[Zawgyi]

၃၉ ဗိုက္ပူႀကီးဆိုင္ထဲထိုးရပ္ထားတဲ့ ၈ဝျပည့္ႏွစ္ Themeနဲ႔ Bar အလန္းႀကီး

“ဂ်ံဳးဂ်ံုးက်ေနၿပီ..ဂ်ံဳးဂ်ံဳးက်ေနၿပီ..၃၉ ဗိုက္ပူႀကီးလို” ဆိုတဲ့ Snare သီခ်င္းထဲက ၃၉ ဗိုက္ပူႀကီးေတြကိုေလ ကြီးၿဖိဳးလက္ထက္ YBS ေတြတအားျပည့္က်ပ္လာတဲ့ ၂၀၁၈ မွာ လံုးဝလံုးဝမေတြ႕ရေတာ့လို႔ ျပတိုက္သြားရွာရေတာ့မယ့္ဆဲဆဲ….

၃၉ ဗိုက္ပူကားႀကီးကို ဆိုင္နံရံထဲ တစ္ျခမ္းႀကီးျမဳပ္ဝင္ေနတဲ့ Decoration နဲ႔ အလန္းစား Bar ႀကီးကို ေျမနီကုန္း ရွင္ေစာပုလမ္းေပၚမွာ ေတြ႕လိုက္ရတဲ့အခါ…

Wow…ပဲ။ အလန္းႀကီးေနာ္..အလန္း။ နာမည္က “Old Skool” တဲ့။ ဆိုင္နာမည္ကို အလွဆင္ထားတာကိုက တကယ့္ Old Skool ႀကီးေနာ္။ စာလံုးေတြကို မီးလံုးေတြနဲ႔လင္းထိန္ေနေအာင္ Retro ပံုစံအလွဆင္ထားတာ။ ဆိုင္ေဘးအျပင္မွာလည္း ၃၉ကားစိမ္းႀကီးက နံရံကို ေဖာက္လို႔ တဝက္တပ်က္။ ကဲ..မိုက္ေရာ။

ဒီ Bar ကိုစိတ္ဝင္စားတာက ဟိုေန႔က တ႐ုတ္ဆိုင္အသစ္ေလးကို သြားရင္း ေတြ႕လိုက္မိတာေပါ့ေလ။ Bar က လမ္းဆံုေထာင့္မွာဆိုေတာ့ ၂ဖက္ဖြင့္ဝင္လို႔ရတယ္။ ကိုယ္ ေျပာျပခ်င္ေနတာက ခုမွလာမွာ။

ဆိုင္ရဲ႕အထဲကေလ တကယ့္ ၈ဝျပည့္ႏွစ္ေတြေရာက္သြားတာေနာ္။ Antique Decoration ေတြ၊ အလန္းအမိုက္ ေခတ္ေဟာင္းရန္ကုန္ကိုေဖာ္က်ဴးတဲ့ Wallpaper ႀကီးေတြ၊ အျပင္အဆင္ေတြ၊ ထူးဆန္းတဲ့မီႏူးအစားအစာေတြနဲ႔ “Old Skool” ကို ႐ုပ္လံုးျကြေအာင္ ပံုေဖာ္ခဲ့တဲ့ ပိုင္ရွင္ေတြေတာ့ အိုင္ဒီယာေလးအတြက္ သေဘာေတြက်ရတယ္။

ၿပီးေတာ့ တကယ့္ရတနာက ဟိုးေခတ္ေဟာင္း တကယ့္ Legendary အဆိုေတာ္ေတြရဲ႕ Unplugged Live ေတြ ခနခနလုပ္ေပးတာပါပဲ။ အဲ့ဒီအခ်ိန္ဟာ ငယ္ဘဝကို ခနျပန္ေျပးထြက္လို႔ရတဲ့အခ်ိန္ပါပဲ။ သီခ်င္းေတြၾကား ကေလးဘဝကိုခပ္ေရးေရး ျပန္ရွာေတြ႕မိတဲ့ အခိုက္အတန္႔ပါပဲ။ ျပန္လြမ္းရတဲ့ အခ်ိန္ေတြပါပဲ။ အဲ့ဒီအမွတ္တရေတြ ျပန္တူးေဖာ္ေပးႏိုင္တာကေတာ့ ေက်းဇူးတင္မိတဲ့ထိပါ။

