HMD Global ( The home of Nokia) က နေ Nokia 3.2 နဲ့ Nokia 2.2 ကို July, 2019 က နိုင်ငံတကာမှာ မိတ်ဆက်ပေးခဲ့တာလည်းဖြစ်ပါတယ်။ အခုအချိန်မှာ ဒီ Nokia ဖုန်းသစ်တွေဟာ မြန်မာနိုင်ငံစျေးကွက်ကို ဝင်ရောက်လာတော့မှာပါ။

Nokia 3.2 နဲ့ 2.2 ဟာ Nokia Product Series ရဲ့ Price to performance အကောင်းဆုံး New Models ဖြစ်ပြီး Android One Operation System, Dedicated Google Assistant Button, Water Drop Display နဲ့ 2 Days Use Battery Life စတဲ့ Features တွေ ပါဝင်လာသောကြောင့် Nokia Fans များရဲ့ စိတ်ဝင်စားမှုအများအပြားကို ရရှိခဲ့ပြီး Nokia ရဲ့ Chief Product Officer, Juho Sarvikas က “Mobile Industry တွေရဲ့ ကြီးမားတဲ့ ဆန်းသစ်ပြောင်းလဲမှုတွေကို Mobile သုံးစွဲသူ အကုန်လုံး ရရှိသင့်တယ်လို့ ကျွန်တော်တို့ယုံကြည်ထားပါတယ်။

ယခင်ကထက် ပိုမိုကောင်းမွန်သော AI experiences ကို Nokia 3.2 နဲ့ 2.2 နဲ့တူ Mobile User တွေအတွက် ယူဆောင်လာခဲ့ပါတယ်။ biometric face unlock with liveliness detection adding extra security system, AI imaging, Google Lens and Google Assistant at the press of a button အစရှိတဲ့ AI Feature တွေ ကို Nokia 3.2 နဲ့ 2.2 မှာ ထည့်သွင်းပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ Nokia Fans တွေအတွက် မိမိရဲ့ ဖုန်းနဲ့ မိမိ အပြန်အလှန် အကျိုးရှိရှိ ထောက်အကူပြုနိုင်မယ့် ဆန်းသစ်ထားတဲ့ နည်းလမ်းတွေကို အသုံးပြုနိုင်ရေးအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ Nokia ရဲ့ ထုံးစံအတိုင်းပဲ ရေရှည် အဆင်ပြေ လွယ်ကူ ချောမွေ့စွာ အသုံးပြုနိုင်ရေး အတွက် Nokia 3.2 နဲ့ 2.2 ကို Android One Operation System နဲ့ ထုတ်လုပ်ထားပါတယ်။

နောက်ထပ် ၂ နှစ် ဆက်တိုက် OS update နဲ့ ၃ နှစ် ဆက်တိုက် Monthly Security Updates ပေးသွားမယ်လို့ အာမခံ ပေးပါတယ်” လို့ ပြောကြားခဲ့သောကြောင့် Nokia Fans တွေနှင့် Mobile အသုံးပြုသူတွေကြား အာရုံစိုက်မှုကို ပိုမိုရရှိလာခဲ့ပါတယ်။

Nokia 3.2 မှာဆိုရင်

Display – 6.26’’ (HD+ resolution), 19:9 ratio
Rear camera – 13 MP AF/F2.2/1.12µm with flash
Selfie Camera – 5 MP FF/F2.2/1.12µm/77° FOV with biometric face unlock
CPU – Snapdragon 429
Ram – 3 Gb
Rom – 32 Gb (MicroSD card slot Supports up to 400 GB)
Battery – 4000 mAh, (2 days battery life)
Fearuer – Dedicated Google Assistant Button တို့ပါဝင်ပြီး ကျောဘက်တွင် finger Print ကို Camera နဲ့ ဒေါင်လိုက် အနေအထား တပ်ဆင်ပေးထားပါတယ်။

Nokia 2.2 မှာတော့

Display – 5.7’’ (HD+ Resolution), 19:9 ratio
Rear camera – 13 MP AF/F2.2/1.12µm with flash
Selfie Camera – 5 MP FF/F2.2/1.12µm/77° FOV with biometric face unlock
CPU – Helio A22
Ram – 2 Gb
Rom – 16 Gb (MicroSD card slot Supports up to 400 GB)
Battery – 3000 mAh တို့ပါဝင်ပါတယ်။

Nokia 3.2 ဈေးနှုန်းက နှစ်သိန်းနဲ့ နှစ်သိန်းနှစ်သောင်း ကြားတွင် ရှိမှာ ဖြစ်ပြီး
Nokia 2.2 ဈေးနှုန်းကတော့ တစ်သိန်းခွဲနဲ့ တစ်သိန်းခုနှစ်သောင်း ကြားတွင် ရှိမှာ ဖြစ်ကာ မြန်မာနိုင်ငံ Mobile Market ထဲမှာ September လကုန်လောက်တွင် စတင်ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။