[Zawgyi] 

Samsung Galaxy Note 9 ကေတာ့ FCC (US Federal Communications Commission) ရဲ႕ ေထာက္ခံခ်က္ကို ရွိရွိသြားပါၿပီ။ Galaxy Note 9 လို႔ေတာ့ တရားဝင္ နာမည္မထြက္လာေပမယ့္ Note 9 လို႔ယူဆရတဲ့ Samsung ဖုန္းတစ္လံုးျဖစ္ေနခဲ့ပါတယ္။ 

Note 9 Render(Not Actual Device)

SM-N960F ဆိုတဲ့ Model နံပါတ္ေၾကာင့္ Galaxy Note Series ျဖစ္တယ္ဆိုတာက ေသခ်ာပါတယ္။ အေသးစိတ္အခ်က္ေတြကိုေတာ့ မသိရေပမယ့္ Stylus ပါတယ္ဆိုတာကိုေတာ့ သိခဲ့ရပါတယ္။ အရင္ထြက္ထားၿပီးျဖစ္တဲ့ Galaxy Note 8 ရဲ႕ Model နံပါတ္က SM-N950 ျဖစ္ပါတယ္။ LTE Band ေတြအတြက္ နည္းပညာအသစ္ေတြ၊ WiFi Chip အသစ္ေတြနဲ႔ NFC အပိုင္းေတြေလာက္ပဲ သိရတာျဖစ္တာေၾကာင့္ Spec ေတြကေတာ့ သတင္းေပါက္သြားတာမ်ိဳး မရွိခဲ့ပါဘူး။ 

FCC Info

Samsung ထုတ္ကုန္ေတြရဲ႕ ထုတ္ေနက်ပံုအတိုင္း US Version ေတြက တစ္ကမၻာလံုးကို ျဖန္႔တဲ့ Device ေတြနဲ႔ အနည္းငယ္ကြဲျပားေနမွာပါ။ Snapdragon 845 Chip နဲ႔လာႏိုင္ၿပီး Memory လည္း တူႏုိင္မွာမဟုတ္ပါဘူး။ Galaxy Note 9 ရဲ႕ Design ကေတာ့ အခုလက္ရွိ Note 8 နဲ႔ အမ်ားႀကီးကြာျခားေနတာမ်ိဳး ရွိမွာမဟုတ္ဘဲ ပိုပါးသြားတဲ့ ဖုန္းရဲ႕အေပၚနဲ႔ ေအာက္က ေဘာင္ေတြနည္းနည္းပိုပါးသြားမယ္ဆိုတာပဲ သိရပါေသးတယ္။ ထြက္ထားတဲ့ ေကာလဟလေတြကလည္း တိက်မႈမရွိတာေၾကာင့္ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။ Galaxy Note 9 ကေတာ့ Note Series ပ႐ိသတ္ကို ဘယ္ေလာက္ ထပ္ဆြဲေဆာင္ႏိုင္ဦးမလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။ 

Ref: Phone Arena

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

FCC ရဲ့ ထောက်ခံချက်ရရှိသွားပြီဖြစ်တဲ့ Samsung Galaxy Note 9

Samsung Galaxy Note 9 ကတော့ FCC (US Federal Communications Commission) ရဲ့ ထောက်ခံချက်ကို ရှိရှိသွားပါပြီ။ Galaxy Note 9 လို့တော့ တရားဝင် နာမည်မထွက်လာပေမယ့် Note 9 လို့ယူဆရတဲ့ Samsung ဖုန်းတစ်လုံးဖြစ်နေခဲ့ပါတယ်။ 

Note 9 Render(Not Actual Device)

SM-N960F ဆိုတဲ့ Model နံပါတ်ကြောင့် Galaxy Note Series ဖြစ်တယ်ဆိုတာက သေချာပါတယ်။ အသေးစိတ်အချက်တွေကိုတော့ မသိရပေမယ့် Stylus ပါတယ်ဆိုတာကိုတော့ သိခဲ့ရပါတယ်။ အရင်ထွက်ထားပြီးဖြစ်တဲ့ Galaxy Note 8 ရဲ့ Model နံပါတ်က SM-N950 ဖြစ်ပါတယ်။ LTE Band တွေအတွက် နည်းပညာအသစ်တွေ၊ WiFi Chip အသစ်တွေနဲ့ NFC အပိုင်းတွေလောက်ပဲ သိရတာဖြစ်တာကြောင့် Spec တွေကတော့ သတင်းပေါက်သွားတာမျိုး မရှိခဲ့ပါဘူး။ 

FCC Info

Samsung ထုတ်ကုန်တွေရဲ့ ထုတ်နေကျပုံအတိုင်း US Version တွေက တစ်ကမ္ဘာလုံးကို ဖြန့်တဲ့ Device တွေနဲ့ အနည်းငယ်ကွဲပြားနေမှာပါ။ Snapdragon 845 Chip နဲ့လာနိုင်ပြီး Memory လည်း တူနိုင်မှာမဟုတ်ပါဘူး။ Galaxy Note 9 ရဲ့ Design ကတော့ အခုလက်ရှိ Note 8 နဲ့ အများကြီးကွာခြားနေတာမျိုး ရှိမှာမဟုတ်ဘဲ ပိုပါးသွားတဲ့ ဖုန်းရဲ့အပေါ်နဲ့ အောက်က ဘောင်တွေနည်းနည်းပိုပါးသွားမယ်ဆိုတာပဲ သိရပါသေးတယ်။ ထွက်ထားတဲ့ ကောလဟလတွေကလည်း တိကျမှုမရှိတာကြောင့် ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ Galaxy Note 9 ကတော့ Note Series ပရိသတ်ကို ဘယ်လောက် ထပ်ဆွဲဆောင်နိုင်ဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Ref: Phone Arena

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။