[Zawgyi]

မြန္ေဂ်းအင္း (Moon Jae-in) နဲ႔ ကင္ဂ်ံဳးအြန္း (Kim Jong-un) တုိ႔ ဘာေတြသေဘာတူညီခဲ့သလဲ

ေတာင္ကိုရီးယားသမၼတ မြန္ေဂ်းအင္း (Moon Jae-in) နဲ႔ ေျမာက္ကုိရီးယားေခါင္းေဆာင္ ကင္ဂ်ံဳးအြန္း (Kim Jong-un) တုိ႔ရဲ႕ ေတြ႕ဆုံပြဲက ၿပီးေျမာက္ခဲ့ပါၿပီ။ ဒီေတြ႕ဆုံပြဲအေၾကာင္း မေျပာခင္ ကုိရီးယားႏုိင္ငံရဲ႕ကနဦးအေျခအေနေတြကုိ သုံးသပ္ခ်င္ပါတယ္။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

၁၉၁ဝခုႏွစ္ကေန ၁၉၄၅ခုႏွစ္အထိ ဂ်ပန္ႏုိင္ငံက ကုိရီးယားႏုိင္ငံကုိ သိမ္းပုိက္ခဲ့ပါတယ္။ ၁၉၄၅ခုႏွစ္မွာ အေမရိကန္ႏုိင္ငံဟာ နာဂါဆာကီၿမိဳ႕ (Nagasaki) ကုိ အဏုျမဴဗုံးၾကဲၿပီးေနာက္ပုိင္း ဆုိဗီယက္ႏုိင္ငံကလည္း ဂ်ပန္အစုိးရကုိ စစ္ေၾကညာခဲ့ပါတယ္။ ဂ်ပန္ႏုိင္ငံဟာ ကုိရီးယားႏုိင္ငံက ဆုတ္ခြာခဲ့ၿပီး ဆုိဗီယက္ႏုိင္ငံကေတာ့ ကုိရီးယားႏုိင္ငံေျမာက္ပုိင္းနဲ႔ အေမရိကန္ႏုိင္ငံဟာ ကုိရီးယားႏုိင္ငံေတာင္ပုိင္းကုိ ထိန္းခ်ဳပ္ထားၾကပါတယ္။ အေမရိကန္နဲ႔ ဆုိဗီယက္ႏုိင္ငံတုိ႔ရဲ႕အားၿပိဳင္မႈက ကုိရီးယားႏုိင္ငံကုိ ေျမစာပင္ျဖစ္ေစခဲ့ၿပီး ေတာင္ပုိင္းနဲ႔ေျမာက္ပုိင္း တင္းမာမႈကုိ ျဖစ္ေစခဲ့ပါတယ္။

Korean War

Korean War

၁၉၅ဝခုႏွစ္မွာေတာ့ ကုိရီးယားႏုိင္ငံေျမာက္ပုိင္းဟာ ေတာင္ပုိင္းကုိ ဝင္ေရာက္က်ဴးေက်ာ္ခဲ့ၿပီး ျပည္တြင္းစစ္ျဖစ္ေပၚခဲ့ပါတယ္။ ကုိရီးယားႏုိင္ငံေျမာက္ပုိင္းဘက္က တရုတ္နဲ႔ ဆုိဗီယက္ႏုိင္ငံေတြက ကူညီခဲ့ၿပီး ေတာင္ပုိင္းဘက္ကုိ အေမရိကန္ႏုိင္ငံက ကူညီခဲ့ပါတယ္။ ၁၉၅၃ခုႏွစ္ ဇူလုိင္လ (၂၇) ရက္ေန႔မွာေတာ့ ျပည္တြင္းစစ္ၿပီးဆုံးခဲ့ၿပီး ေတာင္ကုိးရိးယားႏုိင္ငံနဲ႔ ေျမာက္ကုိရီးယားႏုိင္ငံဆုိၿပီး ႏွစ္ႏုိင္ငံကြဲသြားခဲ့ပါတယ္။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

