[Zawgyi]

လိင္စိတ္အားနည္းတဲ့အမ်ိဳးသမီးေတြကိုကူညီေပးေနတဲ့ ၾသစေၾတးလ်က အဝတ္မဲ့ေယာဂသင္တန္း

အမ်ိဳးသမီးေတြအတြက္ Workout လုပ္တာ၊ ကိုယ္လက္လႈပ္ရွားအားကစားလုပ္တာေတြကို ရင္းႏွီးထိေတြ႕မႈရွိသေလာက္ ေယာဂက်င့္တာကိုေတာ့ စိတ္ဝင္တစား ေလ့က်င့္မႈအားနည္းၾကတာ မ်ားပါတယ္။ ဒါေၾကာင့္ ကိုယ္မသိတဲ့သူေတြနဲ႔ အမ်ားနည္းတူ အဝတ္ဗလာနဲ႔ ၾကမ္းျပင္ေပၚေမွာက္လ်က္အေနအထားနဲ႔ ေယာဂက်င့္ဖို႔ဆိုတာ ေတာ္ေတာ္ခက္ခဲမယ့္အလုပ္ျဖစ္ပါတယ္။ ဒါေပမဲ့ ၾသစေၾတးလ်ႏိုင္ငံက ေယာဂသင္တန္းတစ္ခုကေတာ့ အမ်ိဳးသမီးေတြရဲ႕လိင္ကိစၥအေပၚ ယံုၾကည္မႈရွိရွိနဲ႔ ကုိယ့္ရဲ႕ပါတနာနဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးကိုတည္ေဆာက္ႏိုင္ဖို႔ကူညီေပးတဲ့ေနရာမွာ ေတာ္ေတာ္ေလးေအာင္ျမင္မႈရရွိေနပါတယ္။

ဒီသင္တန္းကိုတက္ေရာက္လာတဲ့ အမ်ိဳးသမီးေတြဟာ သူတို႔ရဲ႕ခႏၶာကိုယ္အစိတ္အပိုင္းေတြနဲ႔ပတ္သက္ၿပီး ေက်နပ္လက္ခံလာႏိုင္ၿပီး သူတို႔ရဲ႕အိမ္ေထာင္ဖက္၊ ပါတနာနဲ႔ဆက္ဆံေရးကိုလည္း အေကာင္းဆံုးတည္ေဆာက္လာႏိုင္တဲ့အတြက္ စိတ္ဖိစီးမႈေတြပါေလ်ာ့က်လာေအာင္ ဒီသင္တန္းရဲ႕ေယာဂက်င့္စဥ္က ကူညီေပးမွာျဖစ္တယ္လို႔ အသက္ ၃၀ ရွိၿပီျဖစ္တဲ့ သင္တန္းဆရာမ Rosie Rees က ရွင္းျပပါတယ္။

NAKED YOGA

ဒီအိုင္ဒီယာကိုစၿပီး အေကာင္အထည္ေဖာ္တုန္းကေတာ့ ဒါဟာထူးဆန္းၿပီး ေၾကာင္ေတာင္ေတာင္ႏုိင္တယ္လို႔ထင္ရေပမယ့္ ေနာက္ပိုင္းမွာ ဒီလို ကိုယ္လံုးတီးေယာဂက်င့္ျခင္းက သက္ေတာင့္သက္သာျဖစ္လာေစခဲ့ပါတယ္။ ဒါေၾကာင့္ လြန္ခဲ့တဲ့သံုးႏွစ္က သူမရဲ႕အေတြ႕အႀကံဳေတြကို ဇာတိၿမိဳ႕မွာပဲ Workshop ေတြလုပ္ၿပီး မွ်ေဝခဲ့ပါတယ္။ အခုေတာ့ နယူးေယာက္မွာ ဒီလိုသင္တန္းဖြင့္ဖို႔ ျဖစ္လာပါၿပီ။

