HMD Global ကေန အခုအခ်ိန္မွာ Nokia X7 ဒါမွမဟုတ္ Nokia 7.1 Plus ကို တရုတ္ႏုိင္ငံမွာ မိတ္ဆက္ေပးလုိက္ျပီျဖစ္ပါတယ္။ ယခုထြက္လာတဲ့ Nokia စမတ္ဖုန္းဟာဆိုရင္ မွန္းထားတာထက္ပိုျပီး စြမ္းေဆာင္ရည္ေကာင္းသလုိ ေစ်းႏႈန္းအရလည္း ေတာ္ေတာ္ေလးကို သက္သာေနပါတယ္။

Nokia X7

အခုထြက္လာတဲ့ Nokia X7 စမတ္ဖုန္းက 6.18″ Display ပါဝင္ျပီးေတာ့ Full HD+ Resolution ၊ 500 Nits Brightness နဲ႔ 96% NTSC Color Gamut အျပင္ DCI-P3 ကိုပါ Support ျပဳလုပ္မွာျဖစ္ပါတယ္။ ဒါ့အျပင္ PureDisplay နည္းပညာေၾကာင့္ SD Video ေတြကို HDR Video ေတြအျဖစ္ေျပာင္းလဲေပးဦးမွာျဖစ္ပါတယ္။

Nokia X7

Processor ပိုင္းအေနနဲ႔ကေတာ့ Qualcomm Snapdragon 710 Processor ကို အသံုးျပဳထားျပီးေတာ့ RAM 4GB နဲ႔ 6GB RAM ေတြပါဝင္မွာျဖစ္ပါတယ္။ Storage အေနနဲ႔ကေတာ့ 64GB နဲ႔ 128GB Storage ေတြပါဝင္မွာျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ Software အေနနဲ႔ Android 8.1 Oreo ကို အသံုးျပဳထားေပမယ့္ Android 9 Pie ကို Update ျပဳလုပ္ႏုိင္မွာပါ။

Nokia X7

Camera ပိုင္းအေနနဲ႔ကေတာ့ 12MP Sony IMX 363 Sensor ကို ထည့္သြင္းထားျပီး Aperture f1.8 အျပင္ OIS နဲ႔ EIS ကိုပါ Support ျပဳလုပ္မွာျဖစ္ပါတယ္။ Secondary Sensor ကေတာ့ 13MP f2.4 Lens ကိုပဲ အသံုးျပဳထားတာပါ။ Selfie ပိုင္းအေနနဲ႔ကေတာ့ 20MP Selfie Camera ပါဝင္ျပီးေတာ့ AI နည္းပညာေတြလည္း ပါဝင္မယ္လုိ႔ သိရပါတယ္။

Nokia X7

Battery ပိုင္းအေနနဲ႔ကေတာ့ 3500mAh Battery ထည့္သြင္းထားျပီးေတာ့ 18W Fast Charging စနစ္ပါ ပါဝင္တဲ့အတြက္ မိနစ္ ၃၀ အားသြင္းတာနဲ႔တင္ 50% အထိ အားသြင္းႏုိင္မွာပါ။ ေစ်းႏႈန္းအေနနဲ႔ကေတာ့ ေဒၚလာ ၂၅၀ ဝန္းက်င္ကေန စတင္တဲ့အတြက္ ေစ်းအရလည္း ေတာ္ေတာ္ကို တန္တယ္လုိ႔ ေျပာႏုိင္ပါတယ္။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

HMD Global ကနေ အခုအချိန်မှာ Nokia X7 ဒါမှမဟုတ် Nokia 7.1 Plus ကို တရုတ်နိုင်ငံမှာ မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ ယခုထွက်လာတဲ့ Nokia စမတ်ဖုန်းဟာဆိုရင် မှန်းထားတာထက်ပိုပြီး စွမ်းဆောင်ရည်ကောင်းသလို စျေးနှုန်းအရလည်း တော်တော်လေးကို သက်သာနေပါတယ်။

Nokia X7

အခုထွက်လာတဲ့ Nokia X7 စမတ်ဖုန်းက 6.18″ Display ပါဝင်ပြီးတော့ Full HD+ Resolution ၊ 500 Nits Brightness နဲ့ 96% NTSC Color Gamut အပြင် DCI-P3 ကိုပါ Support ပြုလုပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် PureDisplay နည်းပညာကြောင့် SD Video တွေကို HDR Video တွေအဖြစ်ပြောင်းလဲပေးဦးမှာဖြစ်ပါတယ်။

Nokia X7

Processor ပိုင်းအနေနဲ့ကတော့ Qualcomm Snapdragon 710 Processor ကို အသုံးပြုထားပြီးတော့ RAM 4GB နဲ့ 6GB RAM တွေပါဝင်မှာဖြစ်ပါတယ်။ Storage အနေနဲ့ကတော့ 64GB နဲ့ 128GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Software အနေနဲ့ Android 8.1 Oreo ကို အသုံးပြုထားပေမယ့် Android 9 Pie ကို Update ပြုလုပ်နိုင်မှာပါ။

Nokia X7

Camera ပိုင်းအနေနဲ့ကတော့ 12MP Sony IMX 363 Sensor ကို ထည့်သွင်းထားပြီး Aperture f1.8 အပြင် OIS နဲ့ EIS ကိုပါ Support ပြုလုပ်မှာဖြစ်ပါတယ်။ Secondary Sensor ကတော့ 13MP f2.4 Lens ကိုပဲ အသုံးပြုထားတာပါ။ Selfie ပိုင်းအနေနဲ့ကတော့ 20MP Selfie Camera ပါဝင်ပြီးတော့ AI နည်းပညာတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

Nokia X7

Battery ပိုင်းအနေနဲ့ကတော့ 3500mAh Battery ထည့်သွင်းထားပြီးတော့ 18W Fast Charging စနစ်ပါ ပါဝင်တဲ့အတွက် မိနစ် ၃၀ အားသွင်းတာနဲ့တင် 50% အထိ အားသွင်းနိုင်မှာပါ။ စျေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၂၅၀ ဝန်းကျင်ကနေ စတင်တဲ့အတွက် စျေးအရလည်း တော်တော်ကို တန်တယ်လို့ ပြောနိုင်ပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com