This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

(၃၆)ႏွစ္အတြင္း Golden Ball နဲ႔ Ballon d’Or ဆုကုိ ပထမဆုံးအႀကိမ္ တစ္ၿပိဳင္နက္ရမယ့္သူ ေပၚထြက္လာမလား

ကမၻာ႔ဖလားမွာ အေကာင္းဆုံးေျခစြမ္းျပႏုိင္တဲ့ကစားသမားကုိ ခ်ီးျမႇင့္တဲ့ Golden Ball ဆုနဲ႔ ဥေရာပအေကာင္းဆုံးေဘာလုံးသမားဆု Ballon d’Or တို႔ဟာ ေဘာလုံးေလာကရဲ႕ ဂုဏ္သိကၡာျမင့္မားတဲ့ ဆုေတြထဲမွာ အပါအ၀င္ပါပဲ။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြက်င္းပရာ ႐ုရွားေျမကုိ ခ်ီတက္ခဲ့ၾကတ့ဲ နာမည္ေက်ာ္ေဘာလုံးသမားေတြကလည္း Golden Ball ဆုကုိ ဆြတ္ခူးႏုိင္ဖုိ႔ ေမွ်ာ္လင့္ခ်က္အိပ္မက္ကုိယ္စီနဲ႔ပါ။ ထင္သေလာက္ ေအာင္ျမင္မႈမရဘဲ အိမ္ျပန္ခဲ့ရတဲ့ နာမည္ေက်ာ္ကစားသမားေတြ၊ ခ်န္ပီယံဆုကုိ ကုိင္ေျမႇာက္ခြင့္ရဖုိ႔ လက္တစ္ကမ္းအလုိမွ အိပ္မက္ေတြ အဆုံးသတ္ခဲ့ရတဲ့ ထိပ္တန္းကစားသမားေတြကုိလည္း ပရိသတ္ေတြ ျမင္ေတြ႕ခဲ့ၿပီးျဖစ္ပါလိမ့္မယ္။ အခုအခ်ိန္မွာေတာ့ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြက ေနာက္ဆုံးအဆင့္ကုိ ေရာက္ရွိေနၿပီျဖစ္ၿပီး ဗုိလ္လုပဲြအျဖစ္ ခ႐ုိေအးရွားနဲ႔ ျပင္သစ္တို႔ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။

Modric

Modric

ဒီႏွစ္ၿပိဳင္ပဲြရဲ႕ Golden Ball ဆုအတြက္ အဓိက ယွဥ္ၿပိဳင္ရမယ့္ကစားသမားႏွစ္ဦးကုိ ေလာင္းကစားဒုိင္ေတြက ေလာင္းေၾကးစတင္ဖြင့္လွစ္ေနပါၿပီ။ သူတို႔ကေတာ့ ခ႐ုိေအးရွားအသင္းရဲ႕ ၀ါရင့္ကြင္းလယ္လူ မုိဒရစ္ Modric ၊ ျပင္သစ္လူငယ္ၾကယ္ပြင့္ ဘာေပ Mbappe တို႔ပါပဲ။ ဒီကစားသမားႏွစ္ဦးဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ သက္ဆုိင္ရာႏုိင္ငံအသင္းေတြအတြက္ ေျခစြမ္းျပကစားခဲ့သလုိ ကမၻာ႔ဖလားခ်န္ပီယံဆုကုိင္ေျမႇာက္ႏုိင္ဖုိ႔အတြက္ လာမယ့္တနဂၤေႏြေန႔က်ရင္ ထိပ္တုိက္ယွဥ္ၿပိဳင္ရေတာ့မွာျဖစ္ပါတယ္။

