HMD Global ကေန အခုေနာက္ဆံုးအေနနဲ႔ Nokia 7.1 စမတ္ဖုန္းကို မိတ္ဆက္ေပးလိုက္ျပီျဖစ္ပါတယ္။ အခု ထြက္လာတဲ့ Nokia 7.1 စမတ္ဖုန္းဟာ လက္ရွိအေကာင္းဆံုးေသာ Mid-Range ဖုန္းတစ္ခုလုိ႔ သတ္မွတ္လုိ႔ရႏုိင္တဲ့ Feature ေတြလည္း ပါဝင္ေနတာလည္းျဖစ္ပါတယ္။

Nokia 7.1

Nokia 7.1 ဟာ 5.84″ အရြယ္အစားရွိတဲ့ 1080×2280 Pixel Resolution Full HD+ Display ကို ထည့္သြင္းထားမွာျဖစ္ျပီး ထူးျခားခ်က္တစ္ခုကေတာ့ HDR10 ကို Support ျပဳလုပ္တာျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ ပံုမွန္ Standard Definition Video ေတြကုိလည္း HDR Content အျဖစ္ေျပာင္းလဲျပီး Upscale ျပဳလုပ္ထားႏုိင္ပါေသးတယ္။ ဒီ Feature ကေတာ့ Mid-Range ဖုန္းတစ္ခုအေနနဲ႔ေတာ္ေတာ္ေလးကို အထင္ၾကီးဖုိ႔ေကာင္းတဲ့ Feature တစ္ခုလည္းျဖစ္ပါတယ္။

Nokia 7.1

Processor ပိုင္းအေနနဲ႔ကေတာ့ Nokia 7.1 ဟာ Qualcomm ရဲ႕ Snapdragon 636 Processor ကိုပဲအသံုးျပဳထားျပီး RAM 3GB ၊ Storage 32GB သို႔မဟုတ္ RAM 4GB ၊ Storage 64GB ပါဝင္မွာျဖစ္တယ္လုိ႔ သိရပါတယ္။ Storage မလံုေလာက္ရင္လည္း MicroSD Card ကေန ထပ္ျပီး တိုးခ်ဲ႕လုိ႔ရဦးမွာပါ။

Camera ပိုင္းအေနနဲ႔ကေတာ့ Back Camera ကို 12MP f1.8 Sensor နဲ႔ 5MP Monochrome Sensor ပါဝင္တဲ့ ZEISS Dual Camera ကို တပ္ဆင္ေပးထားျပီးေတာ့ Front Camera ကိုေတာ့ 8MP f2.0 Sensor ကို တပ္ဆင္ေပးထားပါတယ္။ Front Camera ေရာ၊ Back Camera ပါ တျပိဳင္တည္းရိုက္ကူးႏုိင္တဲ့ Bothie Mode လည္းပါဝင္ဦးမွာျဖစ္ပါတယ္။

Nokia 7.1

Battery ပိုင္းအေနနဲ႔ကေတာ့ 3060mAh Battery ပါဝင္မွာျဖစ္ျပီးေတာ့ Android 8.0 Oreo ကို အသံုးျပဳထားတာျဖစ္ပါတယ္။ Pure Android ျဖစ္တဲ့ Android One ကို အသံုးျပဳထားတဲ့အတြက္ Android System Update ကို ၂ ႏွစ္နဲ႔ Security Patches ေတြကို ၃ ႏွစ္ဆက္တုိက္ရရွိဦးမွာပါ။

Nokia 7.1 ဖုန္းက ဒီဇုိင္းပိုင္းအရလွပျပီး ေကာင္းမြန္တဲ့ Display နဲ႔ ကင္မရာပိုင္းေတာ္ေတာ္ေလးကိုေကာငး္မယ္လုိ႔ ယူဆရျပီးေတာ့ ေစ်းႏႈန္းအရ ေဒၚလာ ၃၅၀ နဲ႔ ေရာင္းခ်သြားမွာျဖစ္တဲ့အတြက္ ဒီေစ်းထဲမွာ ေတာ္ေတာ္ေလးကို ေကာင္းမယ္လုိ႔ ယူဆရပါတယ္။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