ေတာင္နဲ႔ေျမာက္ကုိရီးယားႏုိင္ငံေခါင္းေဆာင္ေတြရဲ႕ ေတြ႕ဆုံပြဲဟာ (၁၁) ႏွစ္အတြင္းမွာ တတိယအႀကိမ္ေျမာက္ျဖစ္ၿပီး ႏုိင္ငံေခါင္းေဆာင္ေတြ ႏွစ္ႏုိင္ငံနယ္နိမိတ္အတြင္းမွာ ေျခခ်ခဲ့တာ ျပည္တြင္းစစ္ၿပီးကတည္းက (၆၅ႏွစ္အတြင္း) ပထမဆုံးအႀကိမ္လုိ႔ေတာင္ ဆုိႏုိင္ပါတယ္။ ႏွစ္ႏုိင္ငံၿငိမ္းခ်မ္းေရးကုိ အဓိကထားေဆြးေႏြးခဲ့ၾကၿပီး ေတြ႕ဆုံပြဲမွ သေဘာတူညီခ်က္တခ်ိဳ႕ကုိ ေဖာ္ျပလုိက္ရပါတယ္။

Moon Jae-In with Kim Jong-Un

Moon Jae-In with Kim Jong-Un

(၁) ကုိရီးယားႏွစ္ႏုိင္ငံဟာ ေကေဆာင္စက္မႈဇုန္ေဒသ (Kaesong) မွာ နယ္စပ္ဆက္ဆံေရးရုံး (Joint Liaison Office) တည္ေဆာက္ၾကရမွာျဖစ္ပါတယ္။

(၂) ကုိရီးယားႏွစ္ႏုိင္ငံဟာ ဇြန္လ (၁၅) ရက္ေန႔မွာ ေနာက္တစ္ႀကိမ္အစည္းအေဝး ထပ္မံျပဳလုပ္ရမွာျဖစ္ပါတယ္။

(၃) ႏွစ္ႏုိင္ငံ သင့္ျမတ္ေရးနဲ႔ စည္းလုံးေရးကုိ ဦးတည္ၿပီး စီးပြားေရးပူးေပါင္းေဆာင္ရြက္မႈ၊ အလည္အပတ္နဲ႔ တျခားကိစၥရပ္ေတြကုိ အရွိန္အဟုန္ျမွင့္တင္ဖုိ႔ သေဘာတူညီခဲ့ပါတယ္။

Moon Jae-In with Kim Jong-Un

Moon Jae-In with Kim Jong-Un

(၄) အားကစားပြဲေတြမွာ ႏွစ္ႏုိင္ငံပူးေပါင္းၿပီး တစ္သင္းတည္းၿပိဳင္ပြဲဝင္ဖုိ႔ သေဘာတူညီခဲ့ပါတယ္။ အထူးသျဖင့္ အင္ဒုိနီးရွားႏုိင္ငံမွာ က်င္းပမယ့္ ၂ဝ၁၈ အာရွအားကစားပြဲမွာ ပူးေပါင္းမယ္လုိ႔ သိရပါတယ္။

(၅) ႏွစ္ႏုိင္ငံမွ ကြဲကြာေနတဲ့ ေဆြမ်ိဳးေတြကုိ ၾသဂုတ္လ (၁၅) ရက္ေန႔မွာ ျပန္လည္ေတြ႕ဆုံေပးဖုိ႔ သေဘာတူညီခဲ့ပါတယ္။

(၆) ႏွစ္ႏုိင္ငံနယ္စပ္မွာ ေလာ္စပီကာနဲ႔ ဝါဒျဖန္႔ခ်ီေရးကိစၥေတြကုိ ရပ္တန္႔ဖုိ႔ သေဘာတူညီခဲ့ပါတယ္။

