၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီရဲ့ ဥရောပအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းထွက်ပေါ်လာခဲ့ပြီလို့ သိရပါတယ်။ ဒီစာရင်းမှာတော့ မက်ဆီ Messi ၊ စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ ဗန်ဒိုက် Virgil van Dijk တို့ပါဝင်လာခဲ့ပြီး ဘယ်ကစားသမားက ဒီဆုကို ရရှိသွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ပြီးခဲ့တဲ့ နှစ်ဆန်ခါတင်စာရင်းမှာတော့ မိုဒရစ် Modric ၊ စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ ဆာလာ Salah တို့ဖြစ်ပြီး စီရော်နယ်လ်ဒို ဟာ ဒီဆုကိုစတင် ချီးမြှင့်တဲ့ ၂၀၁၀ – ၂၀၁၁ ဘောလုံးရာသီကနေ ခုချိန်ထိ ဆန်ခါတင်(၃)ဦးစာရင်းမှာ နှစ်တိုင်းပါဝင်နေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ ဒီဆုကို မိုဒရစ် က ရရှိခဲ့ပြီး (၃၁၃)မဲအထိရရှိခဲ့တာကြောင့် စီရော်နယ်လ်ဒို က ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဥရောပအကောင်းဆုံး ကစားသမားဆုကို စီရော်နယ်လ်ဒိုက (၃)ကြိမ်နဲ့ အကြိမ်အများဆုံး ရရှိခဲ့သူအဖြစ် ဦးဆောင်နေပြီး မက်ဆီ ကတော့ စတင်ချီးမြှင့်တဲ့ ၂၀၁၀ – ၂၀၁၁ ဘောလုံးရာသီနဲ့ ၂၀၁၄ – ၂၀၁၅ ဘောလုံးရာသီတွေက ဒီဆုကိုရရှိခဲ့ပါတယ်။ အခု ဆန်ခါတင်စာရင်းမှာ ပါဝင်နေတဲ့ ကစားသမား(၃)ဦးလုံးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက စွမ်းဆောင်ရည်ကောင်းတွေပြထားခဲ့ကြသူတွေဖြစ်ပါတယ်။ ဒီနှစ်မှ ဒီဆုကို စီရော်နယ်လ်ဒို ရရှိခဲ့ရင်တော့ (၄)ကြိမ်နဲ့ အကြိမ်အများဆုံး အဖြစ်ဆက်လက်ရပ်တည်နိုင်မှာဖြစ်သလို မက်ဆီ ရရှိခဲ့ရင်တော့ စီရော်နယ်လ်ဒို ရဲ့ အကြိမ်အများဆုံးအရေအတွက်ကို မီမှာဖြစ်ပြီး ဗန်ဒိုက် ရရှိခဲ့ရင်တော့ သူ့ရဲ့ကစားသမားဘ၀ ပထမဆုံးအကြိမ် ရရှိခြင်းအဖြစ်မှတ်တမ်းဝင်မှာဖြစ်ပါတယ်။ ဥရောပအကောင်းဆုံး ကစားသမားဆုကိုတော့ ၂၀၁၉ – ၂၀၂၀ ချန်ပီယံလိဂ် အုပ်စုမဲခွဲပွဲ အခမ်းအနားမှာ ချီးမြှင့်သွားမှာဖြစ်ပြီး မဲခွဲပွဲအခမ်းအနားကိုတော့ သြဂုတ်လ ၂၉ ရက်နေ့ မိုနာကို မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဥရောပအကောင်းဆုံး ကစားသမားဆု ရရှိခဲ့သူများ

2010–11 Lionel Messi Barcelona
2011–12 Andrés Iniesta Barcelona
2012–13 Franck Ribéry Bayern Munich
2013–14 Cristiano Ronaldo Real Madrid
2014–15 Lionel Messi Barcelona
2015–16 Cristiano Ronaldo Real Madrid
2016–17 Cristiano Ronaldo Real Madrid
2017-18 Modric Real Madrid

Ref: UEFA.Com
Photo: UEFA.Com , Independent Newspapers Nigeria
Ko Kyue(Akhayar)
www.akhayar.com