အစားအေသာက္အေၾကာင္း ခုမွ ေျပာမွာ- European အစားအစာေတြအဓိက ရတယ္။ Burger၊ Steak ဘာညာေပါ့။ Steak ကေတာ့ အသားက်က္က်က္စားခ်င္တဲ့သူေတြအတြက္ လံုးဝ Recommend ေပးကိုေပးရမယ့္ပြဲပါ။ စားပြဲေပၚခ်ရံုနဲ႔ တစ္ေယာက္တတံုးဖဲ့စားၾကတာ ခ်က္ခ်င္းဆိုသလိုေျပာင္ပါေလေရာ။ ေစ်းလည္း Steak ပြဲလို႔မထင္ရေအာင္သက္သာတယ္။

Old Skool ရဲ႕ နာမည္ေက်ာ္က ည ၇ နာရီမွစရတဲ့ ညထမင္းေၾကာ္ တဲ့။ ကိုယ္ေတြသြားတုန္းက ညေန၆နာရီဆိုေတာ့ မစားခဲ့ရတာ နာတယ္။ ႏို႔မို႔အရသာ ေကာင္း၊မေကာင္း ေျပာျပလို႔ရမွာ။ အဲ့လိုညမွရတဲ့ သီးသန္႔ဗမာအစားအစာေတြခ်ည္းပဲ ေရာင္းေသးတယ္။ တကယ့္ အဆန္းတၾကယ္ ဗမာစာစစ္စစ္ေတြ၊အသုပ္ေတြ ခ်ည္းပဲ။ေသာက္ရင္းနဲ႔ ျမည္းလို႔ ပိုေကာင္းတယ္။

ဆိတ္သားစမူဆာဆိုတာေလးလည္း မဆိုးဘူး။ အခ်ဥ္ေကာင္းတယ္။ စမူဆာမြမြေလး။ ေစ်းက ၃၅၀၀ တဲ့။ ဒါေလးကလည္း အေသာက္ေလးနဲ႔တြဲ ရွယ္ပဲ။ အလဲ့။ အသားေတာ့နည္းတယ္။

ဝက္သားတုတ္ထိုးလည္းရတယ္။ အိုးေလးနဲ႔ မီးအပူေလးေပးၿပီးလာခ်တာ။ သူကေတာ့ ေစ်းႀကီးတယ္။ အရသာကေတာ့ ထူးေထြဆန္းဆန္းမဟုတ္ဘူး။ ရွင္းရွင္းေျပာရရင္ အရသာမၿငိပါဘူး။

ဒီတခါသြားတာ ညဘက္မွရတဲ့အသုပ္အေထာင္းေလးေတြမရေတာ့ စားရတာ အားမရခဲ့ပါဘူး။ မုန္႔ဟင္းခါးေတြဘာေတြလည္း Bar မွာစားလို႔ရတယ္တဲ့။ အဓိက က Drink အစံုရတယ္။

ေျပာရရင္ အစားအစာေတြအေနနဲ႔ ေျပတာေရာ၊ မေျပတာေရာစုေနလို႔ ေရြးမွာတတ္ဖို႔လိုပါတယ္။ ဆိတ္စမူဆာတို႔၊ အမဲမိုးခိုသားကင္တို႔ကေတာ့ မစားမျဖစ္ စားေကာင္းတယ္။

လံုးဝသြားကိုသြားဖို႔ တိုက္တြန္းခ်င္တဲ့အေၾကာင္းကေတာ့ သူ႕ Page ကိုအေျခအေနတခ်က္ၾကည့္ၿပီး ေခတ္ေဟာင္း legendary အဆိုေတာ္ႀကီးေတြရဲ႕ သီခ်င္းေလးေတြနဲ႔ ၈ဝျပည့္ႏွစ္အလြန္ညကို ျပန္ေျပးသြားဖို႔ အသင့္ေတာ္ဆံုး Bar ေလးပါ။ ပံုမွန္ဆို သူတို႔ဆိုတာနားေထာင္ဖို႔ Show ပြဲေတြလုပ္ရင္ လက္မွတ္ေတာင္ဝယ္ရတာကိုး။ ဒီမွာေတာ့ ကိုယ့္အတြက္ေဖ်ာ္ေျဖေပးေနတဲ့ပံုဆိုေတာ့ အခြင့္ထူးခံႀကီးလိုေပါ့ေလ။ ဆိုင္အေနအထားကေတာ့ ေမွာင္ေမွာင္ပါပဲေနာ္။

လူႀကီးေတြဆိုရင္ေတာ့ သြားၾကည့္ၿပီး ႀကိဳက္မွာ ေသခ်ာေနပါၿပီလို႔ လမ္းၫႊန္လိုက္ရပါတယ္ဗ်ိဳ႕…. Old Skool ရဲ႕ လိပ္စာက အမွတ္ ၆၈ B၊ ဦးဝိစာရလမ္း၊ ေျမနီကုန္း City Mart ေနာက္တင္ပါ။ သတိထားေနာ္ ဒီ Bar က ညေန ၃နာရီကေန ည ၁ နာရီထိပါတဲ့။ ဒါေပမယ့္ ဒီအေတာအတြင္းေတာ့ အဲ့ထက္ေစာပိတ္တယ္ေျပာတယ္။ သြားၾကည့္ ငယ္ဘဝကိုျပန္လြမ္းၾကည့္ပါဦးေနာ္။

