[Zawgyi]

ေတာေက်ာင္း ၊ ၿမိဳ႕ေက်ာင္းေတြ မခြဲျခားဘဲ အေကာင္းဆံုးေတြကိုသာေပးၾကပါ

ျမန္မာဇာတ္ကားေတြကို ပရိသတ္ေတြ မၾကည့္ၾကေတာ့တာ၊ မႀကိဳက္ၾကေတာ့တာ၊ အရင္က ဘဘဘိုကေလးတင့္ေအာင္တို႕ ေခတ္က ရိုက္ခဲ့ဘူးတဲ့ ျမန္မာရုပ္ရွင္ဇာတ္ကားေတြေလာက္ နွလံုးသားထဲမွာ စြဲထင္ၿပီးေတာ့ မက်န္ရစ္ခဲ့ေတာ့တာဟာ စိတ္ေစတနာေၾကာင့္လို႕ပဲ သံုးသပ္ျပပါေစ။

ဘာေၾကာင့္ဆိုေတာ့ ယေန႕ေခတ္စက္ပစၥည္းဆိုတာ အရင္ ဘဘတို႕ ေခတ္ကထက္ေကာင္းမြန္တယ္ ဆိုတာဟာ ျငင္းလို႕ရမယ့္ အရာမဟုတ္ပါဘူး။ စက္ပစၥည္းေတြတင္မကပါဘူး။ ဆက္သြယ္ေရး ၊ သြားလာေရး ၊ အျဖဴအမဲ ကာလာလို ေခတ္မ်ိဳးမဟုတ္ေတာ့ဘူးဆိုတာေတြကပါ သိပ္ကိုသိသာတဲ့ အရာေတြပါ။

ဒါေပမယ့္လည္း ဘယ္ေခတ္ကိုေရာက္ေရာက္သူ႕အခက္အခဲ နဲ႕ ေနရာတိုင္းအခ်ိန္တိုင္းမွာေတာ့ ရွိေနတတ္ၾကတာပါ။ ဒီေတာ့ ႏိႈင္းယွဥ္ပါ။ သူတို႕ေခတ္မွာ ဇာတ္ကားတစ္ကားကို ဘယ္နွစ္ရက္ရိုက္ပါသလဲ ၊ ဇာတ္ကားရိုက္ဖို႕ ဘယ္လိုေတြ ျပင္ဆင္ပါသလဲ ၊ ဇာတ္လမ္း ဇာတ္ညႊန္းေတြကို ဘယ္လိုျပင္ဆင္ပါသလဲ ၊ အရင္ႏိႈင္းယွဥ္ၿပီးမွ ေစတနာဆိုတာကို ႏိႈင္းယွဥ္ၾကည့္ပါ။

ေစတနာဆိုတဲ့ စကားကို ဘာလို႕ထည့္သြင္းေဖာ္ျပခ်င္သလဲ ဆိုတာကေတာ့ ထမင္း ၊ ဟင္း ခ်က္တဲ့ ေနရာမွာေတာင္ေစတနာဆိုတာမပါရင္ ဆားမပါတဲ့ဟင္းလိုျဖစ္တတ္တာက ဓမၼတာပါ။ ဒါေၾကာင့္ဒီေန႕ေခတ္ဒါရိုက္တာႀကီးတစ္ဦးရဲ႕ လူမႈကြန္ရက္မွာ ပ်ံ႕နွံ႕ေနတဲ့ စာတစ္ေၾကာင္းျဖစ္တဲ့ ရုပ္ရွင္ကားတစ္ကားကို ဘယ္လိုပဲ ရိုက္ရိုက္ ဒီဇာတ္လမ္းရဲ႕ ဝင္ေငြဟာ အျမတ္ရရင္ေအာင္ျမင္တယ္ဆိုတဲ့ သံုးသပ္ခ်က္ဟာ ဆားမပါတဲ့ ဟင္းတစ္ခြက္ပါ။

လူမႈကြန္ရက္မွာပ်ံ႕ေနတဲ့ စာပိုဒ္

လူမႈကြန္ရက္မွာပ်ံ႕ေနတဲ့ စာပိုဒ္

အရင္က ဦးေက်ာ္ဟိန္း တို႕ေခတ္က ဇာတ္ကားေတြျဖစ္တဲ့ သၾကၤန္မိုး ၊ တျပည္သူမေရႊထား ၊ ပန္းၿမိဳင္လယ္ကဥယ်ာဥ္မႈး၊ အရင္ မင္းသားႀကီး ဦးဝင္းဦးတို႕ေခတ္ျဖစ္တဲ့ မႈံေရႊရည္ ၊ ခိုင္မာလာနွင္းဆီ၊ တိမ္လႊာမို႕မို႕လြင္ စတဲ့ ရုပ္ရွင္ေတြ ကိုပရိသတ္ေတြဘာလို႕ႀကိဳက္ၾကလဲ ဒီေန႕ထိမေမ့နိုင္ၾကတဲ့ ဇာတ္လမ္းေတြျဖစ္ၾကသလဲ ဆုိတာကို ျပန္သံုးသပ္ဖို႕ေတာ့ လိုလာပါၿပီ။

