Nokia ဟာ သူတို့ရဲ့ ပထမဆုံး Android စမတ်ဖုန်းဖြစ်တဲ့ Nokia 6 ကို နောက်ဆုံးမှာတော့ စောင့်မျှော်နေသူတွေထံ ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သတင်းဆိုးတစ်ခုကတော့ ဖုန်းဟာ တရုတ်နိုင်ငံမှာသာ ရရှိဦးမှာဖြစ်ကြောင်း သိရပါတယ်။

ဖင်လန်ကုမ္ပဏီ Nokia ဟာ Microsoft ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အရောင်းချခံခဲ့ရပြီးနောက်ပိုင်းမှာ ပထမဆုံး Android စမတ်ဖုန်းကို ထုတ်လုပ်ဖို့အတွက် သတင်းပြေးခဲ့ပြီး ယခုအခါမှာ လက်တွေ့ထွက်ပေါ်လာတော့မှာပါ။

ဖုန်းကို Nokia 6 လို့နာမည်ပေးထားပြီး 4G LTE စနစ်နဲ့ ဖုန်းအဖြစ် ထွက်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ Android 7.0 Nougat နဲ့ အလုပ်လုပ်မှာ ဖြစ်တဲ့ ဖုန်းဟာ ၅.၅လက်မအရွယ် HD မျက်နျာပြင်၊ 16MP ကျောဘက်ကင်မရာနဲ့ 8MP ရှိတဲ့ ရှေ့မျက်နှာ ကင်မရာတွေပါဝင်လာမှာပါ။ Qualcomm ရဲ့ Snapdragon 430 processor ကို အသုံးပြုထားမှာဖြစ်ပြီး 4GB RAM နဲ့ 64GB Storage တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။

Nokia ကိုထုတ်လုပ်ပေးမယ့် ကုမ္ပဏီဖြစ်တဲ့ HMD Global က Nokia 6 ကို တရုတ်နိုင်ငံမှာ စတင်ထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး တရုတ်ဟာ မိုဘိုင်းဖုန်းအသုံးပြုသူ သန်းပေါင်းများစွာနဲ့ အရေးပါတဲ့ ဈေးကွက်တစ်ခုဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ထုတ်လုပ်မယ့်ရက်ကို အသေးစိတ်မသိရသေးပေမယ့် Nokia 6 ကို ဒီနှစ်အစောပိုင်းမှာ ဒေါ်လာ ၂၄၆နဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။

Joker (Akhayar)

Ref: Engatget