အိန္ဒိယတွင် Nokia 3, 5, 6 စမတ်ဖုန်းများကို  ဂျွန်လအမီရောင်းချမည်

Nokia ရဲ့မူပိုင်ခွင့်တွေကို ဝယ်ယူထားတဲ့ ဖင်လန်ကုမ္ပဏီ HMD Global ဟာ Nokia 3, 5, 6 စမတ်ဖုန်းအမျိုးအစားတွေကို MWC 2017 မှာတရားဝင်ကြေငြာခဲ့ပြီး အိန္ဒိယဈေးကွက်တွင် ၂၀၁၇ ဂျွန်လမှ စတင်ရောင်းချမှာဖြစ်ပါတယ်။ Nokia ဖုန်းရဲ့ကိုယ်ထည်မှာ “Made in India” ဆိုတဲ့စာသားပါဝင်ဖို့ကလည်း သေချာသွားပါပြီ။ Foxconn ကုမ္ပဏီနဲ့ပူးပေါင်းပြီး ထုတ်လုပ်မယ်လို့လည်း သိရပါတယ်။

HMD Global ဟာ Android စနစ်ကိုအသုံးပြုတဲ့ စမတ်ဖုန်းနဲ့ တက်ဘလက်တွေကို ထုတ်လုပ်ဖို့အတွက် Nokia နဲ့ ၁၀ နှစ်စာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။

HMD Global ရဲ့ အိန္ဒိယမှာရှိတဲ့ Vice President Ajey Mehta ကို FoneArena ကမေးမြန်းခဲ့ရာမှာ ကုမ္ပဏီအနေနဲ့ အိန္ဒိယမှာ Foxconn နဲ့တွဲဖက်ပြီးတော့ ဟမ်းဆက်အသစ်တွေ ထုတ်လုပ်ဖို့စီစဉ်နေတယ်လို့ဖြေကြားခဲ့ပါတယ်။  Nokia 3, Nokia 5 နဲ့ Nokia 6 စမတ်ဖုန်းတွေကို online မှာရော၊ offline မှာပါ တစ်ပြိုင်နက်ရောင်းချပေးမှာဖြစ်တဲ့အပြင် ငွေကြေးအလယ်အလတ်သုံးစွဲချင်သူတွေကို ဦးတည်ရောင်းချမှာဖြစ်တဲ့အတွက် ဈေးအရမ်းမများပါဘူး။

အိန္ဒိယမှာရောင်းချမယ့် ဒီစမတ်ဖုန်းသုံးလုံးရဲ့ဈေးနှုန်းက ဥရောပနဲ့လည်းကွာဟမှု မရှိပါဘူး။ ဈေးနှုန်းကိုတစ်ပြေးညီသတ်မှတ်ထားပြီး Nokia 3 ဖုန်းအသစ်တိုင်းကို 139 ယူရို၊ Nokia 5 ကို 189 ယူရို နဲ့ Nokia 6 ကို 229 ယူရိုအဖြစ် သတ်မှတ်ထားပါတယ်။ တင်သွင်းခွင့်အခွန်နှုန်ထားသာ သက်သာခဲ့မယ်ဆိုရင်တော့ India မှာရောင်းမယ့်ဈေးက ဒီထက်ပိုပြီးသက်သာနိုင်ဖွယ်ရှိပါတယ်။ အခုအချိန်မှာတော့ တစ်ချိန်ကထင်ရှားခဲ့တဲ့ Nokia 3310 ကို ပြန်လည်ဆန်းသစ်ပြီး 49 Euro နဲ့ရောင်းချနေပါပြီ။

Ref: Techworm

မင်းသုခ (အခရာ)

(www.akhayar.com)