ခ်စ္လွစြာေသာ

FoodieEi (Akhayar)

[Unicode]

၃၉ ဗိုက်ပူကြီးဆိုင်ထဲထိုးရပ်ထားတဲ့ ၈ဝပြည့်နှစ် Themeနဲ့ Bar အလန်းကြီး

“ဂျုံးဂျုံးကျနေပြီ..ဂျုံးဂျုံးကျနေပြီ..၃၉ ဗိုက်ပူကြီးလို” ဆိုတဲ့ Snare သီချင်းထဲက ၃၉ ဗိုက်ပူကြီးတွေကိုလေ ကွီးဖြိုးလက်ထက် YBS တွေတအားပြည့်ကျပ်လာတဲ့ ၂၀၁၈ မှာ လုံးဝလုံးဝမတွေ့ရတော့လို့ ပြတိုက်သွားရှာရတော့မယ့်ဆဲဆဲ….

၃၉ ဗိုက်ပူကားကြီးကို ဆိုင်နံရံထဲ တစ်ခြမ်းကြီးမြုပ်ဝင်နေတဲ့ Decoration နဲ့ အလန်းစား Bar ကြီးကို မြေနီကုန်း ရှင်စောပုလမ်းပေါ်မှာ တွေ့လိုက်ရတဲ့အခါ…

Wow…ပဲ။ အလန်းကြီးနော်..အလန်း။ နာမည်က “Old Skool” တဲ့။ ဆိုင်နာမည်ကို အလှဆင်ထားတာကိုက တကယ့် Old Skool ကြီးနော်။ စာလုံးတွေကို မီးလုံးတွေနဲ့လင်းထိန်နေအောင် Retro ပုံစံအလှဆင်ထားတာ။ ဆိုင်ဘေးအပြင်မှာလည်း ၃၉ကားစိမ်းကြီးက နံရံကို ဖောက်လို့ တဝက်တပျက်။ ကဲ..မိုက်ရော။

ဒီ Bar ကိုစိတ်ဝင်စားတာက ဟိုနေ့က တရုတ်ဆိုင်အသစ်လေးကို သွားရင်း တွေ့လိုက်မိတာပေါ့လေ။ Bar က လမ်းဆုံထောင့်မှာဆိုတော့ ၂ဖက်ဖွင့်ဝင်လို့ရတယ်။ ကိုယ် ပြောပြချင်နေတာက ခုမှလာမှာ။

ဆိုင်ရဲ့အထဲကလေ တကယ့် ၈ဝပြည့်နှစ်တွေရောက်သွားတာနော်။ Antique Decoration တွေ၊ အလန်းအမိုက် ခေတ်ဟောင်းရန်ကုန်ကိုဖော်ကျူးတဲ့ Wallpaper ကြီးတွေ၊ အပြင်အဆင်တွေ၊ ထူးဆန်းတဲ့မီနူးအစားအစာတွေနဲ့ “Old Skool” ကို ရုပ်လုံးကြွအောင် ပုံဖော်ခဲ့တဲ့ ပိုင်ရှင်တွေတော့ အိုင်ဒီယာလေးအတွက် သဘောတွေကျရတယ်။

ပြီးတော့ တကယ့်ရတနာက ဟိုးခေတ်ဟောင်း တကယ့် Legendary အဆိုတော်တွေရဲ့ Unplugged Live တွေ ခနခနလုပ်ပေးတာပါပဲ။ အဲ့ဒီအချိန်ဟာ ငယ်ဘဝကို ခနပြန်ပြေးထွက်လို့ရတဲ့အချိန်ပါပဲ။ သီချင်းတွေကြား ကလေးဘဝကိုခပ်ရေးရေး ပြန်ရှာတွေ့မိတဲ့ အခိုက်အတန့်ပါပဲ။ ပြန်လွမ်းရတဲ့ အချိန်တွေပါပဲ။ အဲ့ဒီအမှတ်တရတွေ ပြန်တူးဖော်ပေးနိုင်တာကတော့ ကျေးဇူးတင်မိတဲ့ထိပါ။