(၇) ကာကြယ္ေရးဝန္ႀကီးအခ်င္းခ်င္း ေတြ႕ဆုံဖုိ႔လည္း သေဘာတူညီခဲ့ပါတယ္။

Korean Reunification

Korean Reunification

အခုေဖာ္ျပထားတဲ့ အခ်က္အလက္ေတြက ႏွစ္ႏုိင္ငံေခါင္းေဆာင္ေတြရဲ႕ ေတြ႕ဆုံပြဲမွာ သေဘာတူထားတဲ့ ကိစၥရပ္ေတြျဖစ္ပါတယ္။ ႏွစ္ႏုိင္ငံဆက္ဆံေရး ေကာင္းမြန္သြားဖြယ္ရွိၿပီး ေတာင္ကိုရီးယားသမၼတ မြန္ေဂ်းအင္းကလည္း ၂ဝ၁၈ႏွစ္ကုန္ပုိင္းမွာ ေျမာက္ကုိရီးယားႏုိင္ငံကုိ အလည္အပတ္သြားမယ္လုိ႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။ ကုိရီးယားကြ်န္းဆြယ္မွာ စစ္မျဖစ္ဖုိ႔ ကတိျပဳခဲ့ၾကၿပီး “ေတာင္ကုိရီးယားႏုိင္ငံနဲ႔ ေျမာက္ကုိရီးယားႏုိင္ငံဆုိတာ လူမ်ိဳးလည္း တူပါတယ္၊ ေသြးခ်င္းညီအစ္ကုိေတြ ျဖစ္ပါတယ္။ ခြဲျခားလုိ႔ မရေတာ့ပါဘူး” ေျမာက္ကုိရီးယားေခါင္းေဆာင္ ကင္ဂ်ံဳးအြန္းက ဆုိသြားပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

မွန်ဂျေးအင်း (Moon Jae-in) နဲ့ ကင်ဂျုံးအွန်း (Kim Jong-un) တို့ ဘာတွေသဘောတူညီခဲ့သလဲ

တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်း (Moon Jae-in) နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်း (Kim Jong-un) တို့ရဲ့ တွေ့ဆုံပွဲက ပြီးမြောက်ခဲ့ပါပြီ။ ဒီတွေ့ဆုံပွဲအကြောင်း မပြောခင် ကိုရီးယားနိုင်ငံရဲ့ကနဦးအခြေအနေတွေကို သုံးသပ်ချင်ပါတယ်။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

၁၉၁ဝခုနှစ်ကနေ ၁၉၄၅ခုနှစ်အထိ ဂျပန်နိုင်ငံက ကိုရီးယားနိုင်ငံကို သိမ်းပိုက်ခဲ့ပါတယ်။ ၁၉၄၅ခုနှစ်မှာ အမေရိကန်နိုင်ငံဟာ နာဂါဆာကီမြို့ (Nagasaki) ကို အဏုမြူဗုံးကြဲပြီးနောက်ပိုင်း ဆိုဗီယက်နိုင်ငံကလည်း ဂျပန်အစိုးရကို စစ်ကြေညာခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ ကိုရီးယားနိုင်ငံက ဆုတ်ခွာခဲ့ပြီး ဆိုဗီယက်နိုင်ငံကတော့ ကိုရီးယားနိုင်ငံမြောက်ပိုင်းနဲ့ အမေရိကန်နိုင်ငံဟာ ကိုရီးယားနိုင်ငံတောင်ပိုင်းကို ထိန်းချုပ်ထားကြပါတယ်။ အမေရိကန်နဲ့ ဆိုဗီယက်နိုင်ငံတို့ရဲ့အားပြိုင်မှုက ကိုရီးယားနိုင်ငံကို မြေစာပင်ဖြစ်စေခဲ့ပြီး တောင်ပိုင်းနဲ့မြောက်ပိုင်း တင်းမာမှုကို ဖြစ်စေခဲ့ပါတယ်။

Korean War

Korean War

၁၉၅ဝခုနှစ်မှာတော့ ကိုရီးယားနိုင်ငံမြောက်ပိုင်းဟာ တောင်ပိုင်းကို ဝင်ရောက်ကျူးကျော်ခဲ့ပြီး ပြည်တွင်းစစ်ဖြစ်ပေါ်ခဲ့ပါတယ်။ ကိုရီးယားနိုင်ငံမြောက်ပိုင်းဘက်က တရုတ်နဲ့ ဆိုဗီယက်နိုင်ငံတွေက ကူညီခဲ့ပြီး တောင်ပိုင်းဘက်ကို အမေရိကန်နိုင်ငံက ကူညီခဲ့ပါတယ်။ ၁၉၅၃ခုနှစ် ဇူလိုင်လ (၂၇) ရက်နေ့မှာတော့ ပြည်တွင်းစစ်ပြီးဆုံးခဲ့ပြီး တောင်ကိုးရိးယားနိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံဆိုပြီး နှစ်နိုင်ငံကွဲသွားခဲ့ပါတယ်။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