“ပထမေတာ့ ကၽြန္မရဲ႕အိပ္ခန္းထဲမွာ ဒီလိုအဝတ္မပါဘဲ ေယာဂစက်င့္ပါတယ္။ ေနာက္ေတာ့ အိမ္ေနာက္ေဖးကြက္လပ္မွာက်င့္တယ္။ ကၽြန္မခႏၶာကိုယ္အစိတ္အပိုင္းေတြကို တစ္ခုခ်င္းစီျမင္လိုက္ရတဲ့အခ်ိန္မွာ လံုးဝေရွာ့ခ္ျဖစ္ၿပီး မသက္မသာခံစားခဲ့ရတယ္” “ကၽြန္မခႏၶာကိုယ္ေပၚမွာရွိတဲ့ အစိတ္အပိုင္းေတြကို တကယ္မႏွစ္သက္ခဲ့ဘူး။ ဗိုက္နားတဝိုက္က အဆီျပင္ေတြ၊ တင္ပါးဆံုတဝိုက္က အဆီပိုေတြကိုၾကည့္ၿပီး ေတာ္ေတာ္ေလး စိတ္မခ်မ္းသာျဖစ္သြားတယ္။ ဒါေပမဲ့ တၿပိဳင္တည္းမွာပဲ ကၽြန္မဒီအရာေတြကို လက္ခံသြားႏိုင္ၿပီး လြတ္လပ္ေပါ့ပါးမႈကို ခံစားလိုက္ရတယ္”လို႔ သူမကဆိုပါတယ္။

Naked Yoga

“ကၽြန္မရဲ႕ေလ့က်င့္မႈေတြအရ အခုဆိုရင္ ကၽြန္မခႏၶာကိုယ္ကို အရင္ကထက္ပိုၿပီး လက္ခံလာႏိုင္တယ္။ ကၽြန္မခႏၶာကိုယ္နဲ႔ပတ္သက္ၿပီး အေသးငယ္ဆံုးလႈပ္ရွားမႈေလးေတြကအစ ခံစားမိလာတယ္။ အေရျပားေပၚက ေခၽြးေပါက္ေလးေတြကို ေလတိုးသြားတာကအစေပါ့” လို႔ Rosie ကေျပာပါတယ္။ ဒါ့အျပင္ သူမရဲ႕ခႏၶာကိုယ္နဲ႔ပတ္သက္ၿပီး သက္ေတာင့္သက္သာခံစားရတဲ့အတြက္ ခႏၶာကိုယ္ကို ခ်စ္စျပဳလာပါတယ္။ မလွမပတဲ့အျပစ္အနာအဆာေတြကိုေတာင္ ခံစားသိျမင္လာတယ္လို႔ဆိုပါတယ္။ ဒါေၾကာင့္ သူမရဲ႕ေတြ႕ရွိခ်က္ေတြကို တျခားေသာအမ်ိဳးသမီးေတြကိုလည္း မွ်ေဝခ်င္ခဲ့ပါတယ္။

Rosie ဟာ ဒီေယာဂက်င့္စဥ္နဲ႔ သမိုင္းေၾကာင္းေတြကို ဆက္ၿပီးေလ့လာဖို႔ သူမအလုပ္ေတြကိုထားခဲ့ၿပီး အိႏၵိယကိုေျခဆန္႔ခဲ့ပါတယ္။ အဲဒီလိုႏွစ္အနည္းငယ္ေလ့လာမႈေတြလုပ္ၿပီးခ်ိန္မွာ မ်ားစြာေသာအမ်ိဳးသမီးေတြဟာ သူမရဲ႕ေယာဂသင္တန္းကို ေရာက္လာၾကပါတယ္။

“ဒီလို ကုိယ္လံုးတီးေယာဂက်င့္တယ္ဆိုတာ ရိုးရိုးသာမန္ေယာဂက်င့္တာနဲ႔မတူဘဲ စိတ္ဝိဉာာဥ္ကိုပါ လႊတ္ထားရတဲ့အလုပ္ပါ။ သာမန္ေယာဂေလ့က်င့္ခန္းဟာ စိတ္ဖိစီးမႈကို သက္သာေစပါတယ္။ ဒီလို အဝတ္ဗလာနဲ႔က်င့္တဲ့ေယာဂေလ့က်င့္ခန္းကေတာ့ စိတ္ဝိဥာဥ္ကိုပါ နက္နက္ရိႈင္းရိႈင္းခံစားမႈျဖစ္ေစပါတယ္။ ဒါ့အျပင္ ကိုယ့္ရဲ႕အိမ္ေထာင္ဖက္၊ ပါတနာနဲ႔ဆက္ဆံေရးကို ေကာင္းမြန္ေစၿပီး မိသားစုဆက္ဆံေရးကိုပါ တိုးတက္ေစပါတယ္” လို႔ သူမကေျပာပါတယ္။

