[Zawgyi]

သတိ… ဒီလိုလူစားမ်ိဳးေတြကို ဘဝလက္တြဲေဖာ္အျဖစ္ မေရြးခ်ယ္ရပါ

ကိုယ့္ရဲ႕ဘဝလက္တြဲေဖာ္ကို ေရြးခ်ယ္တဲ့အခါမွာ အခ်စ္တစ္ခုတည္းနဲ႔လည္း ေရြးခ်ယ္လို႔မရပါဘူး။ သူ႔ရဲ႕သစၥာရွိမႈ၊ အက်င့္စရိုက္မ်ားကိုလည္း ေသခ်ာသိထားဖုိ႔ေတာ့ လိုပါတယ္။ တစ္ဘဝစာလံုးအတြက္ ရည္ရြယ္သူျဖစ္လို႔ ကိုယ့္ကိုအၿမဲေပ်ာ္ရႊင္ေအာင္ ဖန္တီးေပးႏုိင္သူျဖစ္ေနမွ တည္ၿမဲတဲ့ Relationship ကို ပိုင္ဆိုင္ႏုိင္မွာပါ။ ဒါ့ေၾကာင့္ အခုေဖာ္ျပေပးမယ့္ အခ်က္ေတြနဲ႔ကိုက္ညီမႈရွိေနရင္ သင့္ကို ေပ်ာ္ရႊင္မႈ ေပးစြမ္းႏိုင္မယ့္ လက္တြဲေဖာ္မျဖစ္ႏုိင္ေသးပါဘူး။

(၁) အရာရာကိုခ်ဳပ္ခ်ယ္ၿပီး သဝန္တိုလြန္းသူ

ခ်စ္သူတစ္ဦးနဲ႔တစ္ဦး အဆင္ေျပေစဖို႔အတြက္ ကိုယ္ပိုင္လြတ္လပ္ခြင့္ေလးေတာ့ ရွိထားသင့္ပါတယ္။ ဒီလိုမဟုတ္ဘဲ ကိစၥရပ္တစ္ခုစီတုိင္းကို အၿမဲ control လုပ္ၿပီး သဝန္တိုေနမယ္၊ ပိတ္ပင္တားျမစ္ေနမယ္ဆိုရင္ ေပ်ာ္ရႊင္ဖြယ္ Relationship တစ္ခု ျဖစ္မလာႏုိင္ပါဘူး။ ကိစၥအေသးအမႊားေလးကအစ ခ်ဳပ္ခ်ယ္ၿပီး သဝန္တိုေနမယ္ဆိုရင္ အခ်ိန္ၾကာလာတာနဲ႔အမွ် တစ္ဦးနဲ႔တစ္ဦး တိုင္ပင္ေဆြးေႏြးမႈေတြ၊ ပြင့္လင္းမႈေတြ မရွိၾကေတာ့ဘဲ ေသြးေအးသြားႏုိင္ပါတယ္။ ဒါ့ေၾကာင့္ အရာရာခ်ဳပ္ခ်ယ္ၿပီး သဝန္တိုလြန္းတဲ့သူကို ကိုယ့္ရဲ႕ဘဝလက္တြဲေဖာ္အျဖစ္ မစဥ္းစားသင့္ပါဘူး။

(၂) တစ္ကိုယ္ေကာင္းဆန္သူ

အတၱႀကီးမႈေတြနဲ႔ တစ္ကိုယ္ေကာင္းဆန္တဲ့စိတ္ကလည္း တည္ၿမဲတဲ့အခ်စ္ေရးကို ၿပိဳကြဲေစႏုိင္တဲ့ အခ်က္ပါပဲ။ ကိုယ့္ဘက္ကခ်စ္တာကိုပဲသိၿပီး တစ္ဘက္သားရဲ႕ စိတ္ခံစားခ်က္၊ ဆႏၵေတြကို လ်စ္လ်ဴရႈတာက တစ္ကိုယ္ေကာင္းဆန္တဲ့သူေတြပါ။ ဒါေတြေၾကာင့္ တစ္ကိုယ္ေကာင္းဆန္တဲ့သူကိုလည္း လက္တြဲေဖာ္အျဖစ္ မေရြးခ်ယ္သင့္ပါဘူး။