HMD Global ကနေ အခုနောက်ဆုံးအနေနဲ့ Nokia 7.1 စမတ်ဖုန်းကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ အခု ထွက်လာတဲ့ Nokia 7.1 စမတ်ဖုန်းဟာ လက်ရှိအကောင်းဆုံးသော Mid-Range ဖုန်းတစ်ခုလို့ သတ်မှတ်လို့ရနိုင်တဲ့ Feature တွေလည်း ပါဝင်နေတာလည်းဖြစ်ပါတယ်။

Nokia 7.1

Nokia 7.1 ဟာ 5.84″ အရွယ်အစားရှိတဲ့ 1080×2280 Pixel Resolution Full HD+ Display ကို ထည့်သွင်းထားမှာဖြစ်ပြီး ထူးခြားချက်တစ်ခုကတော့ HDR10 ကို Support ပြုလုပ်တာဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ပုံမှန် Standard Definition Video တွေကိုလည်း HDR Content အဖြစ်ပြောင်းလဲပြီး Upscale ပြုလုပ်ထားနိုင်ပါသေးတယ်။ ဒီ Feature ကတော့ Mid-Range ဖုန်းတစ်ခုအနေနဲ့တော်တော်လေးကို အထင်ကြီးဖို့ကောင်းတဲ့ Feature တစ်ခုလည်းဖြစ်ပါတယ်။

Nokia 7.1

Processor ပိုင်းအနေနဲ့ကတော့ Nokia 7.1 ဟာ Qualcomm ရဲ့ Snapdragon 636 Processor ကိုပဲအသုံးပြုထားပြီး RAM 3GB ၊ Storage 32GB သို့မဟုတ် RAM 4GB ၊ Storage 64GB ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Storage မလုံလောက်ရင်လည်း MicroSD Card ကနေ ထပ်ပြီး တိုးချဲ့လို့ရဦးမှာပါ။

Camera ပိုင်းအနေနဲ့ကတော့ Back Camera ကို 12MP f1.8 Sensor နဲ့ 5MP Monochrome Sensor ပါဝင်တဲ့ ZEISS Dual Camera ကို တပ်ဆင်ပေးထားပြီးတော့ Front Camera ကိုတော့ 8MP f2.0 Sensor ကို တပ်ဆင်ပေးထားပါတယ်။ Front Camera ရော၊ Back Camera ပါ တပြိုင်တည်းရိုက်ကူးနိုင်တဲ့ Bothie Mode လည်းပါဝင်ဦးမှာဖြစ်ပါတယ်။

Nokia 7.1

Battery ပိုင်းအနေနဲ့ကတော့ 3060mAh Battery ပါဝင်မှာဖြစ်ပြီးတော့ Android 8.0 Oreo ကို အသုံးပြုထားတာဖြစ်ပါတယ်။ Pure Android ဖြစ်တဲ့ Android One ကို အသုံးပြုထားတဲ့အတွက် Android System Update ကို ၂ နှစ်နဲ့ Security Patches တွေကို ၃ နှစ်ဆက်တိုက်ရရှိဦးမှာပါ။

Nokia 7.1 ဖုန်းက ဒီဇိုင်းပိုင်းအရလှပပြီး ကောင်းမွန်တဲ့ Display နဲ့ ကင်မရာပိုင်းတော်တော်လေးကိုကောငး်မယ်လို့ ယူဆရပြီးတော့ စျေးနှုန်းအရ ဒေါ်လာ ၃၅၀ နဲ့ ရောင်းချသွားမှာဖြစ်တဲ့အတွက် ဒီစျေးထဲမှာ တော်တော်လေးကို ကောင်းမယ်လို့ ယူဆရပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com