[Zawgyi]


Note 9 Render


S Pen


Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com


[Unicode]

Galaxy Note 9 ရဲ့ Render လုပ်ထားတဲ့ပုံ သတင်းပေါက်ကြားလာ

Galaxy Note 9 ကို မကြာခင်မြင်ရတော့မှာပါ။ Samsung က မကြာသေးခင်ကမှ Note 9 အတွက် Teaser Video ကိုထုတ်ပြထားပါသေးတယ်။ အခုသတင်းပေါက်လာတဲ့ ပုံအရတော့ Note 9 က လက်ရှိထွက်ထားတဲ့ Note 8 ရဲ့ အရှေ့ဖက် Design ကတော့ သိသိသာသာပြောင်းသွားတာမျိုး မတွေ့ရပါဘူး။ 

Note 9 Render

Note 9 ကတော့ Design အသစ်ကို အဓိကမထားဘဲ Fearure အသစ်တွေနဲ့ S Pen အသစ်လို အဆင့်မြှင့်တင်မှုတွေနဲ့ပဲ ဈေးကွက်တင်သွားမယ်လို့ ယူဆရပါတယ်။ S Pen အသစ်ကလည်း Bluetooth ပါဝင်လာနိုင်မယ်ဆိုတာမျိုးက တိတိကျကျ သတင်းထွက်ထားပြီး ဖြစ်ပါတယ်။ Note 9 မှာတော့ လက်ရှိ S9 မှာပါဝင်လာတဲ့ Stereo Speaker လိုမျိုး Feature တွေကို မျှော်လင့်လို့ရပါတယ်။

S Pen

ကျောဖက်က Fingerprint Sensor ကိုလည်း ပိုပြီးအဆင်ပြေမယ့် နေရာကို ရွေ့ပေးထားမယ်လို့မျှော်လင့်ရပါတယ်။ Note 9 ကတော့ ၂၀၁၈ ခုနှစ်အတွက် လိုချင်စရာအကောင်းဆုံး Notch မပါတဲ့ Flagship ဖုန်းတစ်လုံးဖြစ်လာဦးမလားဆိုတာ စိတ်ဝင်စားဖို့ သိပ်ကောင်းနေပါပြီ။ Note 9 ကိုတော့ လာမယ့် သြဂုတ်လ ၉ ရက်နေ့မှာ မိတ်ဆက်ပေးသွားမှာဖြစ်တာကြောင့် Note Series ပရိသတ်တွေအားလုံး စိတ်လှုပ်ရှားနေကြမှာပါ။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။