[Zawgyi]

ၿဗိိတိန္ေတာ္၀င္မိသားစုရဲ႕ ေခၽြးမတို႔ဆီကေန Office Lady တုိ႔ ျပန္အတုယူႏုိင္မယ့္ Fashion မ်ား

ေတာ္၀င္မိသားစုရဲ႕ ဖက္ရွင္ဆိုတာ ၾကည့္လုိက္တာနဲ႔ ရိုးရွင္းတယ္။ေတာ္၀င္ဆန္တယ္။ခမ္းနားသလို ေသသပ္မႈလည္း ရွိပါတယ္။အထူးသျဖင့္  Lady Diana စလို႔ Kate Middleton,Meghan Markle တုိ႔ရဲ႕ ဖက္ရွင္ေတြဟာ မိန္းကေလးေတြၾကားထဲမွာ လိုက္တုပ၀တ္ခ်င္စရာေကာင္းေလာက္ေအာင္ကို ရိုးရွင္းေပမယ့္ ဆန္းခဲ့ၾကပါတယ္။
အခုေျပာျပေပးမွာကေတာ့ ဒီလိုေတာ္၀င္ဆန္ၿပီး ရိုးရွင္းတဲ့ သူမတို႔ရဲ႕ဖက္ရွင္ေတြကို Office Lady ေတြအေနနဲ႔ ကိုယ့္ရဲ႕ ေန႔စဥ္ Office Fashion မွာ ဘယ္လိုထပ္ေပါင္းထည့္မလဲဆိုတာပါပဲ။ ဒီေနရာမွာ ဆိုလိုတာက သူမတို႔လို နာမည္ႀကီးတံဆိပ္ေတြကို ၀တ္ဆင္ဖို႔မဟုတ္ပါဘူး။ေတာ္၀င္ေခၽြးမတို႔လုိ ရိုးရိုးရွင္းရွင္းနဲ႔ ကိုယ့္အတြက္ သက္ေတာင့္သက္သာျဖစ္တဲ့ ဖက္ရွင္ကို ေရြးခ်ယ္ဖို႔အတြက္ Stylenote ေလးေတြကို ေျပာျပေပးသြားမွာျဖစ္ပါတယ္။

Lady Diana's outfit

Lady Diana’s outfit

လုပ္ငန္းခြင္မွာ သက္ေတာင့္သက္သာရွိဖို႔အျပင္ စမတ္က်က် ျဖစ္ေနေစဖုိ႔ ရွပ္အက်ၤ ီေတြကို အားကိုးလို႔ရပါတယ္။ Lady Diana ၀တ္သလို ခပ္ပြပြ ရွပ္အက်ၤ ီကို ေအာက္ ဂ်င္းေဘာင္းဘီေလးေတြနဲ႔ တြဲဖက္၀တ္လိုက္မယ္ဆိုရင္ လုပ္ငန္းခြင္အတြက္လည္း အဆင္ေျပသလို ဟိုေပၚဒီေပၚျဖစ္မွာ ၊ေနရတာမွာ မလြတ္လပ္မွာတို႔ ျဖစ္မွာ မစိုးရိမ္ေတာ့ဘူးေပါ့။

Lady Diana's outfit

Lady Diana’s outfit

Meghan Markle's outfit

Meghan Markle’s outfit

Office Lady ေတြဆုိေတာ့ Skirt ေတြကလည္း မရွိမျဖစ္ပါ။ ဒါေပမယ့္ ရံုးတက္ရင္း ၀တ္မွာဆုိေတာ့ စကတ္ကားကား ဖားဖားေတြထက္စာရင္ စကတ္အၾကပ္ေလးေတြက ပိုၿပီး သင့္ေတာ္တယ္ေလ။ Midi Pencil Skirt ေလးေတြက လူကို ပိုသြယ္လ်သြားေစသလို ခ်ပ္ခ်ပ္ရပ္ရပ္လည္း ရွိပါတယ္။ အေပၚက Blouse ေလးေတြနဲ႔ဆုိ တကယ္ကို လိုက္ဖက္သလို ရံဖန္ရံခါ အေျပာင္းအလဲျဖစ္ေအာင္ T-Shirt ေလးေတြနဲ႔ပါ တြဲ၀တ္ၾကည့္လို႔ ရပါတယ္။

