[Zawgyi]

ေရႊဂံုတိုင္ရဲ႕ အလွဆံုးဟင္းလင္းၿပင္ေကာင္းကင္နဲ႔ အထာက်တဲ့ NYX Rooftop Bar

Monday Blue ေတြ သိပ္ျပင္းတယ္ေနာ္..ခ်ိဖတို႔ ခ်ိမတို႔ေရ။

စေန၊ တနဂၤေႏြ ၂ရက္လံုး ကဲခ်င္သလိုကဲထား၊ေသာင္းက်န္းထားၿပီး တနၤလာေန႔ရံုးျပန္တက္ရတဲ့ ဖီလင္ႀကီးက အီလည္လည္မွိန္းတိန္းတိန္းႀကီးေနာ္။

အဲ့လို ၿငီးျငဴျငဴစိတ္ေတြေျဖေဖ်ာက္ႏိုင္တဲ့ လြတ္လပ္မႈေတြ၊ စိတ္ေျဖေလ်ာ့မႈေတြနဲ႔ ဟင္းလင္းေကာင္းကင္ျပင္ႀကီးကို ထိေတြ႕ရမယ့္ ေရႊဂံုတိုင္က Bar တစ္ခုကို အမွတ္မထင္ေရာက္ခဲ့တုန္းက ေႂကြခဲ့ရတာေလး အခရာက ၫႊန္ေပးခ်င္လို႔ပါ။

ေရႊဂံုတိုင္မွတ္တိုင္က The One Entertainment Complex ႀကီးရဲ႕ အေပၚဆံုးထပ္က NYX Rooftop Bar ပါ။ သြားတုန္းကေတာ့ ေကာ့ေတးလ္ေလးေတြ ေသာက္ရင္း သူငယ္ခ်င္းေတြ ေအးေဆး Chill ဖို႔ေပါ့။ ဒါေပမယ့္ အျပင္အဆင္က Club နဲ႔ Bar တြဲရက္ဆိုေတာ့ Bar မွာေအးေဆး အစပ်ိဳးၿပီး Club ဘက္ လိမ့္လဲရတယ္။

Bar ကေတာ့ ခပ္ေမွာင္ေမွာင္နဲ႔ က်ယ္ဝန္းတယ္။ တစ္ခုခံစားရတာက ေမွာင္ေပမယ့္ မမြန္းၾကပ္ဘူး။ အဲ့လိုဖီလင္ေလးေလ တစ္မ်ိဳးေလးပဲ။ မွာစရာရွိတာေတြမွာၿပီး သိပ္မၾကာဘူး ေအးစိမ့္လာပါေရာလား။ အတြင္းဘက္ Aircon ကေတာ့ တကယ္မိုက္တယ္။

အဲ့ဒါနဲ႔ အျပင္ေအးေဆးထြက္ေလညင္းခံမယ္ဆိုၿပီးထြက္လိုက္ကာမွ လံုးဝသီးသန္႔ Private ဆန္ဆန္အကန္႔ေလးေတြ ခံုတန္းျဖဴျဖဴေတြနဲ႔ Rooftop ႀကီးက ထင္းလို႔၊လင္းလို႔ လွလို႔။ ဟိုးခပ္ေဝးေဝးမွာ ေရႊတိဂံုေစတီႀကီးကို ဝင္းဝါေနေအာင္ဖူးေတြ႕ရတယ္။

ၿပီးေတာ့ ေနရာေတြကို ကန္႔ထားတာက သစ္ပင္တန္းေသးေသးေလးေတြနဲ႔။ တကယ့္ကို ေရႊဂံုတိုင္မွာ အထာက်ဆံုး RoofTop ပါပဲ။

အစားအစာေတြကေတာ့ Bar ေတြရဲ႕ ထံုးစံ cocktail၊ mojito ၊ Wine တို႔နဲ႔လိုက္ဖက္တဲ့ အစားအစာေတြ၊ အေၾကာ္ေတြ၊ အသုပ္ေတြနဲ႔ European Food ေတြရတယ္။