(၃) မၾကာခဏ အျငင္းပြားတတ္သူ

ကိစၥရပ္တစ္ခုကို အခ်ိန္ၾကာရွည္စြာ မၾကာခဏ အျငင္းအခုံျပဳလုပ္တာကလည္း သင္တိုု႔ရဲ႕ ေပ်ာ္ရႊင္ဖြယ္အခ်စ္ေရးကို ထိခုိက္လာေစႏုိင္ပါတယ္။ ျပႆနာတစ္ခုျဖစ္ေပၚလာရင္ အက်ိဳးသင့္အေၾကာင္းသင့္ ေျဖရွင္းတတ္ဖုိ႔ပဲ လိုတာပါ။ ဒီလိုမဟုတ္ဘဲ ကိစၥရပ္တုိင္းကို ေကာင္းေကာင္းမြန္မြန္မေျဖရွင္းဘဲ အျငင္းပြားတတ္သူဆိုရင္ေတာ့ သင့္ရဲ႕ဘဝလက္တြဲေဖာ္ေကာင္း မျဖစ္ႏုိင္ပါဘူး။

(၄) စိတ္ခံစားခ်က္ကို ဦးစားေပးသူ

စိတ္ခံစားထိခုိက္လြယ္ၿပီး စိတ္အေျပာင္းအလဲျမန္တတ္တဲ့သူကိုလည္း ထိန္းခ်ဳပ္ဖုိ႔ ခက္ခဲလွပါတယ္။ ဘာမဟုတ္တဲ့ကိစၥကိုေတာင္ ေတြးၿပီး ဝမ္းနည္းေနမယ္၊ ေဒါသထြက္ေနမယ္ဆိုရင္ ေျဖရွင္းဖို႔မလြယ္ေတာ့ပါဘူး။ ဒါ့ေၾကာင့္ ျဖစ္သင့္တာထက္ စိတ္ခံစားခ်က္ကို ပိုၿပီးဦးစားေပးတဲ့သူေတြကိုလည္း လက္တြဲေဖာ္အျဖစ္ မေရြးခ်ယ္သင့္ပါဘူး။

(၅) အမွားမ်ားကို ဝန္ခံရမွာေၾကာက္ရြံ႕သူ

ျပႆနာတစ္ခုႀကံဳလာတဲ့အခါ ကိုယ္လုပ္ခဲ့တဲ့ အမွားအတြက္ ဝန္ခ်ေတာင္းပန္ဖို႔ကို ဝန္ေလးေနတတ္သူကလည္း လက္တြဲေဖာ္ေကာင္းတစ္ေယာက္ မျဖစ္ႏုိင္ပါဘူး။ တစ္ဦးနဲ႔တစ္ဦး ပြင့္ပြင့္လင္းလင္းနဲ႔ ေဆြးေႏြးတုိင္ပင္ၿပီး အမွားမ်ားကို ဝန္ခံရဲတာ၊ ေတာင္းပန္တာေတြအတြက္ တြန္႔ဆုတ္မေနဘူးဆိုရင္ တည္ၿမဲတဲ့ Relationship တစ္ခုကို တည္ေဆာက္ႏုိင္မွာပါ။