Outfits of Kate Middleton and Meghan Markle

Outfits of Kate Middleton and Meghan Markle

တစ္ခါတေလ Meeting တို႔၊ အလုပ္ကိစၥနဲ႔ အျပင္ထြက္ရမယ့္ အခါမ်ိဳးမွာ Dress ေလးေတြ ၀တ္သြားလို႔ရပါတယ္။ Dress ဆိုေပမယ့္ အရမ္းရႈပ္ယွက္ခတ္ေနတာမ်ိဳးမဟုတ္ဘဲ ရိုးရိုးရွင္းရွင္းနဲ႔ ကိုယ့္ရဲ႕ နဂုိပင္ကုိယ္ဟန္ကိုလည္း ေပၚလြင္ေစမယ့္ ဂါ၀န္ေလးေတြကို ပိုဦးစားေပးေရြးခ်ယ္တာ သင့္ေတာ္ပါတယ္။ အေရာင္ၿငိမ္ၿငိမ္ေလးေတြ၊ ဒီဇိုင္းရိုးရိုးရွင္းရွင္းေလးေတြ၊ ပြင့္ရိုက္ဆင္ ႏုပ္ႏုပ္ေသးေသးေလးေတြ စသည္ျဖင့္ ေရြးခ်ယ္လို႔ ရပါတယ္ေနာ္။

The way Lady Diana wore blazers

The way Lady Diana wore blazers

The way Kate Middleton wore blazers

The way Kate Middleton wore blazers

The way Meghan Markle and Kate Middleton wore blazers

The way Meghan Markle and Kate Middleton wore blazers

Another way to wear blazers

Another way to wear blazers

Office Lady တစ္ေယာက္အတြက္ မရွိမျဖစ္အထဲမွာ Blazer Coat ေတြလည္းပါပါတယ္။ Blazer ရွိျခင္းအားျဖင့္ ပံုမွန္ကိုယ္၀တ္မယ့္ ၀တ္စံုေပၚမွာ ထပ္လုိက္လုိ႔ရသလို Fashionအသားေပး အေနနဲ႔ ရႈိးထုတ္လုိ႔လည္း ရပါေသးတယ္။Lady Diana ကအစ Kate Middleton တို႔၊ Meghan Markle တို႔ပါ Blazer Coat ကို ၀တ္ဆင္ၾကတာ ေတြ႔ရမွာပါ။ Blazer ကို Suit လို တစ္ဆက္တည္း ၀တ္လို႔ရသလို ကိုယ္၀တ္မယ့္ ၀တ္စံုရဲ႕ အေပၚကေန အေပၚထပ္အျဖစ္လည္း ၀တ္ႏိုင္ပါတယ္။

Lady Diana wore pleated skirts

Lady Diana wore pleated skirts

ဘာဂ်ာေခါက္တြန္႔ စကတ္လုိ႔ ေခၚတဲ့ Pleated Skirt ေတြကိုလည္း တစ္ခါတေလ Office Outfit မွာ ထည့္ၾကည့္ပါ။ အေပၚက ဆြယ္တာေလးေတြ၊ တီရွပ္ေလးေတြနဲ႔ တြဲၾကည့္လိုက္ရင္ တစ္မ်ိဳးဆန္းသြားမွာ ျဖစ္ပါတယ္။

They wore differernt skirts

They wore differernt skirts

Midi Skirt ေတြပဲ ၀တ္ရတာ တအားပ်င္းလာၿပီဆုိရင္ေတာ့ မတူညီတဲ့ Skirt ပံုစံေလးေတြကို တစ္ရက္စီ ေျပာင္း၀တ္ၾကည့္ပါ။ တအားရွည္တဲ့ Maxi Skirt လိုမ်ိဳး၊ အတြန္႔အဖြာေတြ သိပ္မ်ားတဲ့ Skirt မ်ိဳး၊ တိုလြန္းတာမ်ိဳးေတာ့ ေရွာင္ရပါမယ္ေနာ္။Jean Skirt ၀တ္မယ္ဆုိရင္လည္း အတိုအကားေတြထပ္စာရင္ ေျခသလံုးတစ္၀က္ေလာက္ အရွည္ကိုမွ တစ္ေျဖာင့္တည္းသြားတဲ့  ပံုစံမ်ိဳးေလးေတြကိုပဲ ေရြးပါ။

The way Meghan Markle wore stylepants.

The way Meghan Markle wore stylepants.

