လက္ရွိကမၻာေပၚက Nuclear လက္နက္အေရအတြက္

ကမၻာႀကီးပ်က္ဖို႔ဆိုတာ လူသားေတြကိုယ္တုိင္ဖ်က္ဆီးမွ ျဖစ္မွာပါ။ ကမၻာႀကီးကို ပူေႏြးလာေအာင္လုပ္လိုက္္္္၊ ရာသီဥတုေတြ ေဖာက္ျပန္လာေအာင္လုပ္လိုက္နဲ႔ ႏ်ဴကလီးယားေတြသံုးၿပီး ဖ်က္ဆီးပစ္ေအာင္လုပ္လိုက္နဲ႔ နည္း မ်ိဳးအမ်ိဳးနဲ႔ ဖ်က္ဆီးဖို႔ႀကိဳးစားေနသလိုပါပဲ။ ဒါေပမယ့္ ဒီလိုမ်ိဳးကမၻာႀကီးပ်က္စီးမယ့္အေရးကို ေတြးၿပီး ကာကြယ္ ဖို႔ ႀကိဳးစားေနတဲ့သူေတြလည္း ရွိပါတယ္။ ႏ်ဴကလီးယားစစ္အင္အားအၿပိဳင္တိုးခ်ဲ႕ဖို႔ႀကိဳးစား ေနတာကလည္း စစ္ပြဲေတြဆီဦးတည္ေစၿပီး ကမၻာပ်က္ဖို႔ နီးကပ္လာသလိုပါပဲ။

Washington Post ရဲ႕ေရးသားေဖာ္ျပခ်က္အရဆိုရင္ ေျမာက္ကိုရီးယားရဲ႕ ႏ်ဴ ကလီးယားလက္နက္ပို္င္ဆိုင္မႈ ဟာ ကၽြမ္းက်င္သူေတြရဲ႕ ခန္႔မွန္းထားမႈထက္ ၃ဆ နီးပါးေလာက္ ရွိေနႏိုင္ပါတယ္။

အေမရိကန္ ကာကြယ္ေရးေထာက္လွမ္းေရး ေအဂ်င္စီရဲ႕ ၂၀၁၇ ခုႏွစ္၊ ဇူလိုင္လ ရဲ႕အစီရင္ခံစာအရလည္း ကမၻာေပၚက ႏ်ဴကလီးယားလက္နက္အေရအတြက္က ပိုၿပီးေတာ့ တိုးပြားေနတယ္လို႔ေျပာလို႔ရပါတယ္။ Washington Post ရဲ႕အဆိုအရလည္း ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳးအန္ရဲ႕လက္ထဲမွာ ႏ်ဴကလီးယား လက္နက္အေရအတြက္ ၆၀ ေလာက္ရွိေနႏိုင္ပါတယ္။ ဒါက စေတာ့ဟုမ္း ႏိုင္ငံတကာၿငိမ္းခ်မ္းေရးသုေတသန အဖြဲ႔အစည္း (Stockholm International Peace Research Institute) ရဲ႕ ဇူလိုင္လတုန္းက ထုတ္ျပန္ခ်က္နဲ႔ ေတာ့ကြဲလြဲေနပါတယ္။

heineken

Washington Post ရရွိထားတဲ့သတင္းေတြအရ အထီးက်န္ေနတဲ့ ေျမာက္ကိုရီးယားႏုိင္ငံဟာ ကုလသမဂၢလုံျခံဳ ေရးေကာင္စီရဲ႕ အေမရိကန္ေဒၚလာ ၁ ဘီလီယံေလာက္ရွိတဲ့ စီးပြားေရး အေရးယူပိတ္ဆို႔မႈေတြကို ရင္ဆိုင္ေနရ ပါတယ္။ သူတို႔ဟာ တိုက္တစ္တုိက္ကေနတစ္တိုက္ကိုပစ္ႏိုင္တဲ့ ဒံုးပ်ံေတြမွာ ႏ်ဴကလီးယားထိပ္ဖူးတပ္ဆင္ဖို႔ ႀကိဳးပမ္းခဲ့တာက အဓိကအေၾကာင္းအရင္းပါ။ မၾကာေသးမီကလုပ္ခဲ့တဲ့ စမ္းသပ္မႈမွာလည္း သူတို႔ရဲ႕ဒံုးပ်ံေတြ ဟာ နယူးေယာက္နဲ႔ ဝါရွင္တန္အထိေရာက္နိုင္တယ္ဆိုတဲ့ အရိပ္အႁမြက္ေတြျပခဲ့ပါေသးတယ္။

ႏ်ဴကလီးယားလက္နက္ေတြနဲ႔ပက္သက္ရင္ အေမရိကန္နဲ႔ ရုရွားနဲ႔က ဒုတိယကမၻာစစ္ေနာက္ပိုင္းေတာက္ ေလွ်ာက္ၿပိဳင္ဆိုင္ခဲ့ၾကပါတယ္။ အခုအေျခအေနမွာလည္း အေမရိကန္က သူတို႔ရဲ႕ေရြးေကာက္ပြဲမွာ ရုရွားဟက္ ကာေတြရဲ႕ ႀကိဳးကုိင္တဲ့စနက္ေတြ ရွိေနတယ္လို႔စြပ္စြဲခဲ့သလို ဆီးရီးယားက ဓါတုလက္နက္အသံုးျပဳမႈေတြနဲ႔ လည္း ဆက္စပ္မႈရွိတယ္လိုိ႔စြပ္စြဲခဲ့တာေၾကာင့္ ဆက္ဆံေရးေတာ္ေတာ္က်ဲေနပါတယ္။

