီ။ ဘာလို့လဲဆိုရင် OLED Panel မှာ အပြာနဲ့ အဝါ အရောင်နှစ်မျိုးပဲ အခြေခံထားသလို တခြား အရောင်ထွက်ချင်တယ်ဆိုရင် အဖြူရောင်သပ်သပ် ထပ်သုံးရတယ်ဆိုလို့ပါ။ ဒီအချက်ကပဲ LCD လောက် ပိုမလင်း၊ ပိုမတောက်ပသလို အဖြူရောင်ကို ပုံဖော်ရတဲ့အခါမှာ ပါဝါပိုစားတဲ့ အားနည်းချက်ရှိသွားတာပါ။

ကွေးထားလို့ရတဲ့ OLED Panel အားသာချက်တချက်

LCD နဲ့စာရင် Ghosting Effect နဲ့ Display Burn-in ပိုဖြစ်လွယ်တယ်

နောက်ပြီး ပုံရိပ် ၂ ခု သွားထပ်နေတဲ့ Ghosting Effect နဲ့ အရောင်စွန်းလာတဲ့ Display Burn-in လို အားနည်းချက်မျိုး LCD နဲ့ ယှဉ်လိုက်ရင် OLED Panel မှာ အဖြစ်များပါတယ်။ နောက်ပြီး အရောင်တခုချင်းစီအလိုက် Organic Constituent သုံးထားရသလို ပျက်စီးလွယ်တဲ့ အားနည်းချက် ရှိနေပါသေးတယ်။ ဒါကြောင့် နောက်ဆုံးပေါ် OLED TV တလုံးတောင် အများဆုံး ၂၂ နှစ် အထိပဲ သုံးလို့ရသလို ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားလွန်းတဲ့အချက်က LCD TV နဲ့ ယှဉ်လိုက်ရင် ဈေးပိုကြီးနေတာပါ။

Display Burn-in ဥပမာ

OLED တွေ သက်တမ်းပိုနုတယ်

ဒါကြောင့်မလို့ OLED နဲ့ LCD Panel နှစ်ခုရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိသွားကြပြီ ထင်ပါတယ်။ အခုချိန် LCD Panel မှာ Nano-IPS နည်းပညာသုံးလာခဲ့ပြီး Nano Cell လေးတွေက OLED လို အရောင်ထုတ်ပေးနိုင်တဲ့အဆင့်နဲ့ ပိုတောက်ပတဲ့ အလင်းအားပါဝင်လာခဲ့ပြီလို့ LG ပြောထားပါပြီ။ နောက် OLED ကိုတုနိုင်မယ့် Micro LED နည်းပညာလည်း ပေါ်ပေါက်နေပါပြီ၊ ဒီနည်းပညာက OLED နဲ့ LCD ၂ မျိုးကို ပေါင်းကူးတံတားသဖွယ် အားသာချက်၊ အားသာချက်တွေ ချိတ်ဆက်ပေးနိုင်ပြီး AMLED (Active Matrix LED) ဆိုပြီး ရှေ့ပြေး ထုတ်လုပ်ထားပါပြီ။ ဒီအချက်တွေက OLED Panel တွေ ပျောက်ကွယ်သွားမလားလို့ ခန့်မှန်းရပေမယ့် OLED နည်းပညာတွေ ပိုကောင်းတဲ့ Display Panel ဆီ အမွေဆက်ခံသွားဦးမယ် သုံးသပ်ရပါတယ်။

2B (Akhayar)
www.akhayar.com