အစားအသောက်အကြောင်း ခုမှ ပြောမှာ- European အစားအစာတွေအဓိက ရတယ်။ Burger၊ Steak ဘာညာပေါ့။ Steak ကတော့ အသားကျက်ကျက်စားချင်တဲ့သူတွေအတွက် လုံးဝ Recommend ပေးကိုပေးရမယ့်ပွဲပါ။ စားပွဲပေါ်ချရုံနဲ့ တစ်ယောက်တတုံးဖဲ့စားကြတာ ချက်ချင်းဆိုသလိုပြောင်ပါလေရော။ ဈေးလည်း Steak ပွဲလို့မထင်ရအောင်သက်သာတယ်။

Old Skool ရဲ့ နာမည်ကျော်က ည ၇ နာရီမှစရတဲ့ ညထမင်းကြော် တဲ့။ ကိုယ်တွေသွားတုန်းက ညနေ၆နာရီဆိုတော့ မစားခဲ့ရတာ နာတယ်။ နို့မို့အရသာ ကောင်း၊မကောင်း ပြောပြလို့ရမှာ။ အဲ့လိုညမှရတဲ့ သီးသန့်ဗမာအစားအစာတွေချည်းပဲ ရောင်းသေးတယ်။ တကယ့် အဆန်းတကြယ် ဗမာစာစစ်စစ်တွေ၊အသုပ်တွေ ချည်းပဲ။သောက်ရင်းနဲ့ မြည်းလို့ ပိုကောင်းတယ်။

ဆိတ်သားစမူဆာဆိုတာလေးလည်း မဆိုးဘူး။ အချဉ်ကောင်းတယ်။ စမူဆာမွမွလေး။ ဈေးက ၃၅၀၀ တဲ့။ ဒါလေးကလည်း အသောက်လေးနဲ့တွဲ ရှယ်ပဲ။ အလဲ့။ အသားတော့နည်းတယ်။

ဝက်သားတုတ်ထိုးလည်းရတယ်။ အိုးလေးနဲ့ မီးအပူလေးပေးပြီးလာချတာ။ သူကတော့ ဈေးကြီးတယ်။ အရသာကတော့ ထူးထွေဆန်းဆန်းမဟုတ်ဘူး။ ရှင်းရှင်းပြောရရင် အရသာမငြိပါဘူး။

ဒီတခါသွားတာ ညဘက်မှရတဲ့အသုပ်အထောင်းလေးတွေမရတော့ စားရတာ အားမရခဲ့ပါဘူး။ မုန့်ဟင်းခါးတွေဘာတွေလည်း Bar မှာစားလို့ရတယ်တဲ့။ အဓိက က Drink အစုံရတယ်။

ပြောရရင် အစားအစာတွေအနေနဲ့ ပြေတာရော၊ မပြေတာရောစုနေလို့ ရွေးမှာတတ်ဖို့လိုပါတယ်။ ဆိတ်စမူဆာတို့၊ အမဲမိုးခိုသားကင်တို့ကတော့ မစားမဖြစ် စားကောင်းတယ်။

လုံးဝသွားကိုသွားဖို့ တိုက်တွန်းချင်တဲ့အကြောင်းကတော့ သူ့ Page ကိုအခြေအနေတချက်ကြည့်ပြီး ခေတ်ဟောင်း legendary အဆိုတော်ကြီးတွေရဲ့ သီချင်းလေးတွေနဲ့ ၈ဝပြည့်နှစ်အလွန်ညကို ပြန်ပြေးသွားဖို့ အသင့်တော်ဆုံး Bar လေးပါ။ ပုံမှန်ဆို သူတို့ဆိုတာနားထောင်ဖို့ Show ပွဲတွေလုပ်ရင် လက်မှတ်တောင်ဝယ်ရတာကိုး။ ဒီမှာတော့ ကိုယ့်အတွက်ဖျော်ဖြေပေးနေတဲ့ပုံဆိုတော့ အခွင့်ထူးခံကြီးလိုပေါ့လေ။ ဆိုင်အနေအထားကတော့ မှောင်မှောင်ပါပဲနော်။

လူကြီးတွေဆိုရင်တော့ သွားကြည့်ပြီး ကြိုက်မှာ သေချာနေပါပြီလို့ လမ်းညွှန်လိုက်ရပါတယ်ဗျို့…. Old Skool ရဲ့ လိပ်စာက အမှတ် ၆၈ B၊ ဦးဝိစာရလမ်း၊ မြေနီကုန်း City Mart နောက်တင်ပါ။ သတိထားနော် ဒီ Bar က ညနေ ၃နာရီကနေ ည ၁ နာရီထိပါတဲ့။ ဒါပေမယ့် ဒီအတောအတွင်းတော့ အဲ့ထက်စောပိတ်တယ်ပြောတယ်။ သွားကြည့် ငယ်ဘဝကိုပြန်လွမ်းကြည့်ပါဦးနော်။

ချစ်လှစွာသော

FoodieEi (Akhayar)