အေမရိကန္ရဲ႕ လက္ရွိသမၼတ ေဒၚနယ္ထရမ့္က အေမရိကန္ရဲ႕ ႏ်ဴကလီးယားစစ္အင္အားကို ေဒၚလာ ၁ ထရီလီယံေလာက္သံုးစြဲၿပီး အဆင့္ျမွင့္ဖို႔ ျပင္ဆင္ေနသလို ရုရွားကလည္း သူတို႔ရဲ႕ႏ်ဴကလီးယားအင္အားကို တိုးျမွင့္ဖို႔ ျပင္ဆင္ေနပါတယ္။ ဒီလုိမ်ိဳးအေျခအေနေတြေၾကာင့္ လက္နက္အင္အားၿပိဳင္ဆိုင္ပြဲ ျဖစ္လာတယ္လို႔ ထရမ့္ကိုယ္တုိင္ကလည္း ဝန္ခံထားပါတယ္။

အက္တမ္သိပၸံပညာရွင္မ်ားအဖြဲ႔ရဲ႕ ပံုမွန္ထုတ္ျပန္ေနၾက ႏ်ဴကလီးယားစစ္ပြဲေၾကာင့္ ကမၻာကႀကီးပ်က္စီးႏိုင္ေခ်ကိုျပတဲ့ Doomsday Clock မွာဆိုရင္ ကမၻာပ်က္ဖို႔က အခ်ိန္စကၠန္႔ ၃၀ ေလာက္ေစာလာပါၿပီ။ Doomsday Clock ရဲ႕တြက္ကိန္းအရဆိုရင္ ကမၻာပ်က္ဖို႔အတြက္ ၂ မိနစ္ စကၠန္႔ ၃၀ ေလာက္ပဲလိုပါေတာ့တယ္။ (Doomsday Clock ဘယ္လုိျဖစ္လာတယ္။ ဘယ္လိုတြက္တာဆိုတာကို ေနာက္မွ အေသးစိတ္ရွင္းျပပါမယ္။)

ေအာက္က ကမၻာ့ေျမပံုကေတာ့ ကမၻာေပၚက ႏ်ဴကလီးလက္နက္ပိုင္ဆုိင္တဲ့ ႏိုင္ငံေတြနဲ႔ ပိုင္ဆိုင္တဲ့အေရအ တြက္ကို ျပထားတာျဖစ္ပါတယ္။ စုစုေပါင္း အေရအတြက္ ၁၄၉၉၅ ေလာက္ ခန္႔မွန္းေခ်ရွိေနပါတယ္။

Ref: www.businessinsider.com

မင္းသုခ (အခရာ)
www.akhayar.com

[Unicode]

လက်ရှိကမ္ဘာပေါ်က Nuclear လက်နက်အရေအတွက်

ကမ္ဘာကြီးပျက်ဖို့ဆိုတာ လူသားတွေကိုယ်တိုင်ဖျက်ဆီးမှ ဖြစ်မှာပါ။ ကမ္ဘာကြီးကို ပူနွေးလာအောင်လုပ်လိုက်၊ ရာသီဥတုတွေ ဖောက်ပြန်လာအောင်လုပ်လိုက်နဲ့ နျူးကလီးယားတွေသုံးပြီး ဖျက်ဆီးပစ်အောင်လုပ်လိုက်နဲ့ နည်း မျိုးအမျိုးနဲ့ ဖျက်ဆီးဖို့ကြိုးစားနေသလိုပါပဲ။ ဒါပေမယ့် ဒီလိုမျိုးကမ္ဘာကြီးပျက်စီးမယ့်အရေးကို တွေးပြီး ကာကွယ် ဖို့ ကြိုးစားနေတဲ့သူတွေလည်း ရှိပါတယ်။ နျူကလီးယားစစ်အင်အားအပြိုင်တိုးချဲ့ဖို့ကြိုးစား နေတာကလည်း စစ်ပွဲတွေဆီဦးတည်စေပြီး ကမ္ဘာပျက်ဖို့ နီးကပ်လာသလိုပါပဲ။

Washington Post ရဲ့ရေးသားဖော်ပြချက်အရဆိုရင် မြောက်ကိုရီးယားရဲ့ နျူ ကလီးယားလက်နက်ပိုင်ဆိုင်မှု ဟာ ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းထားမှုထက် ၃ဆ နီးပါးလောက် ရှိနေနိုင်ပါတယ်။

