[Zawgyi]

မာလာလာ ယူဆြတ္ဇုိင္ဟာ သခ်ၤာ၊ သမုိင္း၊ ဘာသာေရးနဲ႔ ဘူမိေဗဒေတြမွာ A Level နဲ႔ ေအာင္ျမင္ခဲ့ၿပီးတဲ့ေနာက္ ေအာက္စဖုိ႔တကၠသုိလ္မွာ ပညာသင္ခြင့္ရရွိခဲ့ပါတယ္။ သူမဟာ ေအာက္စဖုိ႔တကၠသုိလ္ရဲ႕ ေလဒီ မာဂရက္ေဟာ ေကာလိပ္ (Lady Margaret Hall College) မွာ ပညာသင္ဖုိ႔အတြက္ လူေတြ႕စစ္ေဆးခံယူၿပီး အခုလုိ ပညာသင္ခြင့္ရရွိခဲ့တာျဖစ္ပါတယ္။ ေအာက္စဖုိ႔တကၠသုိလ္မွာ ႏုိင္ငံေရးပညာ (Politics) ၊ စိတ္ပညာ (Philosophy) နဲ႔ စီးပြာေရးပညာ (Economics) ေတြကုိ သင္ၾကားရမွာျဖစ္ပါတယ္။ သူမရဲ႕ပညာေရးအတြက္ ကမၻာတစ္ဝွမ္းမွာရွိတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြကေတာ့ ခ်ီးက်ဴးမဆုံးျဖစ္ေနၾကပါတယ္။ အသက္၂ဝသာရွိေသးတဲ့ သူမအတြက္ ကမၻာေက်ာ္တကၠသိုလ္ႀကီးမွာ ပညာသင္ခြင့္ရတဲ့အတြက္ ဂုဏ္ယူစရာပဲျဖစ္ပါတယ္။

၂ဝ၁၂ခုႏွစ္ ေအာက္တုိဘာလ ၉ရက္ေန႔မွာ တာလီဘန္လက္နက္ကုိင္တပ္ဖြဲ႕(Taliban) ေတြဟာ အမ်ိဳးသမီးတုိင္း ပညာသင္ၾကားခြင့္ရရွိေရး တက္ၾကြလႈပ္ရွားသူ မာလာလာ ယူဆြတ္ဇုိင္ရဲ႕ ဦးေခါင္းနဲ႔လည္ပင္းကုိ ေသနတ္နဲ႔ပစ္ခဲ့ပါတယ္။ ပါကစၥတန္ႏုိင္ငံ (Pakistan) ပန္ဂ်က္ေဆးရုံ (Punjab Hospital) မွာ ကုသခဲ့ေပမယ့္လည္း ဦးေခါင္းမွာ ရရွိခဲ့တဲ့ ေသနတ္ဒဏ္ရာဟာ ျပင္းထန္လြန္းတဲ့အတြက္ အဂၤလန္ႏုိင္ငံ (England) ဘာမင္ဂန္ၿမိဳ႕ (Birmingham) ရွိ ကြင္းအဲလီဇဘတ္ေဆးရုံ (Queen Elizabeth Hospital) ကုိ တက္ေရာက္ကုသခဲ့ရပါတယ္။ သူမကုိ ၂ဝ၁၄ခုႏွစ္အတြက္ ၿငိမ္းခ်မ္းေရးႏုိဘယ္ဆု (Nobel Peace Prize) နဲ႔ ေကးလ္လပ္စ စကၱရာသီဆု (Kailash Satyarthi) ကုိ ပူးတြဲခ်ီးျမွင့္ခံခဲ့ရပါတယ္။ မာလာလာဟာ ၿငိမ္းခ်မ္းေရးႏုိဘယ္ဆုကုိ ၁၇ႏွစ္အရြယ္မွာ ရရွိခဲ့တဲ့အတြက္ ကမၻာ့အသက္အငယ္ဆုံးၿငိမ္းခ်မ္းေရးႏုိဘယ္ဆုရွင္ျဖစ္လာခဲ့ပါတယ္။

ေအာက္စဖုိ႔တကၠသုိလ္ (University of Oxford)

ေအာက္စဖုိ႔တကၠသုိလ္ဆုိတာ ကမၻာ့ေရွးအက်ဆုံးတကၠသုိလ္တစ္ခုျဖစ္ၿပီး ၁၁ရာစုကတည္းက အဂၤလန္ႏုိင္ငံ (England) ေအာက္စဖုိ႔ၿမိဳ႕ (Oxford) မွာ တည္ရွိပါတယ္။ ေအာက္စဖုိ႔တကၠသုိလ္ရဲ႕ လက္ေအာက္မွာ ေကာလိ္ပ္ေပါင္း ၃၈ခုတည္ရွိၿပီး ေလဒီ မာဂရက္ေဟာ ေကာလိပ္ကလည္း တစ္ခုအပါအဝင္ျဖစ္ပါတယ္။ Time Higher Education ကထုတ္ျပန္တဲ့ ကမၻာ့အေကာင္းဆုံးတကၠသုိလ္ (World University Rankings) အရဆုိရင္ ေအာက္စဖုိ႔တကၠသုိလ္ဟာ ပန္ဆုိေဗးနီးယားတကၠသုိလ္ (University of Pennsylvania) ၊ ဟားဗတ္တကၠသုိလ္ (Harvard University) ၊ ေရးလ္တကၠသုိလ္ (Yale University) ၊ ပရင့္စတြန္တကၠသုိလ္ (Princeton University) နဲ႔ မက္ဆာခ်ဴးဆက္နည္းပညာတကၠသုိလ္ (Massachusetts Institute of Technology – MIT) ေတြကုိ ေက်ာ္ျဖတ္ၿပီး ကမၻာ့အေကာင္းဆုံးတကၠသုိလ္အျဖစ္ သတ္မွတ္ထားပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

