[ZawGyi]

City Mart Supermarket ၏ No Plastic Bag Day ရက္ေျပာင္းလဲသတ္မွတ္

City Mart Supermarket ေတြမွာ လစဥ္ျပဳလုပ္လ်က္ရွိတဲ႔ No Plastic Bag Day (ပလတ္စတစ္အိတ္မသံုးစြဲသည့္ေန႔) ကို ၂၀၁၈ ခုႏွစ္ ဇြန္လမွစတင္ျပီး လတစ္လရဲ႕ ေနာက္ဆံုး တနလာၤေန႔ နဲ႔ အဂါၤေန႔ေတြအျဖစ္ ေျပာင္းလဲသတ္မွတ္သြားမယ္လုိ႔သိရပါတယ္။ အရင္က City Mart Supermarket ရန္ကုန္ဆိုင္ခြဲေတြမွာသာျပဳလုပ္ခဲ့ရာကေန အခုႏွစ္ဇြန္လမွစတင္ျပီး မႏၱေလးဆိုင္ခြဲျဖစ္တဲ႔ City Mart Supermarket 19th Street ဆိုင္ခြဲမွာလည္း ရန္ကုန္ဆိုင္မ်ားနည္းတူ ျပဳလုပ္သြားမယ္လုိ႔သိရပါတယ္။
City Love & Hope Foundation အေနနဲ႔ ပတ္ဝန္းက်င္ထိန္းသိမ္းေစာင့္ေရွာက္ေရးက႑တစ္ရပ္အျဖစ္ No Plastic Bag Day (ပလတ္စတစ္အိတ္မသံုးစြဲသည့္ေန႔)ကို ၂၀၁၄ ခုႏွစ္မွစျပီး City Mart Supermarket ရန္ကုန္ဆိုင္ခြဲေတြမွာ စတင္ျပဳလုပ္ခဲ႔တာမုိ႔အခုဆုိ ၄ ႏွစ္တိုင္ခဲ႔ျပီျဖစ္ပါတယ္။ ပလတ္စတစ္သံုးစြဲမႈေၾကာင္႔သဘာဝပတ္ဝန္းက်င္ညစ္ညမ္းမႈ၊ ကုန္းေနေရေနသက္ရွိသတၱဝါမ်ားေသဆံုးေစမႈအစရွိတဲ႔ဆိုးရြားတဲ႔ပ်က္စီးမႈေတြကို ရင္ဆုိင္ေနၾကရပါတယ္။ ပလတ္စတစ္တစ္စလံုးဝပ်က္စီးသြားႏိုင္ဖုိ႔ဆုိရင္ အနည္းဆံုးႏွစ္ေပါင္း ၄၀၀ ၾကာျမင္႔ပါတယ္။ ဒီလုိျဖစ္စဥ္ေတြကိုကာကြယ္တားဆီးႏိုင္ဖုိ႔အတြက္ ပလတ္စတစ္သံုးစြဲမႈေလွ်ာ႔ခ်ေရးကို လူတိုင္း အေလးေပးလုပ္ေဆာင္ၾကရမွာျဖစ္ပါတယ္။

No Plastic Bag Day ဟာ ကိုယ္ပိုင္ေစ်း၀ယ္အိတ္နဲ ့ ေစ်း၀ယ္တဲ႔အေလ့အထကို အားေပးတဲ႔အစီအစဥ္တစ္ခုျဖစ္ပါတယ္။ အဲဒီရက္ေတြမွာေတာ႔ City Mart Supermarket ဆိုင္ေတြမွာ ပလတ္စတစ္အိတ္ေတြမေပးဘဲ ေစ်း၀ယ္သူမိဘျပည္သူေတြအေနနဲ႔ မိမိတို႔ရဲ႕ ကိုယ္ပိုင္ေစ်း၀ယ္အိတ္ယူေဆာင္ကာ ၀ယ္ယူထားတဲ႔ ကုန္ပစၥည္းေတြကိုထည္႔ျပီးအလြယ္တကူ သယ္ေဆာင္သြားႏိုင္မွာျဖစ္ပါတယ္။ ကိုယ္ပိုင္ေစ်း၀ယ္အိတ္မပါရွိရင္ေတာ႔ City Mart Supermarket ဆိုင္မွာ ေရာင္းခ်တဲ႔အႀကိမ္ၾကိမ္ျပန္လည္ အသံုးျပဳႏိုင္တဲ့ Reusable Bag ကို၀ယ္ျပီးေတာ႔လည္း သယ္ေဆာင္ႏိုင္ပါတယ္။