အမေရိကန် ကာကွယ်ရေးထောက်လှမ်းရေး အေဂျင်စီရဲ့ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ရဲ့အစီရင်ခံစာအရလည်း ကမ္ဘာပေါ်က နျူကလီးယားလက်နက်အရေအတွက်က ပိုပြီးတော့ တိုးပွားနေတယ်လို့ပြောလို့ရပါတယ်။ Washington Post ရဲ့အဆိုအရလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအန်ရဲ့လက်ထဲမှာ နျူကလီးယား လက်နက်အရေအတွက် ၆၀ လောက်ရှိနေနိုင်ပါတယ်။ ဒါက စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသန အဖွဲ့အစည်း (Stockholm International Peace Research Institute) ရဲ့ ဇူလိုင်လတုန်းက ထုတ်ပြန်ချက်နဲ့ တော့ကွဲလွဲနေပါတယ်။

Washington Post ရရှိထားတဲ့သတင်းတွေအရ အထီးကျန်နေတဲ့ မြောက်ကိုရီးယားနိုင်ငံဟာ ကုလသမဂ္ဂလုံခြုံ ရေးကောင်စီရဲ့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံလောက်ရှိတဲ့ စီးပွားရေး အရေးယူပိတ်ဆို့မှုတွေကို ရင်ဆိုင်နေရ ပါတယ်။ သူတို့ဟာ တိုက်တစ်တိုက်ကနေတစ်တိုက်ကိုပစ်နိုင်တဲ့ ဒုံးပျံတွေမှာ နျူကလီးယားထိပ်ဖူးတပ်ဆင်ဖို့ ကြိုးပမ်းခဲ့တာက အဓိကအကြောင်းအရင်းပါ။ မကြာသေးမီကလုပ်ခဲ့တဲ့ စမ်းသပ်မှုမှာလည်း သူတို့ရဲ့ဒုံးပျံတွေ ဟာ နယူးယောက်နဲ့ ဝါရှင်တန်အထိရောက်နိုင်တယ်ဆိုတဲ့ အရိပ်အမြွက်တွေပြခဲ့ပါသေးတယ်။

နျူကလီးယားလက်နက်တွေနဲ့ပက်သက်ရင် အမေရိကန်နဲ့ ရုရှားနဲ့က ဒုတိယကမ္ဘာစစ်နောက်ပိုင်းတောက် လျှောက်ပြိုင်ဆိုင်ခဲ့ကြပါတယ်။ အခုအခြေအနေမှာလည်း အမေရိကန်က သူတို့ရဲ့ရွေးကောက်ပွဲမှာ ရုရှားဟက် ကာတွေရဲ့ ကြိုးကိုင်တဲ့စနက်တွေ ရှိနေတယ်လို့စွပ်စွဲခဲ့သလို ဆီးရီးယားက ဓါတုလက်နက်အသုံးပြုမှုတွေနဲ့ လည်း ဆက်စပ်မှုရှိတယ်လို့စွပ်စွဲခဲ့တာကြောင့် ဆက်ဆံရေးတော်တော်ကျဲနေပါတယ်။

heinekenအမေရိကန်ရဲ့ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်ရဲ့ နျူကလီးယားစစ်အင်အားကို ဒေါ်လာ ၁ ထရီလီယံလောက်သုံးစွဲပြီး အဆင့်မြှင့်ဖို့ ပြင်ဆင်နေသလို ရုရှားကလည်း သူတို့ရဲ့နျူကလီးယားအင်အားကို တိုးမြှင့်ဖို့ ပြင်ဆင်နေပါတယ်။ ဒီလိုမျိုးအခြေအနေတွေကြောင့် လက်နက်အင်အားပြိုင်ဆိုင်ပွဲ ဖြစ်လာတယ်လို့ ထရမ့်ကိုယ်တိုင်ကလည်း ဝန်ခံထားပါတယ်။

အက်တမ်သိပ္ပံပညာရှင်များအဖွဲ့ရဲ့ ပုံမှန်ထုတ်ပြန်နေကြ နျူကလီးယားစစ်ပွဲကြောင့် ကမ္ဘာကကြီးပျက်စီးနိုင်ချေ ကိုပြတဲ့ Doomsday Clock မှာဆိုရင် ကမ္ဘာပျက်ဖို့က အချိန်စက္ကန့် ၃၀ လောက်စောလာပါပြီ။ Doomsday Clock ရဲ့တွက်ကိန်းအရဆိုရင် ကမ္ဘာပျက်ဖို့အတွက် ၂ မိနစ် စက္ကန့် ၃၀ လောက်ပဲလိုပါတော့တယ်။ (Doomsday Clock ဘယ်လိုဖြစ်လာတယ်။ ဘယ်လိုတွက်တာဆိုတာကို နောက်မှ အသေးစိတ်ရှင်းပြပါမယ်။)

အောက်က ကမ္ဘာ့မြေပုံကတော့ ကမ္ဘာပေါ်က နျူကလီးလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတွေနဲ့ ပိုင်ဆိုင်တဲ့အရေအ တွက်ကို ပြထားတာဖြစ်ပါတယ်။ စုစုပေါင်း အရေအတွက် ၁၄၉၉၅ လောက် ခန့်မှန်းချေရှိနေပါတယ်။

Ref: www.businessinsider.com

မင်းသုခ (အခရာ)
www.akhayar.com