Mbappe

Mbappe

ကမၻာ႔ဖလားခ်န္ပီယံဆု ရတဲ့သူက Golden Ball ဆုကုိ ရဖုိ႔ နီးစပ္ေနသလုိ နာမည္ေက်ာ္ ျပင္သစ္မဂၢဇင္းက ခ်ီးျမႇင့္မယ့္ ၂၀၁၈ Ballon d’Or ဆုကုိပါ တစ္ပါတည္း ရယူႏုိင္ဖုိ႔ ေမွ်ာ္လင့္ခ်က္ရွိေနပါၿပီ။ ဒါေပမဲ့ တစ္ခုရွိတာက ၁၉၈၂ ခုႏွစ္မွာ အီတလီဂႏၳ၀င္တိုက္စစ္မွဴး ေပၚလုိေရာ့စီ Paolo Rossi က Golden Ball နဲ႔ Ballon d’Or ဆုေတြကုိ (၁)ႏွစ္အတြင္း ဆြတ္ခူးခဲ့ၿပီးေနာက္ပုိင္း ဘယ္သူမွ သူ႔လုိမ်ိဳး မစြမ္းေဆာင္ႏုိင္ေတာ့ပါဘူး။ ေပၚလုိေရာ႔စီဟာ ၁၉၈၂ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ အီတလီအသင္းကုိ ဗုိလ္စဲြေအာင္ သြင္းဂုိးေတြနဲ႔ စြမ္းေဆာင္ခဲ့တာေၾကာင့္ အဲဒီႏွစ္မွာ စတင္ခ်ီးျမႇင့္တဲ့ Golden Ball ဆုအျပင္ ဥေရာပအေကာင္းဆုံးေဘာလုံးသမား Ballon d’Or ဆု ႏွစ္ခုစလုံး တစ္ခါတည္းဆြတ္ခူးခဲ့တာပါ။

Paolo-Rossi

Paolo-Rossi

ဒီႏွစ္မွာ မုိဒရစ္၊ ဘာေပတို႔ Golden Ball ၊ Ballon d’Or ဆုေတြရဖုိ႔ ေရပန္းစားေနေပမယ့္ စိန္ေခၚမႈေတြက အမ်ားႀကီးပါပဲ။ Golden Ball ဆုအတြက္ ကြန္ေတ Kante ၊ ေပါ့ဘာ Pogba ၊ ဂရစ္ဇ္မန္း Griezmann ၊ ဟာရီကိန္း Harry Kane ၊ ဟာဇက္ Hazard စတဲ့ကစားသမားေတြနဲ႔ ယွဥ္ၿပိဳင္ရဖုိ႔ရွိေနသလုိ Ballon d’Or ဆုအတြက္လည္း တျခားနာမည္ႀကီးကစားသမားေတြနဲ႔ အၿပိဳင္လုရဖုိ႔ ရွိေနတယ္။

Messi-with-Ballon-dOr

Messi-with-Ballon-dOr

အဓိကကေတာ့ စီေရာ္နယ္လ္ဒုိ C.Ronaldo နဲ႔ မက္ဆီ Messi ပါပဲ။ ၂၀၀၇ ခုႏွစ္မွာ Ballon d’Or ဆုကုိ ဘရာဇီးလ္ဂႏၳ၀င္ ကာကာ Kaka ရခဲ့ၿပီးေနာက္ပုိင္း အဲဒီဆုကုိ စီေရာ္နယ္လ္ဒုိနဲ႔ မက္ဆီပဲ တစ္လွည့္စီ ယူေနတာျဖစ္ပါတယ္။ ဒီႏွစ္မွာလည္း ရီးယဲလ္နဲ႔အတူ ခ်န္ပီယံလိဂ္(၃)ႀကိမ္ဆက္ ရခဲ့တဲ့ စီေရာ္နယ္လ္ဒုိက Ballon d’Or ဆုရဖုိ႔ ‘တစ္’ေျပးေနတယ္။

Cristiano-Ronaldo

Cristiano-Ronaldo

ကဲ .. ပရိသတ္ႀကီးေရ၊ ၂၀၁၈ Golden Ball ဆုကုိ ဘယ္သူရမလဲ၊ (၃၆)ႏွစ္အတြင္း Golden Ball နဲ႔ Ballon d’Or ဆုကုိ ပထမဆုံးအႀကိမ္ တစ္ၿပိဳင္နက္ရမယ့္သူ ေပၚထြက္လာမလားဆုိတာကုိ ရင္ခုန္စြာနဲ႔ ေစာင့္ေမွ်ာ္လုိက္ရေအာင္ . . .

