[Zawgyi]

Nokia 7 Plus ကိုေရာင္းရပါ့မလား ? သူ႔ရဲ႕Fans ေတြကေရာႀကိဳက္မွႀကိဳက္ၾကပါ့မလားဆိုၿပီးစိုးရိမ္ေနပါသလား… ။ တရုတ္ႏိုင္ငံမွာ ေရာင္းခ်ခဲ့တဲ့ Nokia 7 Plus ကေတာ့ စတင္ေရာင္းခ်ၿပီး ၅မိနစ္အတြင္းမွာပဲ တစ္လံုးမွမက်န္ေအာင္ေရာင္းခ်လိုက္ရပါတယ္။

အေရာင္းဆိုင္တံခါးစဖြင့္တဲ့အခ်ိန္ကေတာ့ မနက္ ၁၀ နာရီ ၇ မိနစ္မွာျဖစ္ၿပီး ၁၀ နာရီ ၁၂ မိနစ္မွာေတာ့ Nokia 7 Plus ေတြအကုန္လံုးေရာင္းကုန္သြားတာျဖစ္တယ္လို႔ေဖာ္ျပထားပါတယ္။ ဖုန္းရဲ႕ေစ်းႏႈန္းကေတာ့ 4GB/64GB version ကို ျမန္မာေငြ ၅သိန္းဝန္းက်င္နဲ႔ 6GB/64GB version ကိုျမန္မာေငြ ၅သိန္းခြဲ ဝန္းက်င္က်သင့္မွာျဖစ္ ၿပီး April လေရာက္မွတစ္ကမၻာလံုးအတိုင္းအတာနဲ႔ေရာင္းခ်ေပးသြားမွာျဖစ္တယ္လို႔ဆိုပါတယ္။
တရုတ္ႏိုင္ငံမွာကေတာ့ ေနာက္တစ္ပတ္ (တိတိက်က်ေျပာရရင္ March 15) မွဒုတိယအသုတ္အေနနဲ႔ ထပ္မံေရာင္းခ်ေပးသြားဦးမွာျဖစ္ၿပီး အလံုးေရ ဘယ္ေလာက္ဆိုတာကိုေတာ့ လွ်ိဳ႕ဝွက္ထားပါတယ္။ ဘာပဲျဖစ္ျဖစ္ Nokia ကေတာ့ ကမၻာတစ္ဝွမ္းမွာ အမာခံ Fans ေတြအျပည့္အဝ ျပန္ရရွိေနတာျဖစ္ၿပီး Father is Back ဆိုတဲ့ေဆာင္ပုဒ္ကို လက္ေတြ႔အေကာင္အထည္ေဖာ္ေနတယ္လို႔ယံုၾကည္ပါတယ္။

Nokia 7 Plus ဟာ February 2018 မွာက်င္းပခဲ့တဲ့ MWC ပြဲမွာမိတ္ဆက္ခဲ့တဲ့ဖုန္းတစ္လံုးျဖစ္ၿပီး HMD Global Company ရဲ႕ ေနာက္ဆံုးထြက္ တန္းျမင့္ Flagship စမတ္ဖုန္းတစ္လံုးပဲျဖစ္ပါတယ္။

Ref;Gsmarena
Phone Hay Ko (Akhayar)
www.akhayar.com

[Unicode]

Nokia 7 Plus ကိုရောင်းရပါ့မလား ? သူ့ရဲ့Fans တွေကရောကြိုက်မှကြိုက်ကြပါ့မလားဆိုပြီးစိုးရိမ်နေပါသလား… ။ တရုတ်နိုင်ငံမှာ ရောင်းချခဲ့တဲ့ Nokia 7 Plus ကတော့ စတင်ရောင်းချပြီး ၅မိနစ်အတွင်းမှာပဲ တစ်လုံးမှမကျန်အောင်ရောင်းချလိုက်ရပါတယ်။

အရောင်းဆိုင်တံခါးစဖွင့်တဲ့အချိန်ကတော့ မနက် ၁၀ နာရီ ၇ မိနစ်မှာဖြစ်ပြီး ၁၀ နာရီ ၁၂ မိနစ်မှာတော့ Nokia 7 Plus တွေအကုန်လုံးရောင်းကုန်သွားတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ဖုန်းရဲ့ဈေးနှုန်းကတော့ 4GB/64GB version ကို မြန်မာငွေ ၅သိန်းဝန်းကျင်နဲ့ 6GB/64GB version ကိုမြန်မာငွေ ၅သိန်းခွဲ ဝန်းကျင်ကျသင့်မှာဖြစ် ပြီး April လရောက်မှတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ရောင်းချပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
တရုတ်နိုင်ငံမှာကတော့ နောက်တစ်ပတ် (တိတိကျကျပြောရရင် March 15) မှဒုတိယအသုတ်အနေနဲ့ ထပ်မံရောင်းချပေးသွားဦးမှာဖြစ်ပြီး အလုံးရေ ဘယ်လောက်ဆိုတာကိုတော့ လျှို့ဝှက်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် Nokia ကတော့ ကမ္ဘာတစ်ဝှမ်းမှာ အမာခံ Fans တွေအပြည့်အဝ ပြန်ရရှိနေတာဖြစ်ပြီး Father is Back ဆိုတဲ့ဆောင်ပုဒ်ကို လက်တွေ့အကောင်အထည်ဖော်နေတယ်လို့ယုံကြည်ပါတယ်။

Nokia 7 Plus ဟာ February 2018 မှာကျင်းပခဲ့တဲ့ MWC ပွဲမှာမိတ်ဆက်ခဲ့တဲ့ဖုန်းတစ်လုံးဖြစ်ပြီး HMD Global Company ရဲ့ နောက်ဆုံးထွက် တန်းမြင့် Flagship စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။

Ref;Gsmarena
Phone Hay Ko (Akhayar)
www.akhayar.com