[Zawgyi]

လုပ္ခ်င္တဲ့ဇာတ္ေကာင္ေတြ အမ်ားႀကီးရွိေပမယ့္ လုပ္ဖို႔အခြင့္အေရးမရေသးပါဘူးဆိုတဲ့ ညီထြဋ္ေခါင္

အႏုပညာေလာကမွာ ဒုတိယမင္းသားအျဖစ္သရုပ္ေဆာင္ေနရကေန ေခါင္းေဆာင္မင္သားအျဖစ္လည္းရိုက္ကူးေနရတဲ့ ညီထြဋ္ေခါင္က ဇာတ္ေကာင္ကို သိပ္ေရြးခ်ယ္ခြင့္မရွိေသးတဲ့အတြက္ လာကမ္းလွမ္းတဲ့ဇာတ္ရုပ္ကိုပဲ လက္ခံရိုက္ကူးေနတယ္လို႔ဆိုပါတယ္။ “ထူးထူးျခားဇာတ္ေကာင္အေနနဲ႔ေတာ့ မရွိေသးပါဘူး။ ကၽြန္ေတာ္တို႔အေနနဲ႔ ဇာတ္ေကာင္ကို ဘယ္လိုဇာတ္ေကာင္ရုိက္ခ်င္တယ္ဆိုၿပီး ေျပာခြင့္မရွိေသးပါဘူး။ လုပ္ခြင့္လည္းမရွိေသးပါဘူး။ အဲဒီလုိေရြးခ်ယ္ခြင့္မရွိေသးတဲ့အခ်ိန္ ဒီလမ္းေၾကာင္းေပၚမွာရပ္တည္ေနရတဲ့အတြက္ ကၽြန္ေတာ္တို႔ကိုကမ္းလွမ္းလာတဲ့အခါမွာ လက္ခံၿပီးလုပ္ရတယ္။ ကၽြန္ေတာ္လုပ္ခ်င္တဲ့ ဇာတ္ေကာင္ေတြကေတာ့ အမ်ားႀကီးပါပဲ။ လုပ္ဖို႔အခြင့္အေရးမရေသးတာပါ။ ကၽြန္ေတာ္က အက္ရွင္ၾကမ္းၾကမ္းေတြရိုက္ခ်င္တာ။ ဒါေပမယ့္လည္း ကိုယ္နဲ႔လုိက္ဖက္တဲ့ ဇာတ္ေကာင္စရိုက္ေတြကိုပဲ လာငွားၾကတာမ်ားေတာ့ အဲဒီလိုဇာတ္ေကာင္ေတြကိုပဲ ရိုက္ျဖစ္ေနတာပါ။ ကၽြန္ေတာ္က အက္ရွင္နဲ႔ပတ္သက္တဲ့ အားကစားေတာ္ေတာ္မ်ားမ်ားကို ေတာက္ေလွ်ာက္ကိုကစားေနတာ။ အဲဒီလိုကစားေနလို႔လည္း အက္ရွင္ကားေတြကို ပိုရိုက္ကူးခ်င္စိတ္ေတြျဖစ္ေနတာပါ။ ကိုယ္ရိုက္ကူးခ်င္တဲ့ဇာတ္ေကာင္ကို လာမကမ္းလွမ္းေပမယ့္လည္း အဲဒီအေပၚကိုထူးထူးျခားျခားခံစားရတာေတာ့မရွိပါဘူး။ ကိုယ္လုပ္ခ်င္တဲ့ဇာတ္ေကာင္ကို လုပ္ဖို႔အခြင့္အေရးေလးႀကံဳလာခဲ့ရင္ လုပ္မယ္ဆိုတဲ့ေမွ်ာ္လင့္ခ်က္ေလးေတာ့ရွိပါတယ္” လို႔ ဇာတ္ေကာင္ေတြေရြးခ်ယ္ခြင့္မရွိတဲ့အေပၚကို ညီထြဋ္ေခါင္က ဆိုပါတယ္။

လတ္တေလာအေနနဲ႔ မၾကာခင္မွာရံုတင္မယ့္ “နယူးဗားရွင္း” ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာလည္း ပါဝင္သရုပ္ေဆာင္ခဲ့တဲ့အတြက္၊ ဇာတ္ကားႀကီးကို ပရိသတ္ေတြလာေရာက္ၾကည့္ရႈဖို႔အတြက္လည္း ဖိတ္ေခၚထားပါေသးတယ္။ “ဇာတ္ကေတာ့ ထူးထူးျခားျခားသိပ္မရွိပါဘူး။ ပံုမွန္ရိုက္ေနက် ဟာသဇာတ္လမ္းမ်ိဳးေလးပါပဲ။ တစ္ခုစိုးရိမ္တာေလးက ေပါကားလို႔ထင္သြားမွာေတာ့စိုးရိမ္ပါတယ္။ အဲဒီစိတ္ကေလး တစ္ခုေတာ့ ျဖစ္မိပါတယ္။ ရိုက္ေနက်ပံုစံေလးပါပဲ။ ပရိသတ္ေတြရဲ႕ ေပ်ာ္ရႊင္ေစဖို႔အဓိကထားၿပီးရိုက္ၾကပါတယ္။ ပရိသတ္ေတြလည္း လာေရာက္အားေပးၾကဖို႔ဖိတ္ေခၚခ်င္ပါတယ္” လို႔ ညီထြဋ္ေခါင္ကဆိုပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

