[Zawgyi]
UFC Lightweight ချန်ပီယံ ကာကွယ်ပွဲဖြစ်တဲ့ နော်မာဂိုမယ်ဒေါ့ဗ် Nurmagomedov နဲ့ မက်ဂရီဂေါ် McGregor တို့ရဲ့ ပွဲမှာတော့ နော်မာဂိုမယ်ဒေါ့ဗ်က (၄)ချီမြောက်မှာ အနိုင်ရခဲ့ပေမယ့်လည်း အားကစားသမား မဆန်တဲ့ အပြုအမူကြောင့် ရန်ပွဲဖြစ်ပွားခဲ့ပြီး အရုပ်ဆိုးအကျည်းတန်မှုနဲ့ ပွဲကို အဆုံးသတ်ခဲ့ရတယ်။ UFC Lightweight လက်ရှိချန်ပီယံ နော်မာဂိုမယ်ဒေါ့ဗ်ဟာ မက်ဂရီဂေါ်ကို အသာစီးက ထိုးသတ်နိုင်ခဲ့ပြီး စတုတ္ထအချီ (၃း၀၃)မိနစ်မှာ Rear naked choke အကွက်နဲ့ အနိုင်ယူခဲ့တာပါ။
နော်မာဂိုမယ်ဒေါ့ဗ်ဟာ ချက်ချင်းဆိုသလိုပဲ Cage ထဲကနေ ခုန်ထွက်ပြီး အောက်မှာရှိနေတဲ့ မက်ဂရီဂေါ်ရဲ့နည်းပြ Dillon Danis ကို ထိုးကြိတ်ခဲ့တာပါပဲ။
Brawl-Scenes
Brawl-Scenes
အဲဒီမှာ အခြေအနေက ရုတ်ရုတ်သဲသဲတွေ ဖြစ်ခဲ့သလို လုံခြုံရေးရဲတွေနဲ့ တာဝန်ရှိသူတွေက လိုက်ထိန်းနေတုန်းမှာပဲ နော်မာဂိုမယ်ဒေါ့ဗ်ရဲ့လူတွေက Cage ထဲအထိ ၀င်ပြီး မက်ဂရီဂေါ်ကို ထိုးကြိတ်ခဲ့ပါတယ်။ အခြေအနေနည်းနည်း တည်ငြိမ်သွားတဲ့အချိန်မှာ UFC ဥက္ကဌ Dana White အပါအ၀င် အကြီးအကဲတွေဟာ Cage ထဲ ဆင်းလာပြီး Dana White က နော်မာဂိုမယ်ဒေါ့ဗ်ကို ချန်ပီယံခါးပတ် ပေးလို့မရဘဲ တကယ်လို့ ခါးပတ်ပေးလိုက်ရင် ပရိသတ်တွေက အရာဝတ္ထုပစ္စည်းတွေနဲ့ ပစ်ပေါက်ကြလိမ့်မယ်လို့ အသိပေးခဲ့တယ်။
နော်မာဂိုမယ်ဒေါ့ဗ်ရဲ့ရန်ပွဲကို ကြည့်ရန် ရုပ်သံလင့်ခ်
Naing Linn(Akhayar)
www.akhayar.com
[Unicode]
စိတ်ပျက်စရာ ဖြစ်ရပ်တွေနဲ့ အဆုံးသတ်ခဲ့တဲ့ Nurmagomedov နဲ့ McGregor တို့ရဲ့ပွဲ
UFC Lightweight ချန်ပီယံ ကာကွယ်ပွဲဖြစ်တဲ့ နော်မာဂိုမယ်ဒေ့ါဗ် Nurmagomedov နဲ့ မက်ဂရီဂေါ် McGregor တို့ရဲ့ ပွဲမှာတော့ နော်မာဂိုမယ်ဒေ့ါဗ်က (၄)ချီမြောက်မှာ အနိုင်ရခဲ့ပေမယ့်လည်း အားကစားသမား မဆန်တဲ့ အပြုအမူကြောင့် ရန်ပွဲဖြစ်ပွားခဲ့ပြီး အရုပ်ဆိုးအကျည်းတန်မှုနဲ့ ပွဲကို အဆုံးသတ်ခဲ့ရတယ်။ UFC Lightweight လက်ရှိချန်ပီယံ နော်မာဂိုမယ်ဒေ့ါဗ်ဟာ မက်ဂရီဂေါ်ကို အသာစီးက ထိုးသတ်နိုင်ခဲ့ပြီး စတုတ္ထအချီ (၃း၀၃)မိနစ်မှာ Rear naked choke အကွက်နဲ့ အနိုင်ယူခဲ့တာပါ။