မာလာလာ ယူဆွတ်ဇိုင်ဟာ သင်္ချာ၊ သမိုင်း၊ ဘာသာရေးနဲ့ ဘူမိဗေဒတွေမှာ A Level နဲ့ အောင်မြင်ခဲ့ပြီးတဲ့နောက် အောက်စဖို့တက္ကသိုလ်မှာ ပညာသင်ခွင့်ရရှိခဲ့ပါတယ်။ သူမဟာ အောက်စဖို့တက္ကသိုလ်ရဲ့ လေဒီ မာဂရက်ဟော ကောလိပ် (Lady Margaret Hall College) မှာ ပညာသင်ဖို့အတွက် လူတွေ့စစ်ဆေးခံယူပြီး အခုလို ပညာသင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ အောက်စဖို့တက္ကသိုလ်မှာ နိုင်ငံရေးပညာ (Politics) ၊ စိတ်ပညာ (Philosophy) နဲ့ စီးပွာရေးပညာ (Economics) တွေကို သင်ကြားရမှာဖြစ်ပါတယ်။ သူမရဲ့ပညာရေးအတွက် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကတော့ ချီးကျူးမဆုံးဖြစ်နေကြပါတယ်။ အသက်၂ဝသာရှိသေးတဲ့ သူမအတွက် ကမ္ဘာကျော်တက္ကသိုလ်ကြီးမှာ ပညာသင်ခွင့်ရတဲ့အတွက် ဂုဏ်ယူစရာပဲဖြစ်ပါတယ်။

၂ဝ၁၂ခုနှစ် အောက်တိုဘာလ ၉ရက်နေ့မှာ တာလီဘန်လက်နက်ကိုင်တပ်ဖွဲ့(Taliban) တွေဟာ အမျိုးသမီးတိုင်း ပညာသင်ကြားခွင့်ရရှိရေး တက်ကြွလှုပ်ရှားသူ မာလာလာ ယူဆွတ်ဇိုင်ရဲ့ ဦးခေါင်းနဲ့လည်ပင်းကို သေနတ်နဲ့ပစ်ခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံ (Pakistan) ပန်ဂျက်ဆေးရုံ (Punjab Hospital) မှာ ကုသခဲ့ပေမယ့်လည်း ဦးခေါင်းမှာ ရရှိခဲ့တဲ့ သေနတ်ဒဏ်ရာဟာ ပြင်းထန်လွန်းတဲ့အတွက် အင်္ဂလန်နိုင်ငံ (England) ဘာမင်ဂန်မြို့ (Birmingham) ရှိ ကွင်းအဲလီဇဘတ်ဆေးရုံ (Queen Elizabeth Hospital) ကို တက်ရောက်ကုသခဲ့ရပါတယ်။ သူမကို ၂ဝ၁၄ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု (Nobel Peace Prize) နဲ့ ကေးလ်လပ်စ စက္တရာသီဆု (Kailash Satyarthi) ကို ပူးတွဲချီးမြှင့်ခံခဲ့ရပါတယ်။ မာလာလာဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ၁၇နှစ်အရွယ်မှာ ရရှိခဲ့တဲ့အတွက် ကမ္ဘာ့အသက်အငယ်ဆုံးငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်လာခဲ့ပါတယ်။

အောက်စဖို့တက္ကသိုလ် (University of Oxford)

အောက်စဖို့တက္ကသိုလ် (University of Oxford)

အောက်စဖို့တက္ကသိုလ်ဆိုတာ ကမ္ဘာ့ရှေးအကျဆုံးတက္ကသိုလ်တစ်ခုဖြစ်ပြီး ၁၁ရာစုကတည်းက အင်္ဂလန်နိုင်ငံ (England) အောက်စဖို့မြို့ (Oxford) မှာ တည်ရှိပါတယ်။ အောက်စဖို့တက္ကသိုလ်ရဲ့ လက်အောက်မှာ ကောလိပ်ပေါင်း ၃၈ခုတည်ရှိပြီး လေဒီ မာဂရက်ဟော ကောလိပ်ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Time Higher Education ကထုတ်ပြန်တဲ့ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် (World University Rankings) အရဆိုရင် အောက်စဖို့တက္ကသိုလ်ဟာ ပန်ဆိုဗေးနီးယားတက္ကသိုလ် (University of Pennsylvania) ၊ ဟားဗတ်တက္ကသိုလ် (Harvard University) ၊ ရေးလ်တက္ကသိုလ် (Yale University) ၊ ပရင့်စတွန်တက္ကသိုလ် (Princeton University) နဲ့ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ် (Massachusetts Institute of Technology – MIT) တွေကို ကျော်ဖြတ်ပြီး ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်အဖြစ် သတ်မှတ်ထားပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com