no-plastic-bag-day

no-plastic-bag-day

ဒီလုိ No Plastic Bag Day အျဖစ္သတ္မွတ္လုပ္ေဆာင္ရျခင္းနဲ႔ပတ္သက္ျပီး City Mart Supermarket မွ CSR လုပ္ငန္းေတြကို တာ၀န္ယူေဆာင္ရြက္ေနသူ ေဒၚႏွင္းလဲ့ေ၀ မွ အခုလိုေျပာခဲ႔ပါတယ္။
“ က်ြန္မတို႔ No Plastic Bag Day ျပဳလုပ္လာခဲ႔တာ ခုဆိုရင္ (၄) ႏွစ္ရွိပါၿပီ။ စစခ်င္းကေတာ့ အခက္အခဲေတြအမ်ားႀကီး ရင္ဆိုင္ခဲ့ရေပမယ့္ အခုေတာ့ က်ြန္မတို႔ရဲ႕ေစ်း၀ယ္သူေတြနဲ႔အတူ ဒီအခက္အခဲေတြကို ေက်ာ္လႊားႏိုင္ခဲ့ပါတယ္။ No Plastic Bag Day ဆိုတာကေတာ့ ေဆြးေျမ႕ပ်က္စီးဖို႔ ႏွစ္ေပါင္းရာခ်ီေအာင္ၾကာျမင့္တဲ့ ပလတ္စတစ္အိတ္ေတြကို တတ္ႏိုင္သေလာက္ေလွ်ာ႔သံုးစြဲဖို႔ ေစ်း၀ယ္ထြက္တိုင္းကိုယ္ပိုင္ေစ်း၀ယ္အိတ္နဲ႔ ေစ်း၀ယ္တတ္တဲ့အေလ့အက်င့္ျဖစ္ေအာင္ လစဥ္သတိေပးတဲ့ လႈပ္ရွားမႈတစ္ခုအေနနဲ႔ ေဆာင္ရြက္တဲ့အစီအစဥ္ေလးျဖစ္ပါတယ္။ စစခ်င္းကဆိုရင္ ဆိုင္တြင္းမွာေရာ social media မွာေရာ customer complaints ေတြအမ်ားႀကီး ရင္ဆိုင္ခဲ့ရပါတယ္။ ပလတ္စတစ္အိတ္အသံုးစရိတ္ေတြ ေလွ်ာ့ခ်င္လို႔၊ အိတ္ေတြေရာင္းခ်င္လို႔ စသျဖင့္ ထင္ျမင္ခ်က္ေတြအမ်ိဳးမ်ိဳးရွိခဲ့သလို No Plastic Bag Day ကိုေရွာင္ၿပီး ေစ်း၀ယ္တာ၊ No Plastic Bag Day မွန္းမသိလို႕ cashier counter ေရာက္မွ မ၀ယ္္ေတာ့ဘဲ ထားသြားတာမ်ိဳးေတြလည္း ၾကံဴေတြ႔ခဲ့ရပါတယ္။ စလုပ္တဲ့ တစ္ႏွစ္ ႏွစ္ႏွစ္ေလာက္မွာ No Plastic Bag Day တိုင္း ေရာင္းအားေတြအရမ္းက်ေပမယ့္ က်ြန္မတို႕အေနနဲ႔ေနာက္မဆုတ္ဘဲ အစဥ္တစိုက္လုပ္ခဲ့တာ ခုဆိုရင္ No Plastic Bag Day မွာလည္း ပံုမွန္ရက္ေတြအတိုင္းပဲ က်ြန္မတို႕ customer ေတြက၀ယ္ယူအားေပးေနၾကၿပီ ျဖစ္ပါတယ္။ အခုဆိုရင္ သဘာ၀ပတ္၀န္းက်င္ဆိုင္ရာ သတိျပဳမႈ၊ အသိပညာ အေလ့အက်င့္ေကာင္းေတြ၊ လႈပ္ရွားမႈေတြ ျမင့္တက္လာတာနဲ႔အတူ က်ြန္မတို႔နဲ႔ က်ြန္မတို႔ရဲ႕ ေစ်း၀ယ္သူေတြကလည္း ေနာက္ထပ္ေရွ႕ကို တဆင့္ထပ္လွမ္းဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ယံုႀကည္ပါတယ္” လို႔ေျပာျပခဲ႔ပါတယ္။

