[Zawgyi]
Ref;GSMArena
Phone Hay Ko (Akhayar)
www.akhayar.com
[Unicode]
မေလ ၆ ရက်နေ့မှာ မိတ်ဆက်တော့မယ့် Nokia X6
Nokia ဟာ ၎င်းတို့ရဲ့ ပထမဦးဆုံး Notch ပါဝင်တဲ့စမတ်ဖုန်းကို တရုတ်နိုင်ငံပေကျင်းမြို့မှာမိတ်ဆက်သွားဖို့ရှိနေပါတယ်။ ရက်အတိအကျပြောရရင်တော့ မေလ ၁၆ ရက်နေ့ဖြစ်ပြီး အဆိုပါနေ့ဟာ OnePlus ရဲ့ Flagship စမတ်ဖုန်းသစ်ဖြစ်တဲ့ OnePlus 6 ကိုမိတ်ဆက်မယ့်ရက်နဲ့တစ်ရက်တည်းဖြစ်နေပါတယ်။ (ပွဲကောင်းမယ့်နေ့ပဲ)
Nokia X6 will be announced on May 16 in China
Nokia X6 will be announced on May 16 in China
Nokia X6 ဟာ အခုချိန်ထိ Specification မသိရသေးတဲ့ထူးထူးခြားခြားစမတ်ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။ အကြောင်းရင်းကတော့ အဆိုပါဖုန်းနဲ့ပတ်သက်ပြီး Leak Photo တွေများစွာရရှိခဲ့ပေမယ့် ဖုန်းဟာ Locked ဖြစ်နေတာကြောင့် အထဲက Specification တွေကိုသိရဖို့မလွယ်ကူခဲ့ပါဘူး။ လက်ရှိအချိန်ထိ သိထားသလောက်ဆိုရင် Nokia X6 ရဲ့ မျက်နှာပြင်ဟာ 19:9 ဖြစ်မယ်၊ Dual Camera ပါမယ် ပြီးတော့ Body က Glass Type ဖြစ်ပြီး Metal သတ္တု Frame ဖြစ်မယ်ဆိုတာပါပဲ။
Nokia X6 will be announced on May 16 in China
Nokia X6 will be announced on May 16 in China
လက်ရှိအချိန်မှာတော့ Nokia X6 ရဲ့ Invitation Card ရဲ့ပုံဟာ အတော်လေးစိတ်ဝင်စားစရာကောင်းအောင် ပြင်ဆင်ထားတာတွေ့ရပါတယ်။ အဆိုပါ မှာ Card မှာလမ်းဆုံတစ်ခုကို X ပုံစံမျိုးရိုက်ကူးထားပြီး ပွဲကျင်းပမယ့်အချိန် နဲ့ နေရာတို့ကိုထည့်သွင်းဖော်ပြထားပါတယ်။ လာမယ့် ၁၆ ရက်နေ့မှာ Nokia X6 နဲ့ OnePlus 6 ဘယ်ဖုန်းက လူစိတ်ဝင်စားမှုခံရတာအများဆုံးဖြစ်လာမလဲဆိုတာကိုတော့စောင့်ကြည့်ရပါဦးမယ်။
Ref;GSMArena
Phone Hay Ko (Akhayar)
www.akhayar.com