Nurmagomedov-beats-Conor-McGregor
Nurmagomedov-beats-Conor-McGregor
နော်မာဂိုမယ်ဒေ့ါဗ်ဟာ ချက်ချင်းဆိုသလိုပဲ Cage ထဲကနေ ခုန်ထွက်ပြီး အောက်မှာရှိနေတဲ့ မက်ဂရီဂေါ်ရဲ့နည်းပြ Dillon Danis ကို ထိုးကြိတ်ခဲ့တာပါပဲ။
Brawl-Scenes
Brawl-Scenes
အဲဒီမှာ အခြေအနေက ရုတ်ရုတ်သဲသဲတွေ ဖြစ်ခဲ့သလို လုံခြုံရေးရဲတွေနဲ့ တာဝန်ရှိသူတွေက လိုက်ထိန်းနေတုန်းမှာပဲ နော်မာဂိုမယ်ဒေ့ါဗ်ရဲ့လူတွေက Cage ထဲအထိ ဝင်ပြီး မက်ဂရီဂေါ်ကို ထိုးကြိတ်ခဲ့ပါတယ်။ အခြေအနေနည်းနည်း တည်ငြိမ်သွားတဲ့အချိန်မှာ UFC ဥက္ကဌ Dana White အပါအဝင် အကြီးအကဲတွေဟာ Cage ထဲ ဆင်းလာပြီး Dana White က နော်မာဂိုမယ်ဒေ့ါဗ်ကို ချန်ပီယံခါးပတ် ပေးလို့မရဘဲ တကယ်လို့ ခါးပတ်ပေးလိုက်ရင် ပရိသတ်တွေက အရာဝတ္ထုပစ္စည်းတွေနဲ့ ပစ်ပေါက်ကြလိမ့်မယ်လို့ အသိပေးခဲ့တယ်။
Mcgregor-Escorted-by-Security
Mcgregor-Escorted-by-Security
နော်မာဂိုမယ်ဒေ့ါဗ်နဲ့ မက်ဂရီဂေါ်တို့ကို ရဲလုံခြုံရေးအဖွဲ့တွေက ထိန်းသိမ်းခေါ်ဆောင်ခဲ့ပြီးနောက်မှာ ဒိုင်လူကြီးက အနိုင်ရတဲ့သူ နာမည်ကို ကြေညာခဲ့ပါတယ်။ UFC သမိုင်းတစ်လျှောက်မှာ အနိုင်ရတဲ့သူ Cage ထဲမှာ မရှိဘဲ ဒိုင်လူကြီးက Winner အမည်ကို ကြေညာခဲ့တာဟာ အခု ပထမဆုံးအကြိမ်ပါပဲ။ ဒီဖြစ်ရပ်ကြောင့် နော်မာဂိုမယ်ဒေ့ါဗ်ဟာ NSAC အဖွဲ့ရဲ့ အရေးယူမှု ခံရဖို့ရှိနေပါပြီ။ ဒီပွဲဟာ UFC သမိုင်းတစ်လျှောက် ပွဲကြီးပွဲကောင်းတွေထဲမှာ အပါအဝင်ဖြစ်ခဲ့ရပေမယ့် နော်မာဂိုမယ်ဒေ့ါဗ်ရဲ့ လုပ်ရပ်ကြောင့် စိတ်ပျက်စရာဖြစ်ခဲ့ရတယ်လို့ပဲ ဆိုရမှာပါ။
နော်မာဂိုမယ်ဒေ့ါဗ်ရဲ့ရန်ပွဲကို ကြည့်ရန် ရုပ်သံလင့်ခ်
REF:Talk Sports,mmajunkie.com
Photo:News.com.au,Daily Star
Naing Linn(Akhayar)
www.akhayar.com