No Plastic Bag Day ေန႔မ်ားမွာေရာင္းခ်ရတဲ႔ Reusable Bag ေရာင္းရေငြရဲ႕ ၅၀% ကိုလည္း သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရးအဖြဲ႔တစ္ခုျဖစ္တဲ႔ Forest Resource Environment Development and Conservation Association (FREDA) နဲ႔ပူးေပါင္းကာႏွစ္စဥ္ သစ္ပင္မ်ားစိုက္ပ်ိဳးလ်က္ရွိၿပီး သစ္ပင္စုစုေပါင္း ( ၁၅၀,၀၀၀) ေက်ာ္ကိုစိုက္ပ်ိဳးၿပီးျဖစ္တယ္လုိ႔သိရပါတယ္။

www.akhayar.com

[Unicode]

City Mart Supermarket ၏ No Plastic Bag Day ရက်ပြောင်းလဲသတ်မှတ်

City Mart Supermarket တွေမှာ လစဉ်ပြုလုပ်လျက်ရှိတဲ့ No Plastic Bag Day (ပလတ်စတစ်အိတ်မသုံးစွဲသည့်နေ့) ကို ၂၀၁၈ ခုနှစ် ဇွန်လမှစတင်ပြီး လတစ်လရဲ့ နောက်ဆုံး တနလာၤနေ့ နဲ့ အဂါၤနေ့တွေအဖြစ် ပြောင်းလဲသတ်မှတ်သွားမယ်လို့သိရပါတယ်။ အရင်က City Mart Supermarket ရန်ကုန်ဆိုင်ခွဲတွေမှာသာပြုလုပ်ခဲ့ရာကနေ အခုနှစ်ဇွန်လမှစတင်ပြီး မန္တလေးဆိုင်ခွဲဖြစ်တဲ့ City Mart Supermarket 19th Street ဆိုင်ခွဲမှာလည်း ရန်ကုန်ဆိုင်များနည်းတူ ပြုလုပ်သွားမယ်လို့သိရပါတယ်။
City Love & Hope Foundation အနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကဏ္ဍတစ်ရပ်အဖြစ် No Plastic Bag Day (ပလတ်စတစ်အိတ်မသုံးစွဲသည့်နေ့)ကို ၂၀၁၄ ခုနှစ်မှစပြီး City Mart Supermarket ရန်ကုန်ဆိုင်ခွဲတွေမှာ စတင်ပြုလုပ်ခဲ့တာမို့အခုဆို ၄ နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ပလတ်စတစ်သုံးစွဲမှုကြောင့်သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ကုန်းနေရေနေသက်ရှိသတ္တဝါများသေဆုံးစေမှုအစရှိတဲ့ဆိုးရွားတဲ့ပျက်စီးမှုတွေကို ရင်ဆိုင်နေကြရပါတယ်။ ပလတ်စတစ်တစ်စလုံးဝပျက်စီးသွားနိုင်ဖို့ဆိုရင် အနည်းဆုံးနှစ်ပေါင်း ၄၀၀ ကြာမြင့်ပါတယ်။ ဒီလိုဖြစ်စဉ်တွေကိုကာကွယ်တားဆီးနိုင်ဖို့အတွက် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးကို လူတိုင်း အလေးပေးလုပ်ဆောင်ကြရမှာဖြစ်ပါတယ်။

No Plastic Bag Day ဟာ ကိုယ်ပိုင်ဈေးဝယ်အိတ်နဲ့ ဈေးဝယ်တဲ့အလေ့အထကို အားပေးတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်။ အဲဒီရက်တွေမှာတော့ City Mart Supermarket ဆိုင်တွေမှာ ပလတ်စတစ်အိတ်တွေမပေးဘဲ ဈေးဝယ်သူမိဘပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်ဈေးဝယ်အိတ်ယူဆောင်ကာ ဝယ်ယူထားတဲ့ ကုန်ပစ္စည်းတွေကိုထည့်ပြီးအလွယ်တကူ သယ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။ ကိုယ်ပိုင်ဈေးဝယ်အိတ်မပါရှိရင်တော့ City Mart Supermarket ဆိုင်မှာ ရောင်းချတဲ့အကြိမ်ကြိမ်ပြန်လည် အသုံးပြုနိုင်တဲ့ Reusable Bag ကိုဝယ်ပြီးတော့လည်း သယ်ဆောင်နိုင်ပါတယ်။