Highly Recommend ေပးခ်င္တာကေတာ့ အခ်ဥ္သိပ္ေကာင္းတဲ့ ဆိတ္စမူဆာေၾကာ္မြမြေလးရယ္၊ အသားလံုးေတြအစံုေၾကာ္ထားတဲ့ပြဲႀကီးရယ္၊ Tendori Chicken နဲ႔ Pork Taco ေလးေတြကေတာ့ ေတာ္ေတာ့ကို လွ်ာလည္ေစခဲ့တဲ့အစားအစာေလးေတြပါ။

ေစ်းကအစကေတာ့ ႀကီးေသးတယ္။ ဒါေပမယ့္ခုေနာက္ဆံုးတစ္ေခါက္ Menu ေတြ ေသခ်ာျပန္ညွိလိုက္တာဆိုေတာ့ ေစ်းမဆိုးေတာ့ဘူး။ အရသာကလည္း ေစာင့္ရတာၾကာလို႔ စိတ္မရွည္တာကလြဲရင္ စားေကာင္းခဲ့ေတာ့ ေက်နပ္မိပါတယ္။

က်န္တာေတြေတာ့ မျမည္းစားခဲ့ရလို႔ ၫႊန္ဖို႔ကို စိတ္ကမရဲတာမို႔ ကိုယ္စားၿပီး စိတ္ခ်လက္ခ်ၫႊန္ေပးႏိုင္တာေလးေတြြပဲ Try ခဲ့ၾကပါလို႔။

Bar လည္းထိုင္မယ္၊ ၿပီးရင္ အဖြဲ႕လိုက္ Club ကို ဒိုးၾကမယ့္သူေတြအတြက္ေတာ့ လံုးဝအဆင္ေျပပါတယ္။ ေရႊဂံုတိုင္ဝန္းက်င္နားမွာေနတဲ့သူေတြအတြက္ကေတာ့ ဒီ ကိုယ္ေပ်ာက္ေနတဲ့ NYX Rooftop Bar & Club ကို ရွာေဖြေတြ႕ရွိခဲ့ၿပီးရင္ ျပန္မလာဘဲ မေနႏိုင္ေလာက္ေအာင္ သူ႕ရဲ႕ Rooftop အလွမွာၿငိသြားေစမွာပါလို႔။

လိပ္စာကေတာ့-အမွတ္ ၁၁၇၊ အေနာက္ေရႊဂံုတိုင္လမ္း၊ ဗဟန္းၿမိဳ႕နယ္၊ ရန္ကုန္မွာပါ။ ည ၉နာရီေလာက္သြားရင္ေတာ့အသင့္ေတာ္ဆံုးပါပဲေနာ္…ယူတို႕။

ခ်စ္လွစြာေသာ

FoodieEi (Akhayar)

[Unicode]

ရွှေဂုံတိုင်ရဲ့ အလှဆုံးဟင်းလင်းပြင်ကောင်းကင်နဲ့ အထာကျတဲ့ NYX Rooftop Bar

Monday Blue တွေ သိပ်ပြင်းတယ်နော်..ချိဖတို့ ချိမတို့ရေ။

စနေ၊ တနင်္ဂနွေ ၂ရက်လုံး ကဲချင်သလိုကဲထား၊သောင်းကျန်းထားပြီး တင်္နလာနေ့ရုံးပြန်တက်ရတဲ့ ဖီလင်ကြီးက အီလည်လည်မှိန်းတိန်းတိန်းကြီးနော်။

အဲ့လို ငြီးငြူငြူစိတ်တွေဖြေဖျောက်နိုင်တဲ့ လွတ်လပ်မှုတွေ၊ စိတ်ဖြေလျော့မှုတွေနဲ့ ဟင်းလင်းကောင်းကင်ပြင်ကြီးကို ထိတွေ့ရမယ့် ရွှေဂုံတိုင်က Bar တစ်ခုကို အမှတ်မထင်ရောက်ခဲ့တုန်းက ကြွေခဲ့ရတာလေး အခရာက ညွှန်ပေးချင်လို့ပါ။

ရွှေဂုံတိုင်မှတ်တိုင်က The One Entertainment Complex ကြီးရဲ့ အပေါ်ဆုံးထပ်က NYX Rooftop Bar ပါ။ သွားတုန်းကတော့ ကော့တေးလ်လေးတွေ သောက်ရင်း သူငယ်ချင်းတွေ အေးဆေး Chill ဖို့ပေါ့။ ဒါပေမယ့် အပြင်အဆင်က Club နဲ့ Bar တွဲရက်ဆိုတော့ Bar မှာအေးဆေး အစပျိုးပြီး Club ဘက် လိမ့်လဲရတယ်။

