[ZawGyi]

ေကာင္မေလးေတြ ေႂကြက်သြားမယ့္ လမ္းဆံုေထာင့္က ေကာ္ဖီဆိုင္ဆန္းေလး “Now and Then Cafe”

ေခတ္ႀကီးကိုက Social Media ေခတ္ဆိုေတာ့ ကိုယ္ေတြအစားသမားေတြဆိုတာလည္း ဘာေလးစားရစားရ၊ ဘယ္ေလးသြားရ သြားရ၊ ဆိုင္လွလွေလး၊ အစားအစာပံုလွလွေလးေတြ႕တာနဲ႔ ဓါတ္ဖမ္းၿပီး ကိုယ့္ကိုယ္ပိုင္ Account ေတြမွာ တင္ၾကတာမ်ိဳးမလား?

အဲ့လို ဓါတ္လည္းဖမ္း၊ တစ္ေနကုန္ Wifi ေလးနဲ႔ သာသာယာယာလည္း ၿငိမ့္ႏိုင္မယ့္ ဘိုဆန္ဆန္ ဆိုင္လွလွေလးတစ္ဆိုင္ ရန္ကုန္ၿမိဳ႕ရဲ႕ လမ္းဆံုလမ္းေထာင့္ေလးမွာ ဖြင့္ထားတာ သိၿပီးၾကၿပီလား?

ဘိုဆန္ဆန္ဆိုတာ ဒီဆိုင္ေလးက ထူးထူးဆန္းဆန္းလမ္းဆံုေထာင့္ေလးမွာ ထီးထီးေလး သူတစ္ဆိုင္ပဲ တစ္ေစာင္းေလး ေဆာက္ထားတာ။ တစ္ဆိုင္လံုးကို မွန္အၾကည္ေလးေတြနဲ႔ေဆာက္ထားတယ္။ Bar လို ထိုင္ခံုတန္းေလးေတြရွိတယ္။ တစ္ဆိုင္လံုးက အရမ္း ဘိုဆန္ၿပီး ခ်စ္စရာေကာင္းတယ္။ ႏိုင္ငံျခားက ေကာ္ဖီဆိုင္ေလးေရာက္ေနသလို Feeling ေလး။ လမ္းမတန္းေပၚဆိုေတာ့ ကားရပ္ရေတာ့ ခက္မယ္။

နာမည္ေလးက “Now and Then Cafe” တဲ့။ ရန္ကင္း မွာရွိတယ္။ သူ႔ဆီမွာ Coffee ၊ Soda ၊ Smoothie ၊ Toast ေတြ၊ Italian Food ေလးေတြရတယ္။ Honey Toast နာမည္ႀကီးတယ္တဲ့။ ကိုယ္ကေတာ့ ေကာ္ဖီသမားမဟုတ္လို႔ Lime Soda ေလးနဲ႔ Cheese Cake ေလး မွာခဲ့တယ္။

Lime Soda ကေတာ့ ေသာက္လို႔ သိပ္မေျပ။ အရသာမရွိသလိုပဲ။ Cheese Cake ေလးကေတာ့ အီစိမ့္ ကိုယ့္အႀကိဳက္ ကြက္တိ။ ေစ်းေလးေတြက Soda က ၂၅၀၀။ Cheese Cake က ၂၈၀၀ လားပဲ။

ေစ်းေတာ့ နည္းနည္းႀကီးတယ္။ အရသာေတြကေတာ့ သိပ္အားမရေသးဘူး။ ဒါေပမယ့္ သူငယ္ခ်င္းေတြစုထိုင္လို႔ေကာင္းေတာ့ မဆိုးဘူးေျပာရမယ္။ ကိတ္ေလးေတြလည္း မွာလို႔ရတယ္။

ဆိုင္ရဲ႕ ေနရာအႏွံ႔ ဓါတ္ပံု႐ိုက္လို႔လွလို႔ ကိုယ့္လို မိန္းကေလးေတြဆို ေပ်ာ္လိုက္မယ့္ျဖစ္ျခင္း။ မွန္ဆိုင္ေလးဆိုေတာ့ ေန႔ခင္းဘက္ဆို ေနက်ေလာက္မယ္။ ညေနပိုင္း ၃,၄ နာရီေလာက္၊ ဒါမွမဟုတ္ မိုးအံု႔တဲ့ ရာသီဥတုေလးေတြမွာဆိုရင္ေတာ့ တစ္ေနကုန္ ေကာ္ဖီခြက္ေလး၊ ကိတ္ေလးေတြနဲ႔ မိုးေရစက္ေလးၾကည့္ရင္း ထိုင္ၿငိမ့္ပါလိမ့္။

ေနာက္ဒီဆိုင္ေလးကို အရမ္းႀကိဳက္မိတဲ့တစ္ခ်က္က Wifi ပဲ။ လိုင္းအရမ္းေကာင္းလို႔ ေအးေဆး ၾကည့္ခ်င္တာေလးေတြ သာသာယာယာထိုင္ရင္း ၾကည့္လို႔ရတယ္။ ဆိုင္ေလးက လူရွင္းတဲ့အခ်ိန္ေတာ့ ထိုင္ရတာ နားေအးပါးေအးနဲ႔ ႏိုင္ငံျခားေရာက္သြားသလိုပဲ။

လိပ္စာက သစၥာလမ္းနဲ႔ မိုးေကာင္းလမ္းၾကား၊ ရန္ကင္း မွာပါ။ မနက္ ၉  ကေန ည ၈ နာရီ အထိဖြင္႔တယ္။ မိုးအံု႔ေနခ်ိန္ေလးေတြ သိပ္ထိုင္လို႔ေကာင္းတဲ့ဆိုင္ေလးမို႔ လူရွင္းတုန္း ျမန္ျမန္ေျပးသြားဖို႔ အခရာက ၫႊန္ေပးလိုက္တယ္ေနာ္။

