[Zawgyi]

“ည”ဇာတ္ကားရိုက္တုန္းက အမွတ္တရေတြကို ျပန္ေျပာျပလာတဲ႔ ညိမ္းေသာ္

“ည”ရုပ္ရွင္ဇာတ္ကား ဒုတိယအႀကိမ္ရုံတင္ျပသခြင့္ရတဲ့အေပၚ သရုပ္ေဆာင္ညိမ္းေသာ္ရဲ႕ ၀မ္းသာပီတိစကားေတြကေတာ့ “ဒုတိယအႀကိမ္ရုံတင္ခြင့္ရေတာ့ ေတာ္ေတာ္အံ႔ၾသသြားတယ္။ ဘယ္လိုမွမျဖစ္ႏိုင္ဘူးေလ။ ဒုတိယအႀကိမ္ျပရမယ္ဆိုေတာ့ အတိုင္းမသိေပ်ာ္ပါတယ္။ ဒုတိယအႀကိမ္ရုံတင္တဲ့ေန႔ကလည္း ရုံကိုေရာက္သြားခဲ့ပါေသးတယ္။ ရုံျပည့္တဲ့အထိ ပရိသတ္အားေပးတာေတြ႔ရေတာ့ ရင္ေတြတုန္ၿပီး ေပ်ာ္ပါတယ္။ ေက်းဇူးလည္းတင္ပါတယ္”လို႔ ဆိုပါတယ္။

“ည”ဇာတ္ကားရိုက္ခဲ့စဥ္က အခက္အခဲနဲ႔အမွတ္တရေတြကိုလည္း ညိမ္းေသာ္က “ကိုယ့္ရဲ႕သရုပ္ေဆာင္မႈက လြန္ခဲ့တဲ့ ၄၊၅ႏွစ္ကရိုက္ထားတာဆိုေတာ့ အဲဒီအခ်ိန္တုန္းက ကၽြန္ေတာ္လုပ္ႏိုင္တာအကုန္နဲ႔ အစြမ္းကုန္ႀကိဳးစားခဲ့တယ္။ အခက္အခဲေတြလည္း အမ်ားႀကီးရိွခဲ့တယ္။ ေနာက္ၿပီး ႀကိဳးနဲ႔တုပ္တဲ့အခန္းကို အရမ္းပင္ပန္းၿပီး ရိုက္ခဲ့ရတာေတာ့ အမွတ္တရပါပဲ။ လက္ေတြလည္း ေတာ္ေတာ္ပြန္းသြားတယ္။ တစ္ခ်ိဳ႕ျဖတ္လိုက္တဲ့အခန္းေတြဆိုရင္လည္း အရမ္းအားထည့္ၿပီး ပင္ပန္းခဲ့ရပါတယ္”လို႔ ဆိုပါတယ္။

“ည”ဇာတ္ကားကို အားေပးၾကည့္ရႈၾကတဲ႔ ပရိသတ္ေတြတိုင္းကို ေက်းဇူးတင္ေၾကာင္းကိုလည္း “ၾကြေရာက္လာတဲ့ ပရိသတ္တစ္ေယာက္စီတိုင္း တစ္ေယာက္စီတိုင္းကို တကယ္ရင္ထဲက လိႈက္လိႈက္လွဲလွဲ ေက်းဇူးအရမ္းတင္မိပါတယ္။ အားေပးမႈ စိတ္မပ်က္ရေအာင္ အမ်ားႀကီးႀကိဳးစားသြားမွာပါ။ ဒီကားက ပရိသတ္ေတြ အရမ္းသေဘာက်တဲ့ကားျဖစ္လို႔ ကၽြန္ေတာ္တို႔ေတြလည္း ပင္ပန္းရက်ိဳးနပ္ပါတယ္”ဆိုၿပီး ေျပာျပခဲ့ပါတယ္။ ညိမ္းေသာ္ဟာ ေနာက္ထပ္ဇာတ္ကားရိုက္ကူးမႈေတြတိုင္းမွာ ဒီထက္ပိုႀကိဳးစားသြားမယ့္အျပင္ သရုပ္ေဆာင္တဲ့ အိုက္တင္ပိုင္းကိုလည္း သူ႔အေနနဲ႔ ဒီထက္အမ်ားႀကီးေကာင္းဖို႔ ပိုပိုႀကိဳးစားသြားပါမယ္လို႔ ဆိုထားပါတယ္။