Stylepant ေတြကိုလည္း ထည့္သြင္းစဥ္းစားဖို႔ မေမ့ပါနဲ႔။ အရမ္းစမတ္က်တဲ့ Office Lady ေလးတစ္ေယာက္ျဖစ္ဖို႔ Stylepant ေတြက စြမ္းေဆာင္ႏိုင္ပါတယ္။ Shirt အစင္းေလးေတြ၊ ဆြယ္တာအပါး Bodyfit ေလးေတြနဲ႔ဆို တကယ္ကို လွေနမွာပါ။နမူနာအေနနဲ႔ Meghan Markle ကိုပဲ ၾကည့္လိုက္ပါ။

Su Yi Htet (Akhayar)

[Unicode]

ဗြိတိန်တော်ဝင်မိသားစုရဲ့ ချွေးမတို့ဆီကနေ Office Lady တို့ ပြန်အတုယူနိုင်မယ့် Fashion များ

တော်ဝင်မိသားစုရဲ့ ဖက်ရှင်ဆိုတာ ကြည့်လိုက်တာနဲ့ ရိုးရှင်းတယ်။တော်ဝင်ဆန်တယ်။ခမ်းနားသလို သေသပ်မှုလည်း ရှိပါတယ်။အထူးသဖြင့် Lady Diana စလို့ Kate Middleton,Meghan Markle တို့ရဲ့ ဖက်ရှင်တွေဟာ မိန်းကလေးတွေကြားထဲမှာ လိုက်တုပဝတ်ချင်စရာကောင်းလောက်အောင်ကို ရိုးရှင်းပေမယ့် ဆန်းခဲ့ကြပါတယ်။
အခုပြောပြပေးမှာကတော့ ဒီလိုတော်ဝင်ဆန်ပြီး ရိုးရှင်းတဲ့ သူမတို့ရဲ့ဖက်ရှင်တွေကို Office Lady တွေအနေနဲ့ ကိုယ့်ရဲ့ နေ့စဉ် Office Fashion မှာ ဘယ်လိုထပ်ပေါင်းထည့်မလဲဆိုတာပါပဲ။ ဒီနေရာမှာ ဆိုလိုတာက သူမတို့လို နာမည်ကြီးတံဆိပ်တွေကို ဝတ်ဆင်ဖို့မဟုတ်ပါဘူး။တော်ဝင်ချွေးမတို့လို ရိုးရိုးရှင်းရှင်းနဲ့ ကိုယ့်အတွက် သက်တောင့်သက်သာဖြစ်တဲ့ ဖက်ရှင်ကို ရွေးချယ်ဖို့အတွက် Stylenote လေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

Lady Diana's outfit

Lady Diana’s outfit

လုပ်ငန်းခွင်မှာ သက်တောင့်သက်သာရှိဖို့အပြင် စမတ်ကျကျ ဖြစ်နေစေဖို့ ရှပ်အင်္ကျ ီတွေကို အားကိုးလို့ရပါတယ်။ Lady Diana ဝတ်သလို ခပ်ပွပွ ရှပ်အင်္ကျ ီကို အောက် ဂျင်းဘောင်းဘီလေးတွေနဲ့ တွဲဖက်ဝတ်လိုက်မယ်ဆိုရင် လုပ်ငန်းခွင်အတွက်လည်း အဆင်ပြေသလို ဟိုပေါ်ဒီပေါ်ဖြစ်မှာ ၊နေရတာမှာ မလွတ်လပ်မှာတို့ ဖြစ်မှာ မစိုးရိမ်တော့ဘူးပေါ့။

Lady Diana's outfit

Lady Diana’s outfit

Meghan Markle's outfit

Meghan Markle’s outfit

Office Lady တွေဆိုတော့ Skirt တွေကလည်း မရှိမဖြစ်ပါ။ ဒါပေမယ့် ရုံးတက်ရင်း ဝတ်မှာဆိုတော့ စကတ်ကားကား ဖားဖားတွေထက်စာရင် စကတ်အကြပ်လေးတွေက ပိုပြီး သင့်တော်တယ်လေ။ Midi Pencil Skirt လေးတွေက လူကို ပိုသွယ်လျသွားစေသလို ချပ်ချပ်ရပ်ရပ်လည်း ရှိပါတယ်။ အပေါ်က Blouse လေးတွေနဲ့ဆို တကယ်ကို လိုက်ဖက်သလို ရံဖန်ရံခါ အပြောင်းအလဲဖြစ်အောင် T-Shirt လေးတွေနဲ့ပါ တွဲဝတ်ကြည့်လို့ ရပါတယ်။

