[Zawgyi] 


S Pen Teaser


Galaxy Note 8


Ref: Droid Life

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Bluetooth ပါလာမယ့် Galaxy Note 9 ရဲ့  S Pen အသစ်

Galaxy Note 9 ကို လာမယ့် သြဂုတ်လ ၉ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ Samsung က ကြေညာထားပြီးသားဖြစ်ပါတယ်။ Note 9 ကတော့ ၂၀၁၈ အတွက် Samsung ရဲ့ Note ထုတ်ကုန်အသစ်ဖြစ်တာကြောင့် Note Series ပရိသတ်ကြားမှာ စိတ်ဝင်စားမှုတွေမြင့်တက်နေပါပြီ။ 

S Pen Teaser

Galaxy Note 9 အတွက် Samsung ထုတ်ထားတဲ့ Teaser Video နဲ့ ဓာတ်ပုံမှာလည်း Note တွေရဲ့ အသက်လို့ပြောလို့ရတဲ့ S Pen ကိုပဲ ဦးစားပေးပြီး ပြထားတာတွေ့ရပါတယ်။ ကြိုးမဲ့ဆက်သွယ်ရေး ထုတ်ကုန်ပစ္စည်းတွေနဲ့ ပတ်သက်လာရင် ခွင့်ပြုချက်ထုတ်ပေးတဲ့ FCC ဆိုတာ ရှိပါတယ်။ FCC မှာ ဈေးကွက်မတင်ရသေးတဲ့ ထုတ်ကုန်ပစ္စည်းတွေရဲ့ အချက်အလက်တချို့ ရှိနေတတ်တာကြောင့် သတင်းပေါက်တာတွေလည်း မကြာမကြာတွေ့ရပါတယ်။ အခုတစ်ခေါက်မှာတော့ Galaxy Note 9 မှာ ပါလာမယ့် S Pen အသစ်နဲ့ ပတ်သက်လို့ သတင်းပေါက်ကြားလာပါတယ်။ 

Galaxy Note 8

S Pen အသစ်မှာ Bluetooth ပါလာမယ်ဆိုတာ သေချာသွားပါပြီ။ FCC ရဲ့ စာရင်းထဲမှာ EJ-PN960 ဆိုတဲ့နာမည်နဲ့ Stylus တစ်ခုကို တွေ့ရပါတယ်။ Note 9 ရဲ့ Model နံပါတ်ဖြစ်တဲ့ N960 ဆိုတာလည်း ပါနေတာကြောင့် Note 9 ရဲ့ S Pen ဆိုတာ သေချာနေပါတယ်။ 2.4 GHz ရှိတဲ့ Bluetooth ပါဝင်မှာဖြစ်တာကြောင့် Note 9 နဲ့ S Pen အကြား ဆက်သွယ်ပြီး Feature အသစ်တွေ ပါလာနိုင်ပါတယ်။ S Pen ကနေ ဖုန်းကို အဝေးထိမ်းခလုတ်တစ်ခုအဖြစ် အသုံးပြုနိုင်စေမယ့် Feature အသစ်တွေ ပါလာမယ်လို့ ခန့်မှန်းရပါတယ်။ ပါလာနိုင်မယ့် Feature တွေကတော့ Bixby လှမ်းဖွင့်တာ၊ သီချင်း Play/Pause လုပ်တာ မျိုးတွေပဲ ဖြစ်ပါတယ်။ S Pen ကို ဦးစားပေးထားတယ်ဆိုတာ သိသာနေပါတယ်။ Teaser မှာလည်း S Pen ကိုပဲ ပြထားတာကြောင့်ပါ။ Bluetooth ပါလာတာကြောင့် S Pen ရဲ့ အတွင်းမှာ Battery လည်း ပါလာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ Battery ကိုတော့ ဖုန်းထဲမှာ ထည့်ထားတဲ့အချိန်မှာ အလိုအလျောက် အားသွင်းပေးသွားမယ်လို့ ယူဆရပါတယ်။ Note 9 ကတော့ S Pen တစ်ခုတည်းနဲ့တင် စိတ်ဝင်စားစရာသိပ်ကောင်းနေပါပြီ။ 

Ref: Droid Life

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။