(၆) ပြင့္လင္းမႈမရွိသူ

လွ်ိဳ႕ဝွက္ခ်က္ေတြမ်ားၿပီး ပြင့္ပြင့္လင္းလင္းမရွိတာကလည္း ေပ်ာ္ရႊင္စရာေကာင္းတဲ့ အခ်စ္ေရးကို မတည္ေဆာက္ႏိုင္ပါဘူး။ အရာရာကို လွ်ိဳ႕ဝွက္ၿပီး ပြင့္ပြင့္လင္းလင္း ေဆြးေႏြးတိုင္ပင္တာမ်ိဳး မျပဳလုပ္ေတာ့ဘူးဆိုရင္ တစ္ဦးနဲ႔တစ္ဦး ေသြးေအးသြားႏိုင္ပါတယ္။ ဒါ့ေၾကာင့္ မပြင့္မလင္းနဲ႔ ေနထုိင္တတ္သူကို သင့္ရဲ႕ဘဝလက္တြဲေဖာ္အျဖစ္ လံုးဝမေရြးခ်ယ္သင့္ပါဘူး။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

သတိ… ဒီလိုလူစားမျိုးတွေကို ဘဝလက်တွဲဖော်အဖြစ် မရွေးချယ်ရပါ

ကိုယ့်ရဲ့ဘဝလက်တွဲဖော်ကို ရွေးချယ်တဲ့အခါမှာ အချစ်တစ်ခုတည်းနဲ့လည်း ရွေးချယ်လို့မရပါဘူး။ သူ့ရဲ့သစ္စာရှိမှု၊ အကျင့်စရိုက်များကိုလည်း သေချာသိထားဖို့တော့ လိုပါတယ်။ တစ်ဘဝစာလုံးအတွက် ရည်ရွယ်သူဖြစ်လို့ ကိုယ့်ကိုအမြဲပျော်ရွှင်အောင် ဖန်တီးပေးနိုင်သူဖြစ်နေမှ တည်မြဲတဲ့ Relationship ကို ပိုင်ဆိုင်နိုင်မှာပါ။ ဒါ့ကြောင့် အခုဖော်ပြပေးမယ့် အချက်တွေနဲ့ကိုက်ညီမှုရှိနေရင် သင့်ကို ပျော်ရွှင်မှု ပေးစွမ်းနိုင်မယ့် လက်တွဲဖော်မဖြစ်နိုင်သေးပါဘူး။

(၁) အရာရာကိုချုပ်ချယ်ပြီး သဝန်တိုလွန်းသူ

ချစ်သူတစ်ဦးနဲ့တစ်ဦး အဆင်ပြေစေဖို့အတွက် ကိုယ်ပိုင်လွတ်လပ်ခွင့်လေးတော့ ရှိထားသင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ ကိစ္စရပ်တစ်ခုစီတိုင်းကို အမြဲ control လုပ်ပြီး သဝန်တိုနေမယ်၊ ပိတ်ပင်တားမြစ်နေမယ်ဆိုရင် ပျော်ရွှင်ဖွယ် Relationship တစ်ခု ဖြစ်မလာနိုင်ပါဘူး။ ကိစ္စအသေးအမွှားလေးကအစ ချုပ်ချယ်ပြီး သဝန်တိုနေမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ တစ်ဦးနဲ့တစ်ဦး တိုင်ပင်ဆွေးနွေးမှုတွေ၊ ပွင့်လင်းမှုတွေ မရှိကြတော့ဘဲ သွေးအေးသွားနိုင်ပါတယ်။ ဒါ့ကြောင့် အရာရာချုပ်ချယ်ပြီး သဝန်တိုလွန်းတဲ့သူကို ကိုယ့်ရဲ့ဘဝလက်တွဲဖော်အဖြစ် မစဉ်းစားသင့်ပါဘူး။

(၂) တစ်ကိုယ်ကောင်းဆန်သူ

အတ္တကြီးမှုတွေနဲ့ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ကလည်း တည်မြဲတဲ့အချစ်ရေးကို ပြိုကွဲစေနိုင်တဲ့ အချက်ပါပဲ။ ကိုယ့်ဘက်ကချစ်တာကိုပဲသိပြီး တစ်ဘက်သားရဲ့ စိတ်ခံစားချက်၊ ဆန္ဒတွေကို လျစ်လျူရှုတာက တစ်ကိုယ်ကောင်းဆန်တဲ့သူတွေပါ။ ဒါတွေကြောင့် တစ်ကိုယ်ကောင်းဆန်တဲ့သူကိုလည်း လက်တွဲဖော်အဖြစ် မရွေးချယ်သင့်ပါဘူး။