Outfits of Kate Middleton and Meghan Markle

Outfits of Kate Middleton and Meghan Markle

တစ်ခါတလေ Meeting တို့၊ အလုပ်ကိစ္စနဲ့ အပြင်ထွက်ရမယ့် အခါမျိုးမှာ Dress လေးတွေ ဝတ်သွားလို့ရပါတယ်။ Dress ဆိုပေမယ့် အရမ်းရှုပ်ယှက်ခတ်နေတာမျိုးမဟုတ်ဘဲ ရိုးရိုးရှင်းရှင်းနဲ့ ကိုယ့်ရဲ့ နဂိုပင်ကိုယ်ဟန်ကိုလည်း ပေါ်လွင်စေမယ့် ဂါဝန်လေးတွေကို ပိုဦးစားပေးရွေးချယ်တာ သင့်တော်ပါတယ်။ အရောင်ငြိမ်ငြိမ်လေးတွေ၊ ဒီဇိုင်းရိုးရိုးရှင်းရှင်းလေးတွေ၊ ပွင့်ရိုက်ဆင် နုပ်နုပ်သေးသေးလေးတွေ စသည်ဖြင့် ရွေးချယ်လို့ ရပါတယ်နော်။

The way Lady Diana wore blazers

The way Lady Diana wore blazers

The way Kate Middleton wore blazers

The way Kate Middleton wore blazers

The way Meghan Markle and Kate Middleton wore blazers

The way Meghan Markle and Kate Middleton wore blazers

Another way to wear blazers

Another way to wear blazers

Office Lady တစ်ယောက်အတွက် မရှိမဖြစ်အထဲမှာ Blazer Coat တွေလည်းပါပါတယ်။ Blazer ရှိခြင်းအားဖြင့် ပုံမှန်ကိုယ်ဝတ်မယ့် ဝတ်စုံပေါ်မှာ ထပ်လိုက်လို့ရသလို Fashionအသားပေး အနေနဲ့ ရှိုးထုတ်လို့လည်း ရပါသေးတယ်။Lady Diana ကအစ Kate Middleton တို့၊ Meghan Markle တို့ပါ Blazer Coat ကို ဝတ်ဆင်ကြတာ တွေ့ရမှာပါ။ Blazer ကို Suit လို တစ်ဆက်တည်း ဝတ်လို့ရသလို ကိုယ်ဝတ်မယ့် ဝတ်စုံရဲ့ အပေါ်ကနေ အပေါ်ထပ်အဖြစ်လည်း ဝတ်နိုင်ပါတယ်။

Lady Diana wore pleated skirts

Lady Diana wore pleated skirts

ဘာဂျာခေါက်တွန့် စကတ်လို့ ခေါ်တဲ့ Pleated Skirt တွေကိုလည်း တစ်ခါတလေ Office Outfit မှာ ထည့်ကြည့်ပါ။ အပေါ်က ဆွယ်တာလေးတွေ၊ တီရှပ်လေးတွေနဲ့ တွဲကြည့်လိုက်ရင် တစ်မျိုးဆန်းသွားမှာ ဖြစ်ပါတယ်။

They wore differernt skirts

They wore differernt skirts

Midi Skirt တွေပဲ ဝတ်ရတာ တအားပျင်းလာပြီဆိုရင်တော့ မတူညီတဲ့ Skirt ပုံစံလေးတွေကို တစ်ရက်စီ ပြောင်းဝတ်ကြည့်ပါ။ တအားရှည်တဲ့ Maxi Skirt လိုမျိုး၊ အတွန့်အဖွာတွေ သိပ်များတဲ့ Skirt မျိုး၊ တိုလွန်းတာမျိုးတော့ ရှောင်ရပါမယ်နော်။Jean Skirt ဝတ်မယ်ဆိုရင်လည်း အတိုအကားတွေထပ်စာရင် ခြေသလုံးတစ်ဝက်လောက် အရှည်ကိုမှ တစ်ဖြောင့်တည်းသွားတဲ့ ပုံစံမျိုးလေးတွေကိုပဲ ရွေးပါ။

The way Meghan Markle wore stylepants.

The way Meghan Markle wore stylepants.

Stylepant တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ မမေ့ပါနဲ့။ အရမ်းစမတ်ကျတဲ့ Office Lady လေးတစ်ယောက်ဖြစ်ဖို့ Stylepant တွေက စွမ်းဆောင်နိုင်ပါတယ်။ Shirt အစင်းလေးတွေ၊ ဆွယ်တာအပါး Bodyfit လေးတွေနဲ့ဆို တကယ်ကို လှနေမှာပါ။နမူနာအနေနဲ့ Meghan Markle ကိုပဲ ကြည့်လိုက်ပါ။

Su Yi Htet (Akhayar)