ကမၻာ႔ဖလား Golden Ball ဆု ရရွိခဲ့သူမ်ား

1982- Italy -Paolo Rossi
1986 -Argentina- Diego Maradona
1990 -Italy- Salvatore Schillaci
1994 -Brazil- Romário
1998 – Brazil- Ronaldo
2002 -Germany -Oliver Kahn
2006 – France- Zinedine Zidane
2010 – Uruguay- Diego Forlán
2014 – Argentina- Lionel Messi

ေနာက္ဆုံး(၁၀)ႏွစ္အတြင္း Ballon d’Or ဆုရရွိခ့ဲသူမ်ား

2008 Cristiano Ronaldo
2009 Lionel Messi
2010 Lionel Messi
2011 Lionel Messi
2012 Lionel Messi
2013 Cristiano Ronaldo
2014 Cristiano Ronaldo
2015 Lionel Messi
2016 Cristiano Ronaldo
2017 Cristiano Ronaldo

REF:Daily Mail
Photo:habladeportes,Getty Images,Twitter,Metro,Chano8
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

(၃၆)နှစ်အတွင်း Golden Ball နဲ့ Ballon d’Or ဆုကို ပထမဆုံးအကြိမ် တစ်ပြိုင်နက်ရမယ့်သူ ပေါ်ထွက်လာမလား

ကမ္ဘာ့ဖလားမှာ အကောင်းဆုံးခြေစွမ်းပြနိုင်တဲ့ကစားသမားကို ချီးမြှင့်တဲ့ Golden Ball ဆုနဲ့ ဥရောပအကောင်းဆုံးဘောလုံးသမားဆု Ballon d’Or တို့ဟာ ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာမြင့်မားတဲ့ ဆုတွေထဲမှာ အပါအဝင်ပါပဲ။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရာ ရုရှားမြေကို ချီတက်ခဲ့ကြတဲ့ နာမည်ကျော်ဘောလုံးသမားတွေကလည်း Golden Ball ဆုကို ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ချက်အိပ်မက်ကိုယ်စီနဲ့ပါ။ ထင်သလောက် အောင်မြင်မှုမရဘဲ အိမ်ပြန်ခဲ့ရတဲ့ နာမည်ကျော်ကစားသမားတွေ၊ ချန်ပီယံဆုကို ကိုင်မြှောက်ခွင့်ရဖို့ လက်တစ်ကမ်းအလိုမှ အိပ်မက်တွေ အဆုံးသတ်ခဲ့ရတဲ့ ထိပ်တန်းကစားသမားတွေကိုလည်း ပရိသတ်တွေ မြင်တွေ့ခဲ့ပြီးဖြစ်ပါလိမ့်မယ်။ အခုအချိန်မှာတော့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲက နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး ဗိုလ်လုပွဲအဖြစ် ခရိုအေးရှားနဲ့ ပြင်သစ်တို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

Modric

Modric

ဒီနှစ်ပြိုင်ပွဲရဲ့ Golden Ball ဆုအတွက် အဓိက ယှဉ်ပြိုင်ရမယ့်ကစားသမားနှစ်ဦးကို လောင်းကစားဒိုင်တွေက လောင်းကြေးစတင်ဖွင့်လှစ်နေပါပြီ။ သူတို့ကတော့ ခရိုအေးရှားအသင်းရဲ့ ဝါရင့်ကွင်းလယ်လူ မိုဒရစ် Modric ၊ ပြင်သစ်လူငယ်ကြယ်ပွင့် ဘာပေ Mbappe တို့ပါပဲ။ ဒီကစားသမားနှစ်ဦးဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သက်ဆိုင်ရာနိုင်ငံအသင်းတွေအတွက် ခြေစွမ်းပြကစားခဲ့သလို ကမ္ဘာ့ဖလားချန်ပီယံဆုကိုင်မြှောက်နိုင်ဖို့အတွက် လာမယ့်တနင်္ဂနွေနေ့ကျရင် ထိပ်တိုက်ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။