တောင်နဲ့မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင်တွေရဲ့ တွေ့ဆုံပွဲဟာ (၁၁) နှစ်အတွင်းမှာ တတိယအကြိမ်မြောက်ဖြစ်ပြီး နိုင်ငံခေါင်းဆောင်တွေ နှစ်နိုင်ငံနယ်နိမိတ်အတွင်းမှာ ခြေချခဲ့တာ ပြည်တွင်းစစ်ပြီးကတည်းက (၆၅နှစ်အတွင်း) ပထမဆုံးအကြိမ်လို့တောင် ဆိုနိုင်ပါတယ်။ နှစ်နိုင်ငံငြိမ်းချမ်းရေးကို အဓိကထားဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲမှ သဘောတူညီချက်တချို့ကို ဖော်ပြလိုက်ရပါတယ်။

Moon Jae-In with Kim Jong-Un

Moon Jae-In with Kim Jong-Un

(၁) ကိုရီးယားနှစ်နိုင်ငံဟာ ကေဆောင်စက်မှုဇုန်ဒေသ (Kaesong) မှာ နယ်စပ်ဆက်ဆံရေးရုံး (Joint Liaison Office) တည်ဆောက်ကြရမှာဖြစ်ပါတယ်။

(၂) ကိုရီးယားနှစ်နိုင်ငံဟာ ဇွန်လ (၁၅) ရက်နေ့မှာ နောက်တစ်ကြိမ်အစည်းအဝေး ထပ်မံပြုလုပ်ရမှာဖြစ်ပါတယ်။

(၃) နှစ်နိုင်ငံ သင့်မြတ်ရေးနဲ့ စည်းလုံးရေးကို ဦးတည်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ အလည်အပတ်နဲ့ တခြားကိစ္စရပ်တွေကို အရှိန်အဟုန်မြှင့်တင်ဖို့ သဘောတူညီခဲ့ပါတယ်။

Moon Jae-In with Kim Jong-Un

Moon Jae-In with Kim Jong-Un

(၄) အားကစားပွဲတွေမှာ နှစ်နိုင်ငံပူးပေါင်းပြီး တစ်သင်းတည်းပြိုင်ပွဲဝင်ဖို့ သဘောတူညီခဲ့ပါတယ်။ အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် ၂ဝ၁၈ အာရှအားကစားပွဲမှာ ပူးပေါင်းမယ်လို့ သိရပါတယ်။

(၅) နှစ်နိုင်ငံမှ ကွဲကွာနေတဲ့ ဆွေမျိုးတွေကို သြဂုတ်လ (၁၅) ရက်နေ့မှာ ပြန်လည်တွေ့ဆုံပေးဖို့ သဘောတူညီခဲ့ပါတယ်။

(၆) နှစ်နိုင်ငံနယ်စပ်မှာ လော်စပီကာနဲ့ ဝါဒဖြန့်ချီရေးကိစ္စတွေကို ရပ်တန့်ဖို့ သဘောတူညီခဲ့ပါတယ်။

(၇) ကာကွယ်ရေးဝန်ကြီးအချင်းချင်း တွေ့ဆုံဖို့လည်း သဘောတူညီခဲ့ပါတယ်။

Korean Reunification

Korean Reunification

အခုဖော်ပြထားတဲ့ အချက်အလက်တွေက နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ တွေ့ဆုံပွဲမှာ သဘောတူထားတဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်သွားဖွယ်ရှိပြီး တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်းကလည်း ၂ဝ၁၈နှစ်ကုန်ပိုင်းမှာ မြောက်ကိုရီးယားနိုင်ငံကို အလည်အပတ်သွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ စစ်မဖြစ်ဖို့ ကတိပြုခဲ့ကြပြီး “တောင်ကိုရီးယားနိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံဆိုတာ လူမျိုးလည်း တူပါတယ်၊ သွေးချင်းညီအစ်ကိုတွေ ဖြစ်ပါတယ်။ ခွဲခြားလို့ မရတော့ပါဘူး” မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်းက ဆိုသွားပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com