Nokia Phones
Nokia Phones
Ref : GSMAreana
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
HMD Global ဟာ လက်ရှိအချိန်မှာ Nokia စမတ်ဖုန်းတွေကို ပြန်လည်ထုတ်လုပ်နေတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ စတင်ပြီးတော့ Android စနစ်သုံး Nokia ဖုန်းတွေကို Software ပိုင်း Tweak မလုပ်ပဲ Pure Android နဲ့ပဲ ထုတ်ခဲ့တာဖြစ်ပြီးတော့ အခုအချိန်မှာလည်း Nokia ဖုန်းအားလုံးက Android One နဲ့ Android Go ဖုန်းတွေဖြစ်လာပြီပဲဖြစ်ပါတယ်။
Nokia Phones
အခုလိုမျိုး Google ရဲ့ Pure Android ကိုပဲ အသုံးပြုတဲ့အတွက် အားသာချက်ကတော့ Software Update တွေကို လျှင်လျှင်မြန်မြန်ရရှိနိုင်တာပဲဖြစ်ပါတယ်။ အခုအချိန်မှာ Nokia ဖုန်းတွေဟာ Google ရဲ့ Pixel ဖုန်းတွေပြီးရင် Software Update ရရှိမှုမှာဒုတိယအမြန်ဆုံးသောဖုန်းတွေလို့တောင် ပြောလို့ရနေပါပြီ။
မနေ့တုန်းက Nokia ကနေ သူရဲ့ Entry နဲ့ Mid-range ဖုန်းတွေဖြစ်တဲ့ Nokia 2.1 ၊ 3.1 နဲ့ 5.1 စမတ်ဖုန်းတွေကို ကြေညာသွားခဲ့ပြီးတော့ အခုနောက်ထပ် သတင်းကောင်းတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒါကတော့ လက်ရှိ HMD ကနေ ထုတ်လုပ်ထားတဲ့ Nokia ဖုန်းတွေအားလုံးကို Android P Update ပြုလုပ်ပေးသွားမယ်လို့ ပြောလိုက်တာပဲဖြစ်ပါတယ်။
Nokia Phones
ဒါက လက်ရှိအချိန်မှာ Android P Update ကို တခြားသော Flagship စမတ်ဖုန်းတွေတောင် ရရှိဖို့မသေချာသေးတဲ့အချိန်မှာ Nokia ရဲ့ Entry နဲ့ Mid-range ဖုန်းတွေကအစ Nokia ဖုန်းတွေအကုန်လုံး Update ရရှိမယ်ဆိုတာက တော်တော်လေးကို ကြီးမားတဲ့အားသာချက်တစ်ခုလို့ပြောရမှာပါ။
အဲ့ဒီအတွက်နောက်ဆိုရင် Mid-range ဒါမှမဟုတ် Entry ဖုန်းဝယ်ပြီး Software Update ကိုလည်း ရနေချင်တယ်ဆိုရင် Nokia ဖုန်းတွေက စဉ်းစားသင့်နေပါပြီ။
Ref : GSMAreana
Zawyè (Akhayar) 
www.akhayar.com