(၃) မကြာခဏ အငြင်းပွားတတ်သူ

ကိစ္စရပ်တစ်ခုကို အချိန်ကြာရှည်စွာ မကြာခဏ အငြင်းအခုံပြုလုပ်တာကလည်း သင်တို့ရဲ့ ပျော်ရွှင်ဖွယ်အချစ်ရေးကို ထိခိုက်လာစေနိုင်ပါတယ်။ ပြဿနာတစ်ခုဖြစ်ပေါ်လာရင် အကျိုးသင့်အကြောင်းသင့် ဖြေရှင်းတတ်ဖို့ပဲ လိုတာပါ။ ဒီလိုမဟုတ်ဘဲ ကိစ္စရပ်တိုင်းကို ကောင်းကောင်းမွန်မွန်မဖြေရှင်းဘဲ အငြင်းပွားတတ်သူဆိုရင်တော့ သင့်ရဲ့ဘဝလက်တွဲဖော်ကောင်း မဖြစ်နိုင်ပါဘူး။

(၄) စိတ်ခံစားချက်ကို ဦးစားပေးသူ

စိတ်ခံစားထိခိုက်လွယ်ပြီး စိတ်အပြောင်းအလဲမြန်တတ်တဲ့သူကိုလည်း ထိန်းချုပ်ဖို့ ခက်ခဲလှပါတယ်။ ဘာမဟုတ်တဲ့ကိစ္စကိုတောင် တွေးပြီး ဝမ်းနည်းနေမယ်၊ ဒေါသထွက်နေမယ်ဆိုရင် ဖြေရှင်းဖို့မလွယ်တော့ပါဘူး။ ဒါ့ကြောင့် ဖြစ်သင့်တာထက် စိတ်ခံစားချက်ကို ပိုပြီးဦးစားပေးတဲ့သူတွေကိုလည်း လက်တွဲဖော်အဖြစ် မရွေးချယ်သင့်ပါဘူး။

(၅) အမှားများကို ဝန်ခံရမှာကြောက်ရွံ့သူ

ပြဿနာတစ်ခုကြုံလာတဲ့အခါ ကိုယ်လုပ်ခဲ့တဲ့ အမှားအတွက် ဝန်ချတောင်းပန်ဖို့ကို ဝန်လေးနေတတ်သူကလည်း လက်တွဲဖော်ကောင်းတစ်ယောက် မဖြစ်နိုင်ပါဘူး။ တစ်ဦးနဲ့တစ်ဦး ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးတိုင်ပင်ပြီး အမှားများကို ဝန်ခံရဲတာ၊ တောင်းပန်တာတွေအတွက် တွန့်ဆုတ်မနေဘူးဆိုရင် တည်မြဲတဲ့ Relationship တစ်ခုကို တည်ဆောက်နိုင်မှာပါ။

(၆) ပွင့်လင်းမှုမရှိသူ

လျှို့ဝှက်ချက်တွေများပြီး ပွင့်ပွင့်လင်းလင်းမရှိတာကလည်း ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးကို မတည်ဆောက်နိုင်ပါဘူး။ အရာရာကို လျှို့ဝှက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်တာမျိုး မပြုလုပ်တော့ဘူးဆိုရင် တစ်ဦးနဲ့တစ်ဦး သွေးအေးသွားနိုင်ပါတယ်။ ဒါ့ကြောင့် မပွင့်မလင်းနဲ့ နေထိုင်တတ်သူကို သင့်ရဲ့ဘဝလက်တွဲဖော်အဖြစ် လုံးဝမရွေးချယ်သင့်ပါဘူး။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။