Nvidia ကနေ 32-Bit OS ကို Support ပြုလုပ်မှုကို ယခုလကုန်မှာ ရပ်ဆိုင်းတော့မယ်


GeForce GTX1180



Nvidia


Ref : Engadget

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Nvidia ဟာ မကြာသေးမီက 32-Bit Operating System တွေအတွက် GeForce ထောက်ပံ့ပေးနေမှုကို ရပ်ဆိုင်းတော့မယ်လို့ ပြောကြားခဲ့တာဖြစ်ပြီးတော့ အခုအချိန်မှာတော့ ထောက်ပံ့မှုကို ရပ်ဆိုင်းမယ့်အချိန်အတိအကျကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

GeForce GTX1180

အခုထုတ်ပြန်ချက်အရ Nvidia ကနေ 32-Bit Operating System အသုံးပြုသူတွေအတွက် GeForce Driver တွေထောက်ပံ့ပေးနေမှုကို ယခုလ ၂၀၁၈ ခုနှစ် ဧပြီရယ်လကုန်ကနေစတင်ပြီးတော့ ရပ်ဆိုင်းမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုလနောက်ပိုင်းမှာ 32-Bit OS အသုံးပြုသူတွေဟာ GeForce Experience Features တွေနဲ့ Software Updates တွေကို ရရှိမှာမဟုတ်တော့ပါဘူး။

ဒါပေမယ့် Nvidia ကနေ အရေးကြီးတဲ့ Security Updates တွေကိုတော့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ ဆက်လက်ပေးသွားမှာဖြစ်ပါတယ်။ 32-Bit OS တွေနဲ့ပဲ အသုံးပြုနေမယ်ဆိုရင်လည်း Driver Update မရတော့တာကလွဲပြီး အခြားသော ပြဿနာရှိမှာမဟုတ်တော့ပါဘူး။

Nvidia

Nvidia ကတော့ System Version အနိမ့်တွေနဲ့ 32-Bit OS တွေအပေါ် Software ထောက်ပံ့နေမှုကို တဖြည်းဖြည်းလျော့ချနေပြီဖြစ်တဲ့အတွက် အခုအချိန်မှာ Nvidia Graphic Card တွေကို အသုံးပြုမယ်ဆိုရင်တော့ 64-Bit OS ကိုပဲ အသုံးပြုတာကောင်းမှာပါ။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com