




Ref : The Verge
Zawyè (Akhayar) 
HGID_KV_Ads_Square

[Unicode]

အမေရိကန်နိုင်ငံရဲ့ New York Police Department ကနေ လက်ရှိ ရဲတပ်ဖွဲ့ဝင်တွေသုံးစွဲနေတဲ့ Microsoft Windows OS သုံး Smartphone အလုံးရေ ၃၆၀၀၀ ခန့်ကို Apple iPhone တွေနဲ့ ဒီနှစ်ကုန်ကြရင် အစားထိုးလဲလှယ်သွားမယ်လို့ သိရပါတယ်။

အခုလို လဲလှယ်မှုပြုလုပ်ရတာက Microsoft ကိုယ်တိုင်က Windows Phone 8.1 Operating System ကို ထောက်ပံ့ပေးမှုရပ်ဆိုင်းမယ်လို့ ပြီးခဲ့တဲ့ ဂျူလိုင်လက ကြေငြာခဲ့တာကြောင့်လို့ ပြောလို့ရပါတယ်။ လက်ရှိအချိန်မှာတော့ NYPD ဟာ လက်ရှိအချိန်မှာ Nokia Lumia 830 နဲ့ Lumia 640 XL ဖုန်းတွေကိုအသုံးပြုခဲ့ကြတာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေအသုံးပြုဖို့ အတွက် Special 911 Apps တွေ၊ မှုခင်းကိုစစ်ဆေးနိုင်တဲ့ Apps တွေနဲ့ တာဝန်တွေကို လက်ခံနိုင်တဲ့ Features တွေထည့်သွင်းထားတာဖြစ်ပါတယ်။

အခုလို Windows ဖုန်းတွေကနေ Apple iPhone ကိုပြောင်းလဲအသုံးပြုတော့ယ်လို့ ကြေငြာခဲ့ပေမယ့် ဘယ် iPhone Model ကိုအသုံးပြုမယ်ဆိုတာကိုတော့ အတိအကျပြောကြားသွားခြင်းမရှိပါဘူး။ Apple iPhone 8 ကို လာမယ့် စက်တင်ဘာ ၁၂ မှာကြေငြာသွားမယ်ဆိုတော့ NYPD က နောက်ဆုံးထွက် Apple iPhone 8 ကို အသုံးပြုလာနိုင်ပေမယ့် ဈေးနှုန်းမြင့်မားတဲ့အတွက် အခြား Apple iPhone တစ်မျိုးမျိုးပဲ အသုံးပြုမယ်လို့ ယူဆရပါတယ်။

 

Ref : The Verge

Zawyè (Akhayar)