[Zawgyi]





ဥက္တာမင်းမောင် ပြောပြခဲ့တဲ့ ဗီိဒီယိုကိုကြည့်ချင်ရင် ဒီမှာကြည့်နိုင်ပါတယ်

ကြည်သာ (Akhayar)


www.akhayar.com
[Unicode]

လိင်တူချစ်သူတစ်ယောက်ဖြစ်တယ်ဆိုတာကို ရင်ဖွင့်ခဲ့တဲ့ ဥက္ကာမင်းမောင်

ဥက္ကာမင်းမောင်ဟာ လူမှုကွန်ရက်ပေါ်က ဓါတ်ပုံတွေနဲ့ပတ်သက်တဲ့ အမှန်တရားကို ဝန်ခံလိုက်ပါပြီ။ သူကိုယ်တိုင် သူ့ရဲ့လူမှုကွန်ရက်အကောင့်ကနေပြီး ပြောပြခဲ့တာဖြစ်ပါတယ်။ အခင်ဆုံးသူငယ်ချင်းတွေကိုသာ ပြခဲ့တဲ့ ဓါတ်ပုံတွေဖြစ်တာကြောင့် သူငယ်ချင်းတွေကြောင့်သာ အခုလိုအများသူတွေသိစေတဲ့ အထိဖြစ်ခဲ့တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

သူကိုယ်တိုင်လည်း လိင်တူချစ်သူတစ်ယောက်ဖြစ်တယ်ဆိုတာကို ပွင့်လင်းစွာပြောပြခဲ့တာဖြစ်ပါတယ်။ လိင်တူချစ်တဲ့ သူတွေကိုအားပေးထောက်ခံသလို အနုပညာလုပ်ငန်းတွေကို လည်း ဆက်လက်လုပ်ကိုင်သွားမယ်လို့ပြောပါတယ်။

သူ့ဒီလိုမျိုးနေထိုင်တဲ့ အပေါ်မှာ နားလည်ချစ်ခင်ပေးသူအားလုံးကိုကျေးဇူးတင်တယ်လို့ပြောပြခဲ့ပြီး သူ့ကိုနားလည်ပေးတဲ့ မိခင်နဲ့ဖခင်ကြောင့်လည်း အရမ်းကို ဂုဏ်ယူပျော်ရွှင်ရပါတယ်လို့ ပရိသတ်ကို ပြောပြခဲ့တာဖြစ်ပါတယ်။ ဥက္ကာမင်းမောင် ဟာ Mister Tourism World Myanmar 2016 ဆုကိုရရှိထားသူတစ်ယောက်ဖြစ်ပြီး အနုပညာလုပ်ငန်းတွေကိုလည်း လုပ်ကိုင်လျက်ရှိသူတစ်ဦးဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit:Ye Htoo Win Facebook

www.akhayar.com