လုပ်ချင်တဲ့ဇာတ်ကောင်တွေ အများကြီးရှိပေမယ့် လုပ်ဖို့အခွင့်အရေးမရသေးပါဘူးဆိုတဲ့ ညီထွဋ်ခေါင်

အနုပညာလောကမှာ ဒုတိယမင်းသားအဖြစ်သရုပ်ဆောင်နေရကနေ ခေါင်းဆောင်မင်သားအဖြစ်လည်းရိုက်ကူးနေရတဲ့ ညီထွဋ်ခေါင်က ဇာတ်ကောင်ကို သိပ်ရွေးချယ်ခွင့်မရှိသေးတဲ့အတွက် လာကမ်းလှမ်းတဲ့ဇာတ်ရုပ်ကိုပဲ လက်ခံရိုက်ကူးနေတယ်လို့ဆိုပါတယ်။ “ထူးထူးခြားဇာတ်ကောင်အနေနဲ့တော့ မရှိသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ဇာတ်ကောင်ကို ဘယ်လိုဇာတ်ကောင်ရိုက်ချင်တယ်ဆိုပြီး ပြောခွင့်မရှိသေးပါဘူး။ လုပ်ခွင့်လည်းမရှိသေးပါဘူး။ အဲဒီလိုရွေးချယ်ခွင့်မရှိသေးတဲ့အချိန် ဒီလမ်းကြောင်းပေါ်မှာရပ်တည်နေရတဲ့အတွက် ကျွန်တော်တို့ကိုကမ်းလှမ်းလာတဲ့အခါမှာ လက်ခံပြီးလုပ်ရတယ်။ ကျွန်တော်လုပ်ချင်တဲ့ ဇာတ်ကောင်တွေကတော့ အများကြီးပါပဲ။ လုပ်ဖို့အခွင့်အရေးမရသေးတာပါ။ ကျွန်တော်က အက်ရှင်ကြမ်းကြမ်းတွေရိုက်ချင်တာ။ ဒါပေမယ့်လည်း ကိုယ်နဲ့လိုက်ဖက်တဲ့ ဇာတ်ကောင်စရိုက်တွေကိုပဲ လာငှားကြတာများတော့ အဲဒီလိုဇာတ်ကောင်တွေကိုပဲ ရိုက်ဖြစ်နေတာပါ။ ကျွန်တော်က အက်ရှင်နဲ့ပတ်သက်တဲ့ အားကစားတော်တော်များများကို တောက်လျှောက်ကိုကစားနေတာ။ အဲဒီလိုကစားနေလို့လည်း အက်ရှင်ကားတွေကို ပိုရိုက်ကူးချင်စိတ်တွေဖြစ်နေတာပါ။ ကိုယ်ရိုက်ကူးချင်တဲ့ဇာတ်ကောင်ကို လာမကမ်းလှမ်းပေမယ့်လည်း အဲဒီအပေါ်ကိုထူးထူးခြားခြားခံစားရတာတော့မရှိပါဘူး။ ကိုယ်လုပ်ချင်တဲ့ဇာတ်ကောင်ကို လုပ်ဖို့အခွင့်အရေးလေးကြုံလာခဲ့ရင် လုပ်မယ်ဆိုတဲ့မျှော်လင့်ချက်လေးတော့ရှိပါတယ်” လို့ ဇာတ်ကောင်တွေရွေးချယ်ခွင့်မရှိတဲ့အပေါ်ကို ညီထွဋ်ခေါင်က ဆိုပါတယ်။

လတ်တလောအနေနဲ့ မကြာခင်မှာရုံတင်မယ့် “နယူးဗားရှင်း” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့အတွက်၊ ဇာတ်ကားကြီးကို ပရိသတ်တွေလာရောက်ကြည့်ရှုဖို့အတွက်လည်း ဖိတ်ခေါ်ထားပါသေးတယ်။ “ဇာတ်ကတော့ ထူးထူးခြားခြားသိပ်မရှိပါဘူး။ ပုံမှန်ရိုက်နေကျ ဟာသဇာတ်လမ်းမျိုးလေးပါပဲ။ တစ်ခုစိုးရိမ်တာလေးက ပေါကားလို့ထင်သွားမှာတော့စိုးရိမ်ပါတယ်။ အဲဒီစိတ်ကလေး တစ်ခုတော့ ဖြစ်မိပါတယ်။ ရိုက်နေကျပုံစံလေးပါပဲ။ ပရိသတ်တွေရဲ့ ပျော်ရွှင်စေဖို့အဓိကထားပြီးရိုက်ကြပါတယ်။ ပရိသတ်တွေလည်း လာရောက်အားပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်” လို့ ညီထွဋ်ခေါင်ကဆိုပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။