Mbappe

Mbappe

ကမ္ဘာ့ဖလားချန်ပီယံဆု ရတဲ့သူက Golden Ball ဆုကို ရဖို့ နီးစပ်နေသလို နာမည်ကျော် ပြင်သစ်မဂ္ဂဇင်းက ချီးမြှင့်မယ့် ၂၀၁၈ Ballon d’Or ဆုကိုပါ တစ်ပါတည်း ရယူနိုင်ဖို့ မျှော်လင့်ချက်ရှိနေပါပြီ။ ဒါပေမဲ့ တစ်ခုရှိတာက ၁၉၈၂ ခုနှစ်မှာ အီတလီဂန္ထဝင်တိုက်စစ်မှူး ပေါ်လိုရော့စီ Paolo Rossi က Golden Ball နဲ့ Ballon d’Or ဆုတွေကို (၁)နှစ်အတွင်း ဆွတ်ခူးခဲ့ပြီးနောက်ပိုင်း ဘယ်သူမှ သူ့လိုမျိုး မစွမ်းဆောင်နိုင်တော့ပါဘူး။ ပေါ်လိုရော့စီဟာ ၁၉၈၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီတလီအသင်းကို ဗိုလ်စွဲအောင် သွင်းဂိုးတွေနဲ့ စွမ်းဆောင်ခဲ့တာကြောင့် အဲဒီနှစ်မှာ စတင်ချီးမြှင့်တဲ့ Golden Ball ဆုအပြင် ဥရောပအကောင်းဆုံးဘောလုံးသမား Ballon d’Or ဆု နှစ်ခုစလုံး တစ်ခါတည်းဆွတ်ခူးခဲ့တာပါ။

Paolo-Rossi

Paolo-Rossi

ဒီနှစ်မှာ မိုဒရစ်၊ ဘာပေတို့ Golden Ball ၊ Ballon d’Or ဆုတွေရဖို့ ရေပန်းစားနေပေမယ့် စိန်ခေါ်မှုတွေက အများကြီးပါပဲ။ Golden Ball ဆုအတွက် ကွန်တေ Kante ၊ ပေါ့ဘာ Pogba ၊ ဂရစ်ဇ်မန်း Griezmann ၊ ဟာရီကိန်း Harry Kane ၊ ဟာဇက် Hazard စတဲ့ကစားသမားတွေနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေသလို Ballon d’Or ဆုအတွက်လည်း တခြားနာမည်ကြီးကစားသမားတွေနဲ့ အပြိုင်လုရဖို့ ရှိနေတယ်။

Messi-with-Ballon-dOr

Messi-with-Ballon-dOr

အဓိကကတော့ စီရော်နယ်လ်ဒို C.Ronaldo နဲ့ မက်ဆီ Messi ပါပဲ။ ၂၀၀၇ ခုနှစ်မှာ Ballon d’Or ဆုကို ဘရာဇီးလ်ဂန္ထဝင် ကာကာ Kaka ရခဲ့ပြီးနောက်ပိုင်း အဲဒီဆုကို စီရော်နယ်လ်ဒိုနဲ့ မက်ဆီပဲ တစ်လှည့်စီ ယူနေတာဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ရီးယဲလ်နဲ့အတူ ချန်ပီယံလိဂ်(၃)ကြိမ်ဆက် ရခဲ့တဲ့ စီရော်နယ်လ်ဒိုက Ballon d’Or ဆုရဖို့ ‘တစ်’ပြေးနေတယ်။

Cristiano-Ronaldo

Cristiano-Ronaldo

ကဲ .. ပရိသတ်ကြီးရေ၊ ၂၀၁၈ Golden Ball ဆုကို ဘယ်သူရမလဲ၊ (၃၆)နှစ်အတွင်း Golden Ball နဲ့ Ballon d’Or ဆုကို ပထမဆုံးအကြိမ် တစ်ပြိုင်နက်ရမယ့်သူ ပေါ်ထွက်လာမလားဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်လိုက်ရအောင် . . .

ကမ္ဘာ့ဖလား Golden Ball ဆု ရရှိခဲ့သူများ

1982- Italy -Paolo Rossi
1986 -Argentina- Diego Maradona
1990 -Italy- Salvatore Schillaci
1994 -Brazil- Romário
1998 – Brazil- Ronaldo
2002 -Germany -Oliver Kahn
2006 – France- Zinedine Zidane
2010 – Uruguay- Diego Forlán
2014 – Argentina- Lionel Messi

နောက်ဆုံး(၁၀)နှစ်အတွင်း Ballon d’Or ဆုရရှိခဲ့သူများ

2008 Cristiano Ronaldo
2009 Lionel Messi
2010 Lionel Messi
2011 Lionel Messi
2012 Lionel Messi
2013 Cristiano Ronaldo
2014 Cristiano Ronaldo
2015 Lionel Messi
2016 Cristiano Ronaldo
2017 Cristiano Ronaldo

REF:Daily Mail
Photo:habladeportes,Getty Images,Twitter,Metro,Chano8
Naing Linn(Akhayar)
www.akhayar.com