Nokia ဟာ Android စနစ္သံုး အဓိက စမတ္ဖုန္း အမ်ိဳးအစားကုိ ထုတ္ေဖာ္မယ္လုိ႔ သတင္းထြက္ေနခ်ိန္မွာ သတင္းသစ္တစ္ရပ္ ထြက္ေပၚလာခဲ့ၿပီး သတင္းအရ ဖင္လန္ကုမၸဏီအေနနဲ႔ ဖုန္းကုိ အမ်ိဳးအစား ႏွစ္မ်ိဳး ထုတ္လုပ္မွာ ျဖစ္ေၾကာင္း၊ အဲ့ဒီမ်ိဳးဆက္သစ္ေတြကုိ Nokia 7 နဲ႔ 8 ဆုိၿပီး ေခၚတြင္မွာ ျဖစ္ေၾကာင္း သတင္းေတြ ထြက္လာပါတယ္။

Nokia 8 ဟာ အဓိက စမတ္ဖုန္းလုိင္းအတြက္ သတင္းေျပးေနခဲ့တာျဖစ္ၿပီး သူ႔ထက္ေကာင္းတဲ့ စမတ္ဖုန္း Nokia 9 ကုိ Snapdragon 835 Processor နဲ႔ ထုတ္လုပ္မယ္လုိ႔ ဆုိပါတယ္။

Nokia 7 နဲ႔ 8 တုိ႔ဟာ Snapdragon 660 လုိင္းနဲ႔ ထြက္လာမွာ ျဖစ္ၿပီး ပုိမိုႀကီးမားတဲ့မ်က္ႏွာျပင္နဲ႔ QHD Resolution ေတြ ပါဝင္လာမွာပါ။ ဒါေပမယ့္ ဒါဟာ 8 အတြက္ျဖစ္ၿပီး 7 ကေတာ့ အနည္းငယ္ေသးငယ္တဲ့ မ်က္ႏွာျပင္နဲ႔ 1080p မ်က္ႏွာျပင္ေတြ ပါလာမွာပါ။

အဲ့ဒီအျပင္ ဒီဘက္ေခတ္စမတ္ဖုန္းေတြ အႀကိဳက္ျဖစ္လာတဲ့ ေဘးေဘာင္ေသးေသးပံုစံကုိ ယူေဆာင္လာမွာျဖစ္တဲ့အျပင္ သတၱဳကုိယ္ထည္ ပံုစံသစ္လည္း ပါဝင္လာမွာပါ။ ကင္မရာ ဒီဇုိင္းဟာဆုိရင္လည္း လတ္တေလာ ထုတ္လုပ္ထားခဲ့တဲ့ 3,5 နဲ႔ 6 စီးရီးေတြနဲ႔ ကြာျခားသြားမွာပါ။ 7 နဲ႔ 8 ဖုန္းေတြဟာ Fingerprint Scanners, Fast Charging နဲ႔ ပုိမုိႀကီးမားတဲ့ ကင္မရာဆင္ဆာေတြ ပါဝင္မွာပါ။

Nokia 7,8 နဲ႔ 9 ေတြကုိ လာမယ့္ ေမဒါမွမဟုတ္ ဇြန္လေတြမွာ ထုတ္လုပ္သြားမယ္လုိ႔ သိရပါတယ္။

Joker (Akhayar)

Ref: GSMArena

=================

 

[Unicode]

ဇွန်လမှာ ထုတ်လုပ်ဖွယ်ရှိတဲ့ Nokia 7 နဲ့ Nokia 8 ဖုန်းတွေအကြောင်း ပေါက်ကြားလာ

Nokia ဟာ Android စနစ်သုံး အဓိက စမတ်ဖုန်း အမျိုးအစားကို ထုတ်ဖော်မယ်လို့ သတင်းထွက်နေချိန်မှာ သတင်းသစ်တစ်ရပ် ထွက်ပေါ်လာခဲ့ပြီး သတင်းအရ ဖင်လန်ကုမ္ပဏီအနေနဲ့ ဖုန်းကို အမျိုးအစား နှစ်မျိုး ထုတ်လုပ်မှာ ဖြစ်ကြောင်း၊ အဲ့ဒီမျိုးဆက်သစ်တွေကို Nokia 7 နဲ့ 8 ဆိုပြီး ခေါ်တွင်မှာ ဖြစ်ကြောင်း သတင်းတွေ ထွက်လာပါတယ်။

Nokia 8 ဟာ အဓိက စမတ်ဖုန်းလိုင်းအတွက် သတင်းပြေးနေခဲ့တာဖြစ်ပြီး သူ့ထက်ကောင်းတဲ့ စမတ်ဖုန်း Nokia 9 ကို Snapdragon 835 Processor နဲ့ ထုတ်လုပ်မယ်လို့ ဆိုပါတယ်။

Nokia 7 နဲ့ 8 တို့ဟာ Snapdragon 660 လိုင်းနဲ့ ထွက်လာမှာ ဖြစ်ပြီး ပိုမိုကြီးမားတဲ့မျက်နှာပြင်နဲ့ QHD Resolution တွေ ပါဝင်လာမှာပါ။ ဒါပေမယ့် ဒါဟာ 8 အတွက်ဖြစ်ပြီး 7 ကတော့ အနည်းငယ်သေးငယ်တဲ့ မျက်နှာပြင်နဲ့ 1080p မျက်နှာပြင်တွေ ပါလာမှာပါ။

အဲ့ဒီအပြင် ဒီဘက်ခေတ်စမတ်ဖုန်းတွေ အကြိုက်ဖြစ်လာတဲ့ ဘေးဘောင်သေးသေးပုံစံကို ယူဆောင်လာမှာဖြစ်တဲ့အပြင် သတ္တုကိုယ်ထည် ပုံစံသစ်လည်း ပါဝင်လာမှာပါ။ ကင်မရာ ဒီဇိုင်းဟာဆိုရင်လည်း လတ်တလော ထုတ်လုပ်ထားခဲ့တဲ့ 3,5 နဲ့ 6 စီးရီးတွေနဲ့ ကွာခြားသွားမှာပါ။ 7 နဲ့ 8 ဖုန်းတွေဟာ Fingerprint Scanners, Fast Charging နဲ့ ပိုမိုကြီးမားတဲ့ ကင်မရာဆင်ဆာတွေ ပါဝင်မှာပါ။

Nokia 7,8 နဲ့ 9 တွေကို လာမယ့် မေဒါမှမဟုတ် ဇွန်လတွေမှာ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

Joker (Akhayar)

Ref: GSMArena