EiEiKhineMinn (Akhayar)

[Unicode]

ကောင်မလေးတွေ ကြွေကျသွားမယ့် လမ်းဆုံထောင့်က ကော်ဖီဆိုင်ဆန်းလေး “Now and Then Cafe”

ခေတ်ကြီးကိုက Social Media ခေတ်ဆိုတော့ ကိုယ်တွေအစားသမားတွေဆိုတာလည်း ဘာလေးစားရစားရ၊ ဘယ်လေးသွားရ သွားရ၊ ဆိုင်လှလှလေး၊ အစားအစာပုံလှလှလေးတွေ့တာနဲ့ ဓါတ်ဖမ်းပြီး ကိုယ့်ကိုယ်ပိုင် Account တွေမှာ တင်ကြတာမျိုးမလား?

အဲ့လို ဓါတ်လည်းဖမ်း၊ တစ်နေကုန် Wifi လေးနဲ့ သာသာယာယာလည်း ငြိမ့်နိုင်မယ့် ဘိုဆန်ဆန် ဆိုင်လှလှလေးတစ်ဆိုင် ရန်ကုန်မြို့ရဲ့ လမ်းဆုံလမ်းထောင့်လေးမှာ ဖွင့်ထားတာ သိပြီးကြပြီလား?

ဘိုဆန်ဆန်ဆိုတာ ဒီဆိုင်လေးက ထူးထူးဆန်းဆန်းလမ်းဆုံထောင့်လေးမှာ ထီးထီးလေး သူတစ်ဆိုင်ပဲ တစ်စောင်းလေး ဆောက်ထားတာ။ တစ်ဆိုင်လုံးကို မှန်အကြည်လေးတွေနဲ့ဆောက်ထားတယ်။ Bar လို ထိုင်ခုံတန်းလေးတွေရှိတယ်။ တစ်ဆိုင်လုံးက အရမ်း ဘိုဆန်ပြီး ချစ်စရာကောင်းတယ်။ နိုင်ငံခြားက ကော်ဖီဆိုင်လေးရောက်နေသလို Feeling လေး။ လမ်းမတန်းပေါ်ဆိုတော့ ကားရပ်ရတော့ ခက်မယ်။

နာမည်လေးက “Now and Then Cafe” တဲ့။ တောင်ဥက္ကလာမှာရှိတယ်။ သူ့ဆီမှာ Coffee ၊ Soda ၊ Smoothie ၊ Toast တွေ၊ Italian Food လေးတွေရတယ်။ Honey Toast နာမည်ကြီးတယ်တဲ့။ ကိုယ်ကတော့ ကော်ဖီသမားမဟုတ်လို့ Lime Soda လေးနဲ့ Cheese Cake လေး မှာခဲ့တယ်။

Lime Soda ကတော့ သောက်လို့ သိပ်မပြေ။ အရသာမရှိသလိုပဲ။ Cheese Cake လေးကတော့ အီစိမ့် ကိုယ့်အကြိုက် ကွက်တိ။ ဈေးလေးတွေက Soda က ၂၅၀၀။ Cheese Cake က ၂၈၀၀ လားပဲ။

ဈေးတော့ နည်းနည်းကြီးတယ်။ အရသာတွေကတော့ သိပ်အားမရသေးဘူး။ ဒါပေမယ့် သူငယ်ချင်းတွေစုထိုင်လို့ကောင်းတော့ မဆိုးဘူးပြောရမယ်။ ကိတ်လေးတွေလည်း မှာလို့ရတယ်။

ဆိုင်ရဲ့ နေရာအနှံ့ ဓါတ်ပုံရိုက်လို့လှလို့ ကိုယ့်လို မိန်းကလေးတွေဆို ပျော်လိုက်မယ့်ဖြစ်ခြင်း။ မှန်ဆိုင်လေးဆိုတော့ နေ့ခင်းဘက်ဆို နေကျလောက်မယ်။ ညနေပိုင်း ၃,၄ နာရီလောက်၊ ဒါမှမဟုတ် မိုးအုံ့တဲ့ ရာသီဥတုလေးတွေမှာဆိုရင်တော့ တစ်နေကုန် ကော်ဖီခွက်လေး၊ ကိတ်လေးတွေနဲ့ မိုးရေစက်လေးကြည့်ရင်း ထိုင်ငြိမ့်ပါလိမ့်။

နောက်ဒီဆိုင်လေးကို အရမ်းကြိုက်မိတဲ့တစ်ချက်က Wifi ပဲ။ လိုင်းအရမ်းကောင်းလို့ အေးဆေး ကြည့်ချင်တာလေးတွေ သာသာယာယာထိုင်ရင်း ကြည့်လို့ရတယ်။ ဆိုင်လေးက လူရှင်းတဲ့အချိန်တော့ ထိုင်ရတာ နားအေးပါးအေးနဲ့ နိုင်ငံခြားရောက်သွားသလိုပဲ။

လိပ်စာက သစ္စာလမ်းနဲ့ မိုးကောင်းလမ်းကြား၊ ရန်ကင်းမှာပါ။ မနက် ၉  ကနေ ည ၈ နာရီ အထိဖွင့်တယ်။ မိုးအုံ့နေချိန်လေးတွေ သိပ်ထိုင်လို့ကောင်းတဲ့ဆိုင်လေးမို့ လူရှင်းတုန်း မြန်မြန်ပြေးသွားဖို့ အခရာက ညွှန်ပေးလိုက်တယ်နော်။

EiEiKhineMinn (Akhayar)