Photo Credit:Nyein Thaw Facebook

www.akhayar.com

[Unicode]

“ည”ဇာတ်ကားရိုက်တုန်းက အမှတ်တရတွေကို ပြန်ပြောပြလာတဲ့ ညိမ်းသော်

“ည”ရုပ်ရှင်ဇာတ်ကား ဒုတိယအကြိမ်ရုံတင်ပြသခွင့်ရတဲ့အပေါ် သရုပ်ဆောင်ညိမ်းသော်ရဲ့ ဝမ်းသာပီတိစကားတွေကတော့ “ဒုတိယအကြိမ်ရုံတင်ခွင့်ရတော့ တော်တော်အံ့သြသွားတယ်။ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ။ ဒုတိယအကြိမ်ပြရမယ်ဆိုတော့ အတိုင်းမသိပျော်ပါတယ်။ ဒုတိယအကြိမ်ရုံတင်တဲ့နေ့ကလည်း ရုံကိုရောက်သွားခဲ့ပါသေးတယ်။ ရုံပြည့်တဲ့အထိ ပရိသတ်အားပေးတာတွေ့ရတော့ ရင်တွေတုန်ပြီး ပျော်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်”လို့ ဆိုပါတယ်။

“ည”ဇာတ်ကားရိုက်ခဲ့စဉ်က အခက်အခဲနဲ့အမှတ်တရတွေကိုလည်း ညိမ်းသော်က “ကိုယ့်ရဲ့သရုပ်ဆောင်မှုက လွန်ခဲ့တဲ့ ၄၊၅နှစ်ကရိုက်ထားတာဆိုတော့ အဲဒီအချိန်တုန်းက ကျွန်တော်လုပ်နိုင်တာအကုန်နဲ့ အစွမ်းကုန်ကြိုးစားခဲ့တယ်။ အခက်အခဲတွေလည်း အများကြီးရှိခဲ့တယ်။ နောက်ပြီး ကြိုးနဲ့တုပ်တဲ့အခန်းကို အရမ်းပင်ပန်းပြီး ရိုက်ခဲ့ရတာတော့ အမှတ်တရပါပဲ။ လက်တွေလည်း တော်တော်ပွန်းသွားတယ်။ တစ်ချို့ဖြတ်လိုက်တဲ့အခန်းတွေဆိုရင်လည်း အရမ်းအားထည့်ပြီး ပင်ပန်းခဲ့ရပါတယ်”လို့ ဆိုပါတယ်။

“ည”ဇာတ်ကားကို အားပေးကြည့်ရှုကြတဲ့ ပရိသတ်တွေတိုင်းကို ကျေးဇူးတင်ကြောင်းကိုလည်း “ကြွရောက်လာတဲ့ ပရိသတ်တစ်ယောက်စီတိုင်း တစ်ယောက်စီတိုင်းကို တကယ်ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးအရမ်းတင်မိပါတယ်။ အားပေးမှု စိတ်မပျက်ရအောင် အများကြီးကြိုးစားသွားမှာပါ။ ဒီကားက ပရိသတ်တွေ အရမ်းသဘောကျတဲ့ကားဖြစ်လို့ ကျွန်တော်တို့တွေလည်း ပင်ပန်းရကျိုးနပ်ပါတယ်”ဆိုပြီး ပြောပြခဲ့ပါတယ်။ ညိမ်းသော်ဟာ နောက်ထပ်ဇာတ်ကားရိုက်ကူးမှုတွေတိုင်းမှာ ဒီထက်ပိုကြိုးစားသွားမယ့်အပြင် သရုပ်ဆောင်တဲ့ အိုက်တင်ပိုင်းကိုလည်း သူ့အနေနဲ့ ဒီထက်အများကြီးကောင်းဖို့ ပိုပိုကြိုးစားသွားပါမယ်လို့ ဆိုထားပါတယ်။

Photo Credit:Nyein Thaw Facebook

www.akhayar.com