အခုေတာ့ Rosie Rees အေနနဲ႔ ၾသစေၾတးလ်ႏိုင္ငံမွာ သူမရဲ႕ ေယာဂေလ့က်င့္ခန္းနဲ႔ပတ္သက္ၿပီး Workshop ရာေပါင္းမ်ားစြာ က်င္းပေဆြးေႏြးေပးေနရပါၿပီ။ ဒါ့အျပင္ သူမရဲ႕ေယာဂသင္တန္းကိုလည္း မ်ားစြာေသာအမ်ိဳးသမီးေတြက စိတ္ဝင္တစား ပါဝင္ေလ့က်င့္လာၾကတယ္လို႔ဆိုပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

လိင်စိတ်အားနည်းတဲ့အမျိုးသမီးတွေကိုကူညီပေးနေတဲ့ သြစတြေးလျက အဝတ်မဲ့ယောဂသင်တန်း

အမျိုးသမီးတွေအတွက် Workout လုပ်တာ၊ ကိုယ်လက်လှုပ်ရှားအားကစားလုပ်တာတွေကို ရင်းနှီးထိတွေ့မှုရှိသလောက် ယောဂကျင့်တာကိုတော့ စိတ်ဝင်တစား လေ့ကျင့်မှုအားနည်းကြတာ များပါတယ်။ ဒါကြောင့် ကိုယ်မသိတဲ့သူတွေနဲ့ အများနည်းတူ အဝတ်ဗလာနဲ့ ကြမ်းပြင်ပေါ်မှောက်လျက်အနေအထားနဲ့ ယောဂကျင့်ဖို့ဆိုတာ တော်တော်ခက်ခဲမယ့်အလုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ သြစတြေးလျနိုင်ငံက ယောဂသင်တန်းတစ်ခုကတော့ အမျိုးသမီးတွေရဲ့လိင်ကိစ္စအပေါ် ယုံကြည်မှုရှိရှိနဲ့ ကိုယ့်ရဲ့ပါတနာနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်ဖို့ကူညီပေးတဲ့နေရာမှာ တော်တော်လေးအောင်မြင်မှုရရှိနေပါတယ်။

ဒီသင်တန်းကိုတက်ရောက်လာတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ပတ်သက်ပြီး ကျေနပ်လက်ခံလာနိုင်ပြီး သူတို့ရဲ့အိမ်ထောင်ဖက်၊ ပါတနာနဲ့ဆက်ဆံရေးကိုလည်း အကောင်းဆုံးတည်ဆောက်လာနိုင်တဲ့အတွက် စိတ်ဖိစီးမှုတွေပါလျော့ကျလာအောင် ဒီသင်တန်းရဲ့ယောဂကျင့်စဉ်က ကူညီပေးမှာဖြစ်တယ်လို့ အသက် ၃၀ ရှိပြီဖြစ်တဲ့ သင်တန်းဆရာမ Rosie Rees က ရှင်းပြပါတယ်။

NAKED YOGA

ဒီအိုင်ဒီယာကိုစပြီး အကောင်အထည်ဖော်တုန်းကတော့ ဒါဟာထူးဆန်းပြီး ကြောင်တောင်တောင်နိုင်တယ်လို့ထင်ရပေမယ့် နောက်ပိုင်းမှာ ဒီလို ကိုယ်လုံးတီးယောဂကျင့်ခြင်းက သက်တောင့်သက်သာဖြစ်လာစေခဲ့ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့သုံးနှစ်က သူမရဲ့အတွေ့အကြုံတွေကို ဇာတိမြို့မှာပဲ Workshop တွေလုပ်ပြီး မျှဝေခဲ့ပါတယ်။ အခုတော့ နယူးယောက်မှာ ဒီလိုသင်တန်းဖွင့်ဖို့ ဖြစ်လာပါပြီ။

