MWC ပြဲမွာ Nokia ရဲ႕ iconic ဖုန္းအမ်ိဳးအစားျဖစ္တဲ့ 3310 အမ်ိဳးအစားကုိ ဗားရွင္းအသစ္နဲ႔ ထုတ္လုပ္ခဲ့ပါတယ္။ ဒါဟာ မ်က္ႏွာျပင္ ၂.၄လက္မအရြယ္ QVGA ကာလာမ်က္ႏွာျပင္၊ 2 MP ကင္မရာ၊ microSD စေလာ့နဲ႔ ေပၚျပဴလာျဖစ္ခဲ့ဖူးတဲ့ Snake ဂိမ္းကုိ ဗားရွင္းသစ္နဲ႔ ေတြ႔ျမင္ရမွာပါ။

အဲ့ဒီအျပင္ Nokia အေနနဲ႔ 3310 ကုိ ‘Supremo Putin’ Edition ဆုိၿပီး ရုရွားႏုိင္ငံအတြက္ ထုတ္လုပ္ထားတဲ့ ဗားရွင္းမွာ သမၼတပူတင္ပံုခတ္ႏွိပ္ထားတဲ့ Edition ကုိ ထပ္မံေရာင္းခ်ေနပါတယ္။ ဒါေပမယ့္ ဒီဟန္းဆက္အေနနဲ႔ ေပါေပါပဲပဲေတာ့ရမွာမဟုတ္ပဲ တစ္လံုးကုိ ေဒၚလာ ၁၇၀၀နီးပါ တန္ေၾကးရွိတာေၾကာင့္ သာမန္ 3310 ထက္ အဆ ၃၀ ေလာက္ ေစ်းပုိမ်ားေနမွာပါ။ ဒါေၾကာင့္ ဒီဖုန္းကုိ Luxury ဗားရွင္းအေနနဲ႔ ထုတ္လုပ္ခဲ့တာ ျဖစ္ဟန္တူပါတယ္။

ဖုန္းရဲ႕ လုပ္ေဆာင္ခ်က္ေတြအေနနဲ႔ ေက်ာဘက္မွာ ပူတင္ရဲ႕ ပံုကို ေရႊျပားေပၚမွာ တံဆိပ္၊ ရုရွားအမ်ိဳးသားစာသားေတြနဲ႔အတူ ခတ္ႏွပိ္ထားမွာျဖစ္ပါတယ္။ အဲ့ဒီအျပင္ အေရွ႕ဘက္ခလုပ္မွာလည္း National Seal ကုိ ထည့္သြင္းေပးထားပါတယ္။ Nokia 3310 Supremo Putin ကုိ လွပတဲ့ သစ္သားအိမ္နဲ႔ ထည့္သြင္းထားၿပီး အနက္ေရာင္ကတၱီပါစနဲ႔ အုပ္ထားပါတယ္။

ဒီဖုန္းကုိ ရုရွားႏုိင္ငံအတြက္သီးသန္႔ထုတ္လုပ္ထားတာျဖစ္ၿပီး တျခားႏုိင္ငံရဲ႕ တျခားေခါင္းေဆာင္ပံုေတြနဲ႔ ထုတ္လုပ္ဖုိ႔ အစီအစဥ္ရွိမရွိေတာ့ မသိရေသးပါဘူး။

Joker (Akhayar)

Ref: Android Authority

=========================

Nokia 3310 ကို ပူတင် Edition နဲ့ထုတ်လုပ်

MWC ပွဲမှာ Nokia ရဲ့ iconic ဖုန်းအမျိုးအစားဖြစ်တဲ့ 3310 အမျိုးအစားကို ဗားရှင်းအသစ်နဲ့ ထုတ်လုပ်ခဲ့ပါတယ်။ ဒါဟာ မျက်နှာပြင် ၂.၄လက်မအရွယ် QVGA ကာလာမျက်နှာပြင်၊ 2 MP ကင်မရာ၊ microSD စလော့နဲ့ ပေါ်ပြူလာဖြစ်ခဲ့ဖူးတဲ့ Snake ဂိမ်းကို ဗားရှင်းသစ်နဲ့ တွေ့မြင်ရမှာပါ။

အဲ့ဒီအပြင် Nokia အနေနဲ့ 3310 ကို ‘Supremo Putin’ Edition ဆိုပြီး ရုရှားနိုင်ငံအတွက် ထုတ်လုပ်ထားတဲ့ ဗားရှင်းမှာ သမ္မတပူတင်ပုံခတ်နှိပ်ထားတဲ့ Edition ကို ထပ်မံရောင်းချနေပါတယ်။ ဒါပေမယ့် ဒီဟန်းဆက်အနေနဲ့ ပေါပေါပဲပဲတော့ရမှာမဟုတ်ပဲ တစ်လုံးကို ဒေါ်လာ ၁၇၀၀နီးပါ တန်ကြေးရှိတာကြောင့် သာမန် 3310 ထက် အဆ ၃၀ လောက် စျေးပိုများနေမှာပါ။ ဒါကြောင့် ဒီဖုန်းကို Luxury ဗားရှင်းအနေနဲ့ ထုတ်လုပ်ခဲ့တာ ဖြစ်ဟန်တူပါတယ်။

ဖုန်းရဲ့ လုပ်ဆောင်ချက်တွေအနေနဲ့ ကျောဘက်မှာ ပူတင်ရဲ့ ပုံကို ရွှေပြားပေါ်မှာ တံဆိပ်၊ ရုရှားအမျိုးသားစာသားတွေနဲ့အတူ ခတ်နှပိထားမှာဖြစ်ပါတယ်။ အဲ့ဒီအပြင် အရှေ့ဘက်ခလုပ်မှာလည်း National Seal ကို ထည့်သွင်းပေးထားပါတယ်။ Nokia 3310 Supremo Putin ကို လှပတဲ့ သစ်သားအိမ်နဲ့ ထည့်သွင်းထားပြီး အနက်ရောင်ကတ္တီပါစနဲ့ အုပ်ထားပါတယ်။

ဒီဖုန်းကို ရုရှားနိုင်ငံအတွက်သီးသန့်ထုတ်လုပ်ထားတာဖြစ်ပြီး တခြားနိုင်ငံရဲ့ တခြားခေါင်းဆောင်ပုံတွေနဲ့ ထုတ်လုပ်ဖို့ အစီအစဉ်ရှိမရှိတော့ မသိရသေးပါဘူး။

Joker (Akhayar)

Ref: Android Authority