[Zawgyi]

သက္ငယ္မုဒိမ္းေတြနဲ႔ပတ္သက္ၿပီး ကမ္ပိန္းတစ္ခုလုပ္ဖို႔ႀကိဳးစားေနတဲ့ ဥကၠာမင္းေမာင္

Mister Tourism World 2016 ဆုကိုရရွိထားတဲ့ သရုပ္ေဆာင္အဆိုေတာ္တစ္ဦးျဖစ္တဲ့ ဥကၠာမင္းေမာင္က သက္ငယ္မုဒိမ္းမႈေတြနဲ႔ပတ္သက္ၿပီး ကမ္ပိန္းတစ္ခုလုပ္ဖို႔ ႀကိဳးစားေနတယ္လုိ႔ဆိုပါတယ္။ သက္ငယ္မုဒိမ္းမႈေတြ အရမ္းကိုမ်ားလာတဲ့သတင္းေတြၾကားရတိုင္း အရမ္းကိုစိတ္ထိခိုက္ခံစားရေၾကာင္း၊ သက္ငယ္မုဒိမ္းမႈေတြကိုဆန္႔က်င္တိုက္ဖ်က္ဖို႔ႀကိဳးစားေနေၾကာင္းကိုလည္း ဥကၠာမင္းေမာင္က “ကေလးမုဒိမ္းမႈနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္ ကမ္ပိန္းေလးတစ္ခုလုပ္ခ်င္တယ္။ လုပ္မယ္ဆိုတာကလည္း ကၽြန္ေတာ္ကေလးခ်စ္တတ္တယ္။ အခုဆိုရင္ သက္ငယ္မုဒိမ္းမႈေတြက ေန႔တိုင္းလုိလိုကို ၾကားေနရတယ္။ ကၽြန္ေတာ္အေနနဲ႔လည္း တကယ္ကို စိတ္ထိခိုက္ရပါတယ္။ ျဖစ္ေနတာေတြကိုၾကည့္ေတာ့လည္း သူတို႔အိမ္တြင္းထဲကေန ျဖစ္ပ်က္တာေတြကိုေတြ႔ရတယ္။ အဲဒီအတြက္ ကၽြန္ေတာ္တတ္ႏိုင္တဲ့ဘက္ကေန လုပ္ေပးခ်င္တယ္။ တခ်ိဳ႕ကပညာမတတ္ေတာ့ အသိပညာေတြ ေခါင္းပါးတယ္၊ ပညာေရးက လူတစ္ေယာက္အတြက္ အရမ္းကိုအေရးႀကီးမွန္း ကၽြန္ေတာ္သိလာတယ္၊အသိတရားဆိုတာလည္း မရွိမျဖစ္တဲ့အတြက္ ပညာတတ္ႀကီးမဟုတ္ရင္ေတာင္ အသိတရားရွိတဲ့လူ၊ လူပီသတဲ့လူျဖစ္ေစခ်င္တယ္၊ ပညာေတြ အသိတရားေတြမရွိေတာ့ မျဖစ္သင့္တာေတြ ျဖစ္ကုန္ေရာ၊ အနာဂတ္မွာ လူေတာ္လူေကာင္းေတြ အညြန္႔တံုးေစတယ္၊ ဒီျပႆနာကို ခံစားခဲ့ရတဲ့ ကေလးေတြရဲ႕ဘဝမွာ နာၾကည္းခ်က္၊ မုန္းတီးစိတ္အျပင္ ေၾကာက္ရြံ႕စိတ္ေတြက အလိုလိုေနရင္းႀကီးထြားလာမယ္၊ ဒီဒဏ္ရာေတြက အျပင္ကဒဏ္ရာထက္ ဆိုးပါတယ္၊ ပတ္ဝန္းက်င္ရဲ႕အျမင္ေတြ၊ ပတ္ဝန္းက်င္ရဲ႕႐ႈတ္ခ်တာေတြ၊ သူတို႔ဘဝေတြက ရွင္ေနရင္းနဲ႔ အသက္မရွိတဲ့ဘဝေတြပါ၊ အဲဒါေၾကာင့္ ကၽြန္ေတာ္ကမ္းပိန္းေလးတစ္ခုကိုလုပ္ခ်င္တယ္။ အားလံုးက ပူးေပါင္းပါဝင္ေပးဖို႔ပါ” လို႔ ေျပာပါတယ္။

သက္ငယ္မုဒိမ္းမႈဆန္႔က်င္တိုက္ဖ်က္ေရးအတြက္ အစီအစဥ္ေတြကိုလည္း စတင္ေရးဆြဲေနၿပီျဖစ္ေၾကာင္း၊ ကမ္းပိန္းမလုပ္ေဆာင္ခင္မွာ ပရိသတ္ေတြနဲ႔ျပည္သူေတြကို ခ်ျပသြားမွာျဖစ္ေၾကာင္းကို “ ဒီကမ္ပိန္းကို အေသးစိတ္ေရးဆြဲေနပါတယ္။ အေသးစိတ္ကိုေတာ့ ကၽြန္ေတာ္စတင္လႈပ္ရွားမႈေတြမလုပ္ခင္မွာ ပရိသတ္ေတြနဲ႔၊ ျပည္သူေတြကို ခ်ျပမွာပါ” လို႔ ဥကၠာမင္းေမာင္ကဆိုပါတယ္။ သရုပ္ေဆာင္၊ အဆိုေတာ္ဥကၠာမင္းေမာင္အေနနဲ႔ ေဖေဖာ္ဝါရီ ၁၇ ရက္ေန႔က သူေနထိုင္ရာ နယူးေယာက္ၿမိဳ႕ကိုျပန္သြားခဲ့ၿပီး၊ အခ်ိန္ဘယ္ေလာက္ၾကာမယ္ဆိုတာကို မေျပာတတ္ေသးဘူးလုိ႔လည္း ဆိုခဲ့ပါေသးတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

