ဖုန်းလောကရဲ့  Icon တခုဖြစ်တဲ့  Nokia ရဲ့ စမတ်ဖုန်း အသစ် Nokia 6 ကို ဇန်န၀ါရီ ၁၉ ရက်နေ့ တရုတ်ပြည်မှာ  စတင်ရောင်းချတော့မယ် လို့သိရပါတယ်။  တရုတ် Website တစ်ခုဖြစ်တဲ့  JD.com မှာ  ဒီဖုန်းအတွက် Online ကြိုတင်ငွေပေးချေမှုစနစ် စတင်နေပြီး ဈေးနှုန်းမှာ 66 ယွမ် ( 9 ဒေါ်လာ )  ခန့် ကြိုတင် ပေးသွင်းထားရမှာ ဖြစ်ပါတယ်။

JD.Com ဟာ HMD Global က ထုတ်လုပ်တဲ့နာမည်ကြီး Brand တခုဖြစ်တဲ့  Nokia Smartphone ကိုလက်လီဖြန့်ချီတဲ့ Website တခု ဖြစ်လာနိုင် ကြောင်း သိရပါတယ်။ တရုတ်ပြည်မှာ ပထမဆုံးစတင်ရောင်းချမယ့် Nokia ရဲ့ ဈေးနှုန်းတွေကတော့ 1699 ယွမ် ဒါမှမဟုတ် 245 ဒေါ်လာဖြစ်ပါတယ်။

ဖုန်းမျက်နှာပြင်အကျယ်အ၀န်းဟာ ၅.၅လက်မရှိပြီး 2.5D Gorilla Glass အသုံးပြုထားပါတယ်။ Android Version 7.0 Nougat ကိုအသုံးပြုထားပြီး Processor အနေနဲ့ Qualcomm Snapdragon 430 ပါဝင်ပါတယ်။ RAM 4GB ပါရှိပြီး Onboard Storage အနေနဲ့ကတော့ 64GB ပါရှိပါတယ်။ နောက်ဘက်ကင်မရာ 16MP ပါဝင်ပြီး ရှေ့ဘက်ကင်မရာကတော့ 8MP ပါရှိပါတယ်။

HMD Global ဟာာ Nokia-Branded Android Smartphones တွေကို ကမ္ဘာအနှံ့ ဖြန့်ချီဖို့ ပြင်ဆင်ထားကြောင်းသိရပါတယ်။ Nokia ရဲ့ Facebook Page မှာ တော့ ဖေဖော်ဝါရီ ၂၆မှာ တခြားကြေငြာချက်တွေကို စပိန် နိုင်ငံ ဘာစီလိုနာမြို့မှာကျင်းပမယ့် Mobile World Congress 2017 မတိုင်ခင်မှာ တရားဝင်ထုတ်ပြန်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။

 

Jan (Akhayar)