Pure Android ကိုပဲ အသုံးပြုထားတဲ့ Mid Range ဖုန်းတွေကို ဆက်တိုက်ထုတ်လုပ်နေတဲ့ Nokia ကနေ အခုအချိန်မှာ နောက်ထပ် Nokia X71 နာမည်နဲ့ စမတ်ဖုန်းတစ်ခုကို မိတ်ဆက်လိုက်ပါတယ်။

Nokia X71

ဒီ Nokia X71 စမတ်ဖုန်းကို ထိုင်ဝမ်မှာ အရင်ဆုံးမိတ်ဆက်ခဲ့တာဖြစ်ပြီးတော့ Nokia အတွက် ပထမဆုံး Hole Punch Selfie Camera ကို အသုံးပြုလာတဲ့ 6.39″ Full HD+ LCD Display ကို အသုံးပြုထားတာလည်းဖြစ်ပါတယ်။ Processor အနေနဲ့ Snapdragon 660 AIE Processor ကို အသုံးပြုထားပြီး RAM 6GB နဲ့ Storage 128GB ပါဝင်မှာဖစ်ပါတယ်။ Battery အနေနဲ့ကတော့ 3500mAh Battery ပါဝင်မှာပါ။ USB C ကို အသုံးပြုထားပြီး 18W Fast Charging ပါဝင်မှာဖြစ်ပါတယ်။

Nokia X71

Camera ပိုင်းအနေနဲ့ကတော့ Triple Back Camera ကို အသုံးပြုထားပြီးတော့ 48MP Zeiss Lens ၊ 8MP Ultrawide Lens နဲ့ 5MP Depth Sensor ပါဝင်မှာဖြစ်ပါတယ်။ Nokia ကတော့ အခု Camera ကို AI နည်းပညာတွေပါ ထည့်သွင်းပေးထားတယ်လို့ ပြောကြားထားပါတယ်။ Selfie Camera အနေနဲ့တော့ 16MP Camera ကို ထည့်သွင်းပေးထားပါတယ်။

Nokia X71

Nokia X71 စမတ်ဖုန်းက 2.5D Glass Body ကို အသုံးပြုထားပြီးတော့ Selfie Camera ကို Hole Punch အနေနဲ့ အသုံးပြုထားတဲ့အတွက် Screen-to-Body Ratio က 93% အထိရှိနေမှာဖြစ်ပါတယ်။ ဒါ့အပြင် MicroSD Card ကိုလည်း 256GB အထိ Support ပြုလုပ်မှာပါ။

Nokia X71

Nokia X71 ကို ဈေးနှုန်းအနေနဲ့တော့ ဒေါ်လာ ၃၈၀ ဝန်းကျင်သတ်မှတ်ထားပြီးတော့ တော်တော်လေးကို အဆင်ပြေတဲ့ Mid Range ဖုန်းတစ်ခုလို့ ပြောလို့ရပါတယ်။