no-plastic-bag-day

no-plastic-bag-day

ဒီလို No Plastic Bag Day အဖြစ်သတ်မှတ်လုပ်ဆောင်ရခြင်းနဲ့ပတ်သက်ပြီး City Mart Supermarket မှ CSR လုပ်ငန်းတွေကို တာဝန်ယူဆောင်ရွက်နေသူ ဒေါ်နှင်းလဲ့ေ၀ မှ အခုလိုပြောခဲ့ပါတယ်။
“ ကျွန်မတို့ No Plastic Bag Day ပြုလုပ်လာခဲ့တာ ခုဆိုရင် (၄) နှစ်ရှိပါပြီ။ စစချင်းကတော့ အခက်အခဲတွေအများကြီး ရင်ဆိုင်ခဲ့ရပေမယ့် အခုတော့ ကျွန်မတို့ရဲ့ဈေးဝယ်သူတွေနဲ့အတူ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့ပါတယ်။ No Plastic Bag Day ဆိုတာကတော့ ဆွေးမြေ့ပျက်စီးဖို့ နှစ်ပေါင်းရာချီအောင်ကြာမြင့်တဲ့ ပလတ်စတစ်အိတ်တွေကို တတ်နိုင်သလောက်လျှော့သုံးစွဲဖို့ ဈေးဝယ်ထွက်တိုင်းကိုယ်ပိုင်ဈေးဝယ်အိတ်နဲ့ ဈေးဝယ်တတ်တဲ့အလေ့အကျင့်ဖြစ်အောင် လစဉ်သတိပေးတဲ့ လှုပ်ရှားမှုတစ်ခုအနေနဲ့ ဆောင်ရွက်တဲ့အစီအစဉ်လေးဖြစ်ပါတယ်။ စစချင်းကဆိုရင် ဆိုင်တွင်းမှာရော social media မှာရော customer complaints တွေအများကြီး ရင်ဆိုင်ခဲ့ရပါတယ်။ ပလတ်စတစ်အိတ်အသုံးစရိတ်တွေ လျှော့ချင်လို့၊ အိတ်တွေရောင်းချင်လို့ စသဖြင့် ထင်မြင်ချက်တွေအမျိုးမျိုးရှိခဲ့သလို No Plastic Bag Day ကိုရှောင်ပြီး ဈေးဝယ်တာ၊ No Plastic Bag Day မှန်းမသိလို့ cashier counter ရောက်မှ မဝယ်တော့ဘဲ ထားသွားတာမျိုးတွေလည်း ကြူံတွေ့ခဲ့ရပါတယ်။ စလုပ်တဲ့ တစ်နှစ် နှစ်နှစ်လောက်မှာ No Plastic Bag Day တိုင်း ရောင်းအားတွေအရမ်းကျပေမယ့် ကျွန်မတို့အနေနဲ့နောက်မဆုတ်ဘဲ အစဉ်တစိုက်လုပ်ခဲ့တာ ခုဆိုရင် No Plastic Bag Day မှာလည်း ပုံမှန်ရက်တွေအတိုင်းပဲ ကျွန်မတို့ customer တွေကဝယ်ယူအားပေးနေကြပြီ ဖြစ်ပါတယ်။ အခုဆိုရင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတိပြုမှု၊ အသိပညာ အလေ့အကျင့်ကောင်းတွေ၊ လှုပ်ရှားမှုတွေ မြင့်တက်လာတာနဲ့အတူ ကျွန်မတို့နဲ့ ကျွန်မတို့ရဲ့ ဈေးဝယ်သူတွေကလည်း နောက်ထပ်ရှေ့ကို တဆင့်ထပ်လှမ်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်ပါတယ်” လို့ပြောပြခဲ့ပါတယ်။

No Plastic Bag Day နေ့များမှာရောင်းချရတဲ့ Reusable Bag ရောင်းရငွေရဲ့ ၅၀% ကိုလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ခုဖြစ်တဲ့ Forest Resource Environment Development and Conservation Association (FREDA) နဲ့ပူးပေါင်းကာနှစ်စဉ် သစ်ပင်များစိုက်ပျိုးလျက်ရှိပြီး သစ်ပင်စုစုပေါင်း ( ၁၅၀,၀၀၀) ကျော်ကိုစိုက်ပျိုးပြီးဖြစ်တယ်လို့သိရပါတယ်။

www.akhayar.com