ပထမဆုံး Android Go ဖုန်းတစ်ခုဖြစ်လာတဲ့ Nokia 1





Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

HMD Global ကနေ လက်ရှိအချိန်မှာ ဈေးအပေါဆုံး နဲ့ ပထမဆုံးသော Android Go စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Nokia 1 စမတ်ဖုန်းကို ထုတ်လိုက်ပြီပဲဖြစ်ပါတယ်။ အခုထွက်ရှိလာတဲ့ Nokia 1 စမတ်ဖုန်းဟာ Android Oreo (Go Edition) ကို ပထမဆုံးအနေနဲ့ အသုံးပြုလာတဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပြီးတော့ Google ရဲ့ Storage စားသုံးမှုနည်းပါးပြီး System ကို သွက်လက်စေမယ့် Go Program ကို ထောက်ပံ့သွားမှာဖြစ်ပါတယ်။

Nokia 1 စမတ်ဖုန်းဟာ စွမ်းဆောင်ရည်အရတော့ အရမ်းကြီးမြင့်မားနေတာမျိုးမဟုတ်ပဲ 480×854 Pixels ရှိတဲ့ Display နဲ့အတူ ပုံမှန်စွမ်းဆောင်ရည်ပဲရှိတဲ့ MediaTek MT6737M Quad Core 1.1GHz Processor ကို ထည့်သွင်းထားတာဖြစ်ပါတယ်။

ကင်မရာအနေနဲ့လည်း ဘတ်ဂျတ်ဖုန်းတစ်ခုဖြစ်တဲ့အတွက် 5MP Back Camera နဲ့အတူ 2MP Selfie Camera ပါဝင်မှာဖြစ်ပြီး Storage အနေနဲ့ 8GB နဲ့ microSD Card ကနေလည်း ထပ်ပြီးတိုးချဲ့နိုင်မှာဖြစ်ပါတယ်။

အခု Nokia 1 စမတ်ဖုန်းဟာ စွမ်းဆောင်ရည်မမြင့်မားသလို ဈေးနှုန်းအရလည်း ၈၅ ဒေါ်လာနဲ့ပဲရောင်းချသွားမှာဖြစ်တဲ့အတွက် ဈေးနှုန်းအရ အသက်သာဆုံးသော Nokia ဖုန်းတစ်ခုဖြစ်လာမှာပါ။ ဒါ့အပြင် အခုလိုမျိုး Budget Level ဖုန်းတွေအတွက် Optimize ပြုလုပ်ထားတဲ့ Android Oreo (Go Edition) ကို အသုံးပြုထားတဲ့အတွက် သာမန်စွမ်းဆောင်ရည်တူညီတဲ့ဖုန်းတွေထက်တော့ပိုပြီး အသုံးပြုရတာ သွက်လက်မှာဖြစ်ပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com