ဟေး ငါ့ GTX 1060 လေး Ray Tracing ရပြီဆိုလို့ ဝမ်းမသာလိုက်ပါနဲ့ဦး၊ Official Page မှာသွားလေ့လာလိုက်ရင် ချက်ချင်းတောင် စိတ်ညစ်သွားပါလိမ့်မယ်။ Nvidia အနေနဲ့ Ray Tracing Support ပေးလိုက်တာ နဂိုကတည်းက ထုတ်ပေးချင်လို့ မဟုတ်ပါဘူး။

Developer ကြီး Crytek က AMD ကတ်သုံးပြီး Ray Tracing Run ပြလိုက်လို့ ဦးနှောက်သွေးကြောပြတ်သလို သွေးရူးတန်းရူးနဲ့ GTX 1080 ၊ 1070 နဲ့ 1060 တို့အတွက် ထုတ်ချပေးလိုက်တယ်။ ဒါတောင် April လကုန်မှ သုံးလို့ရမှာဖြစ်သလို Performance ကလည်း တကယ် စိတ်ပျက်စရာပါ။

GTX 1080 Ti နဲ့ Battlefield V ကို Ray Tracing ဖွင့်ဆော့မယ်ဆိုရင် Low Setting နဲ့ပဲ ကျေနပ်ရမှာဖြစ်ပြီး Metro Exodus ဆိုရင်တော့ 18fps (1440p) နဲ့ အထစ်ထစ် အငေါ့ငေါ့ ကစားရမှာပါ။ ဒီလိုကွာနေတာကို ဖြည့်စွက်ရရင် RTX ကတ်တွေမှာ Ray Tracing Run နိုင်ဖို့ Tensor Cores နဲ့ A.I ပါဝင်တယ်။

နောက်တမျိုးပြောရရင် Turing Architecture အခြေခံထားတဲ့ ကတ်တွေပဲ Ray Tracing အတွက် Graphics Floating Point တွက်ချက်တဲ့နေရာမှာ ပိုမြန်တာပါ။ Nvidia အဆိုရ GTX 1660 နဲ့ 1660 Ti တို့လည်း Ray Tracing Run နိုင်ပေမယ့် ကတ်ဟောင်းတွေထက်တော့ ပိုသာမှာပါ (သူပြောသလို လိုက်ပြောတာပါ၊ ကျနော်ကတော့ မယုံပါပါဘူး)

ဒီတော့ ပြောချင်တာ Old Tech ဖြစ်နေတဲ့ 10 စီးရီးကတ်တွေ Ray Tracing မရဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဘာလို့လဲဆိုရင် Architecture လည်း ဘာမှမဆိုင်သလို Metro Exodus Frame နှိုင်းယှဉ်ချက်မှာဆိုရင် RTX 2080 နဲ့ GTX 1080 Ti တို့ Performance ၃ ဆတောင်ကွာပါတယ်။ Metro Exodus မှာ Global Illumination ပါလို့ Ray Trace Load ပိုများတယ် အဲ့ချိန်မှာ Pascal ကတ် Frame တခုထုတ်ပေးဖို့တောင် လည်ပင်းအစ်နေပါပြီ။

အဲ့ဒါကြောင့် Generation နိမ့်တဲ့ကတ်နဲ့ဆော့ရင် Ray Count နည်းမယ်၊ RT Effect က Basic ရမယ်ပြောထားလို့ RTX နဲ့မဟုတ်ရင် ဘာမှထူးမှာတောင် မဟုတ်ပါဘူး၊ အဲ့ချိန်မှာ CryEngine က Vega 56 ကတ်နဲ့ 4K 30fps ထုတ်ပြပြီးပါပြီ (အကွာကြီးနော်) Demo ကို ဒီဆောင်းပါး Link မှာ လေ့လာကြည့်လိုက်ပါ။

လက်ရှိအချိန်မှာ DXR (DirectX Ray Tracing) သုံးထားတဲ့ ဂိမ်း ၃ မျိုးရှိပြီး အဲ့ဒါကတော့ Battlefied V ၊ Shadow of Tomb Raider နဲ့ Metro Exdous တို့ပါပဲ။ RTX ကတ်တွေနဲ့ ကစားရင်တောင် 4K မှာ 60fps ရအောင် အနိုင်နိုင်ထုတ်နေရချိန် GTX နဲ့ Ray Tracing ကစားဖို့ စိတ်မကူးသင့်ဘူးထင်ပါတယ်။

ဆောင်းပါးလေး အနှစ်ချုပ်ရရင် Pascal ကတ်တွေမှာကတည်းက Ray Tracing Run နိုင်ဖို့ Plan ရှိပြီးသားပါ။ နည်းပညာ အားနည်းချက်အရ မဖြစ်နိုင်သေးသလို 650 Watts လောက် ပါဝါ Draw ရှိတဲ့အတွက် မထုတ်ပြခဲ့တာလို့ ဆိုပါတယ်။ ကျနော်ကတော့ သက်သက် အနိုင်ကျင့်တယ်လို့ပဲမြင်ပါတယ်၊ RTX ကတ်တွေ သိန်း ၂၀ နဲ့မဝယ်ဝယ်နိုင်အောင် အတင်းညစ်နေသလို CryTek Demo ထုတ်ပြတဲ့ချိန်မှသာ အရင်ကတ်တွေလည်း ရပါတယ်လို့ ဖြေသိမ့်လိုက်သလိုပါပဲ။ ဒါတောင် Limit လုပ်ထားပါသေးတယ်။

Photos (Nvidia)
Source: Nvidia