သက်ငယ်မုဒိမ်းတွေနဲ့ပတ်သက်ပြီး ကမ်ပိန်းတစ်ခုလုပ်ဖို့ကြိုးစားနေတဲ့ ဥက္ကာမင်းမောင်

Mister Tourism World 2016 ဆုကိုရရှိထားတဲ့ သရုပ်ဆောင်အဆိုတော်တစ်ဦးဖြစ်တဲ့ ဥက္ကာမင်းမောင်က သက်ငယ်မုဒိမ်းမှုတွေနဲ့ပတ်သက်ပြီး ကမ်ပိန်းတစ်ခုလုပ်ဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။ သက်ငယ်မုဒိမ်းမှုတွေ အရမ်းကိုများလာတဲ့သတင်းတွေကြားရတိုင်း အရမ်းကိုစိတ်ထိခိုက်ခံစားရကြောင်း၊ သက်ငယ်မုဒိမ်းမှုတွေကိုဆန့်ကျင်တိုက်ဖျက်ဖို့ကြိုးစားနေကြောင်းကိုလည်း ဥက္ကာမင်းမောင်က “ကလေးမုဒိမ်းမှုနဲ့ပတ်သက်ပြီး ကျွန်တော် ကမ်ပိန်းလေးတစ်ခုလုပ်ချင်တယ်။ လုပ်မယ်ဆိုတာကလည်း ကျွန်တော်ကလေးချစ်တတ်တယ်။ အခုဆိုရင် သက်ငယ်မုဒိမ်းမှုတွေက နေ့တိုင်းလိုလိုကို ကြားနေရတယ်။ ကျွန်တော်အနေနဲ့လည်း တကယ်ကို စိတ်ထိခိုက်ရပါတယ်။ ဖြစ်နေတာတွေကိုကြည့်တော့လည်း သူတို့အိမ်တွင်းထဲကနေ ဖြစ်ပျက်တာတွေကိုတွေ့ရတယ်။ အဲဒီအတွက် ကျွန်တော်တတ်နိုင်တဲ့ဘက်ကနေ လုပ်ပေးချင်တယ်။ တချို့ကပညာမတတ်တော့ အသိပညာတွေ ခေါင်းပါးတယ်၊ ပညာရေးက လူတစ်ယောက်အတွက် အရမ်းကိုအရေးကြီးမှန်း ကျွန်တော်သိလာတယ်၊အသိတရားဆိုတာလည်း မရှိမဖြစ်တဲ့အတွက် ပညာတတ်ကြီးမဟုတ်ရင်တောင် အသိတရားရှိတဲ့လူ၊ လူပီသတဲ့လူဖြစ်စေချင်တယ်၊ ပညာတွေ အသိတရားတွေမရှိတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ရော၊ အနာဂတ်မှာ လူတော်လူကောင်းတွေ အညွန့်တုံးစေတယ်၊ ဒီပြဿနာကို ခံစားခဲ့ရတဲ့ ကလေးတွေရဲ့ဘဝမှာ နာကြည်းချက်၊ မုန်းတီးစိတ်အပြင် ကြောက်ရွံ့စိတ်တွေက အလိုလိုနေရင်းကြီးထွားလာမယ်၊ ဒီဒဏ်ရာတွေက အပြင်ကဒဏ်ရာထက် ဆိုးပါတယ်၊ ပတ်ဝန်းကျင်ရဲ့အမြင်တွေ၊ ပတ်ဝန်းကျင်ရဲ့ရှုတ်ချတာတွေ၊ သူတို့ဘဝတွေက ရှင်နေရင်းနဲ့ အသက်မရှိတဲ့ဘဝတွေပါ၊ အဲဒါကြောင့် ကျွန်တော်ကမ်းပိန်းလေးတစ်ခုကိုလုပ်ချင်တယ်။ အားလုံးက ပူးပေါင်းပါဝင်ပေးဖို့ပါ” လို့ ပြောပါတယ်။

သက်ငယ်မုဒိမ်းမှုဆန့်ကျင်တိုက်ဖျက်ရေးအတွက် အစီအစဉ်တွေကိုလည်း စတင်ရေးဆွဲနေပြီဖြစ်ကြောင်း၊ ကမ်းပိန်းမလုပ်ဆောင်ခင်မှာ ပရိသတ်တွေနဲ့ပြည်သူတွေကို ချပြသွားမှာဖြစ်ကြောင်းကို “ ဒီကမ်ပိန်းကို အသေးစိတ်ရေးဆွဲနေပါတယ်။ အသေးစိတ်ကိုတော့ ကျွန်တော်စတင်လှုပ်ရှားမှုတွေမလုပ်ခင်မှာ ပရိသတ်တွေနဲ့၊ ပြည်သူတွေကို ချပြမှာပါ” လို့ ဥက္ကာမင်းမောင်ကဆိုပါတယ်။ သရုပ်ဆောင်၊ အဆိုတော်ဥက္ကာမင်းမောင်အနေနဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က သူနေထိုင်ရာ နယူးယောက်မြို့ကိုပြန်သွားခဲ့ပြီး၊ အချိန်ဘယ်လောက်ကြာမယ်ဆိုတာကို မပြောတတ်သေးဘူးလို့လည်း ဆိုခဲ့ပါသေးတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။