Bar ကတော့ ခပ်မှောင်မှောင်နဲ့ ကျယ်ဝန်းတယ်။ တစ်ခုခံစားရတာက မှောင်ပေမယ့် မမွန်းကြပ်ဘူး။ အဲ့လိုဖီလင်လေးလေ တစ်မျိုးလေးပဲ။ မှာစရာရှိတာတွေမှာပြီး သိပ်မကြာဘူး အေးစိမ့်လာပါရောလား။ အတွင်းဘက် Aircon ကတော့ တကယ်မိုက်တယ်။

အဲ့ဒါနဲ့ အပြင်အေးဆေးထွက်လေညင်းခံမယ်ဆိုပြီးထွက်လိုက်ကာမှ လုံးဝသီးသန့် Private ဆန်ဆန်အကန့်လေးတွေ ခုံတန်းဖြူဖြူတွေနဲ့ Rooftop ကြီးက ထင်းလို့၊လင်းလို့ လှလို့။ ဟိုးခပ်ဝေးဝေးမှာ ရွှေတိဂုံစေတီကြီးကို ဝင်းဝါနေအောင်ဖူးတွေ့ရတယ်။

ပြီးတော့ နေရာတွေကို ကန့်ထားတာက သစ်ပင်တန်းသေးသေးလေးတွေနဲ့။ တကယ့်ကို ရွှေဂုံတိုင်မှာ အထာကျဆုံး RoofTop ပါပဲ။

အစားအစာတွေကတော့ Bar တွေရဲ့ ထုံးစံ cocktail၊ mojito ၊ Wine တို့နဲ့လိုက်ဖက်တဲ့ အစားအစာတွေ၊ အကြော်တွေ၊ အသုပ်တွေနဲ့ European Food တွေရတယ်။

Highly Recommend ပေးချင်တာကတော့ အချဉ်သိပ်ကောင်းတဲ့ ဆိတ်စမူဆာကြော်မွမွလေးရယ်၊ အသားလုံးတွေအစုံကြော်ထားတဲ့ပွဲကြီးရယ်၊ Tendori Chicken နဲ့ Pork Taco လေးတွေကတော့ တော်တော့ကို လျှာလည်စေခဲ့တဲ့အစားအစာလေးတွေပါ။

ဈေးကအစကတော့ ကြီးသေးတယ်။ ဒါပေမယ့်ခုနောက်ဆုံးတစ်ခေါက် Menu တွေ သေချာပြန်ညှိလိုက်တာဆိုတော့ ဈေးမဆိုးတော့ဘူး။ အရသာကလည်း စောင့်ရတာကြာလို့ စိတ်မရှည်တာကလွဲရင် စားကောင်းခဲ့တော့ ကျေနပ်မိပါတယ်။

ကျန်တာတွေတော့ မမြည်းစားခဲ့ရလို့ ညွှန်ဖို့ကို စိတ်ကမရဲတာမို့ ကိုယ်စားပြီး စိတ်ချလက်ချညွှန်ပေးနိုင်တာလေးတွေပဲ Try ခဲ့ကြပါလို့။

Bar လည်းထိုင်မယ်၊ ပြီးရင် အဖွဲ့လိုက် Club ကို ဒိုးကြမယ့်သူတွေအတွက်တော့ လုံးဝအဆင်ပြေပါတယ်။ ရွှေဂုံတိုင်ဝန်းကျင်နားမှာနေတဲ့သူတွေအတွက်ကတော့ ဒီ ကိုယ်ပျောက်နေတဲ့ NYX Rooftop Bar & Club ကို ရှာဖွေတွေ့ရှိခဲ့ပြီးရင် ပြန်မလာဘဲ မနေနိုင်လောက်အောင် သူ့ရဲ့ Rooftop အလှမှာငြိသွားစေမှာပါလို့။

လိပ်စာကတော့-အမှတ် ၁၁၇၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မှာပါ။ ည ၉နာရီလောက်သွားရင်တော့အသင့်တော်ဆုံးပါပဲနော်…ယူတို့။

ချစ်လှစွာသော

FoodieEi (Akhayar)