“ပထမတော့ ကျွန်မရဲ့အိပ်ခန်းထဲမှာ ဒီလိုအဝတ်မပါဘဲ ယောဂစကျင့်ပါတယ်။ နောက်တော့ အိမ်နောက်ဖေးကွက်လပ်မှာကျင့်တယ်။ ကျွန်မခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တစ်ခုချင်းစီမြင်လိုက်ရတဲ့အချိန်မှာ လုံးဝရှော့ခ်ဖြစ်ပြီး မသက်မသာခံစားခဲ့ရတယ်” “ကျွန်မခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အစိတ်အပိုင်းတွေကို တကယ်မနှစ်သက်ခဲ့ဘူး။ ဗိုက်နားတဝိုက်က အဆီပြင်တွေ၊ တင်ပါးဆုံတဝိုက်က အဆီပိုတွေကိုကြည့်ပြီး တော်တော်လေး စိတ်မချမ်းသာဖြစ်သွားတယ်။ ဒါပေမဲ့ တပြိုင်တည်းမှာပဲ ကျွန်မဒီအရာတွေကို လက်ခံသွားနိုင်ပြီး လွတ်လပ်ပေါ့ပါးမှုကို ခံစားလိုက်ရတယ်”လို့ သူမကဆိုပါတယ်။

Naked Yoga

“ကျွန်မရဲ့လေ့ကျင့်မှုတွေအရ အခုဆိုရင် ကျွန်မခန္ဓာကိုယ်ကို အရင်ကထက်ပိုပြီး လက်ခံလာနိုင်တယ်။ ကျွန်မခန္ဓာကိုယ်နဲ့ပတ်သက်ပြီး အသေးငယ်ဆုံးလှုပ်ရှားမှုလေးတွေကအစ ခံစားမိလာတယ်။ အရေပြားပေါ်က ချွေးပေါက်လေးတွေကို လေတိုးသွားတာကအစပေါ့” လို့ Rosie ကပြောပါတယ်။ ဒါ့အပြင် သူမရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး သက်တောင့်သက်သာခံစားရတဲ့အတွက် ခန္ဓာကိုယ်ကို ချစ်စပြုလာပါတယ်။ မလှမပတဲ့အပြစ်အနာအဆာတွေကိုတောင် ခံစားသိမြင်လာတယ်လို့ဆိုပါတယ်။ ဒါကြောင့် သူမရဲ့တွေ့ရှိချက်တွေကို တခြားသောအမျိုးသမီးတွေကိုလည်း မျှဝေချင်ခဲ့ပါတယ်။

Rosie ဟာ ဒီယောဂကျင့်စဉ်နဲ့ သမိုင်းကြောင်းတွေကို ဆက်ပြီးလေ့လာဖို့ သူမအလုပ်တွေကိုထားခဲ့ပြီး အိန္ဒိယကိုခြေဆန့်ခဲ့ပါတယ်။ အဲဒီလိုနှစ်အနည်းငယ်လေ့လာမှုတွေလုပ်ပြီးချိန်မှာ များစွာသောအမျိုးသမီးတွေဟာ သူမရဲ့ယောဂသင်တန်းကို ရောက်လာကြပါတယ်။

“ဒီလို ကိုယ်လုံးတီးယောဂကျင့်တယ်ဆိုတာ ရိုးရိုးသာမန်ယောဂကျင့်တာနဲ့မတူဘဲ စိတ်ဝိဉာာဉ်ကိုပါ လွှတ်ထားရတဲ့အလုပ်ပါ။ သာမန်ယောဂလေ့ကျင့်ခန်းဟာ စိတ်ဖိစီးမှုကို သက်သာစေပါတယ်။ ဒီလို အဝတ်ဗလာနဲ့ကျင့်တဲ့ယောဂလေ့ကျင့်ခန်းကတော့ စိတ်ဝိဉာဉ်ကိုပါ နက်နက်ရှိုင်းရှိုင်းခံစားမှုဖြစ်စေပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့အိမ်ထောင်ဖက်၊ ပါတနာနဲ့ဆက်ဆံရေးကို ကောင်းမွန်စေပြီး မိသားစုဆက်ဆံရေးကိုပါ တိုးတက်စေပါတယ်” လို့ သူမကပြောပါတယ်။

အခုတော့ Rosie Rees အနေနဲ့ သြစတြေးလျနိုင်ငံမှာ သူမရဲ့ ယောဂလေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး Workshop ရာပေါင်းများစွာ ကျင်းပဆွေးနွေးပေးနေရပါပြီ။ ဒါ့အပြင် သူမရဲ့ယောဂသင်တန်းကိုလည်း များစွာသောအမျိုးသမီးတွေက စိတ်ဝင်တစား ပါဝင်လေ့ကျင့်လာကြတယ်လို့ဆိုပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။