အေပၚက ဒါရိုက္တာႀကီးသံုးသပ္ခဲ့သလို အျမတ္ေငြသာရခဲ့ၿပီး ပရိသတ္ရင္ထဲမေရာက္ရင္ေရာေအာင္ျမင္တယ္လို႕ သံုးသပ္နိုင္ပါသလား။ ဒီေတာ့ ေနာက္ဆံုး မင္းသမီးႀကီး ေဒၚေဆြဇင္ထိုက္ က ေျပာလိုက္တဲ့ ရြာေက်ာင္း ၊ ၿမိဳ႕ေက်ာင္း ဆိုတဲ့ စကားဟာ ဒီေန႕ေခတ္ဒါရိုက္တာေတြ နဲ႕ အနုပညာေလာက အတြက္ နာက်င္စရာ သပ္သပ္မဟုတ္ဘဲ ဘယ္လိိုေၾကာင့္ဒီစကားကို ဆိုရသလဲ ဆိုတာကို စဥ္းစားဖို႕ ေကာင္းတဲ့ အခ်ိန္အေျဖရွာလို႕ေကာင္းတဲ့ အခ်ိန္ပါ ။

လူမႈကြန္ရက္မွာအေျပာမ်ားေနတဲ့ စာမ်ား

လူမႈကြန္ရက္မွာအေျပာမ်ားေနတဲ့ စာမ်ား

အျပစ္တင္ဖို႕ ဆိုတာထက္ တစ္ဦးနဲ႕တစ္ဦး ေဖးမရင္းနဲ႕ အလုပ္ေတြကို သက္ေသျပလို႕ေရွ႕သို႕ခ်ိီတတ္ၾကရမွာပါ။ ဘယ္သူကေတာ့ ဘာေျပာလို႕ ဆိုတာေတြကိုေမ့ၿပီး ေတာေက်ာင္း ၊ ၿမိဳ႕ေက်ာင္းဆိုတာေတြကို ေမ့ၿပီး ဒီအခ်ိန္မွာ ဘယ္သူက ပေရာ္ဖက္ရွင္နယ္ ဆန္ေၾကာင္း ျပလို႕ေကာင္းတဲ့ အခ်ိန္လို႕ ထင္မိပါေၾကာင္းရုပ္ရွင္ေလာက ကို ခ်စ္ျမတ္နိုးတဲ့ အနုပညာ ပရိသတ္တစ္ဦး အေနနဲ႕ ေရးသားေဖာ္ျပလိုက္တာျဖစ္ပါတယ္။ အျငင္းမပြားဘဲ ေစတနာေလးေတြ ပိုကဲလို႕ အလုပ္ကေလးေတြ နဲ႕ သက္ေသေတြျပရင္း ျမန္မာ့ရုပ္ရွင္ေျပာင္းလဲ မႈမွာ ပါဝင္ဖို႕ အတြက္ ဘာေတြလုိအပ္တယ္ဆိုတာ Comment ေလးေတြ ေပးခဲ့ပါဦးလို႕ တိုက္တြန္းပါရေစ။

Photo Credit – Facebook

ၾကည္သာ (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။
[Unicode]

တောကျောင်း ၊ မြို့ကျောင်းတွေ မခွဲခြားဘဲ အကောင်းဆုံးတွေကိုသာပေးကြပါ

မြန်မာဇာတ်ကားတွေကို ပရိသတ်တွေ မကြည့်ကြတော့တာ၊ မကြိုက်ကြတော့တာ၊ အရင်က ဘဘဘိုကလေးတင့်အောင်တို့ ခေတ်က ရိုက်ခဲ့ဘူးတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားတွေလောက် နှလုံးသားထဲမှာ စွဲထင်ပြီးတော့ မကျန်ရစ်ခဲ့တော့တာဟာ စိတ်စေတနာကြောင့်လို့ပဲ သုံးသပ်ပြပါစေ။

ဘာကြောင့်ဆိုတော့ ယနေ့ခေတ်စက်ပစ္စည်းဆိုတာ အရင် ဘဘတို့ ခေတ်ကထက်ကောင်းမွန်တယ် ဆိုတာဟာ ငြင်းလို့ရမယ့် အရာမဟုတ်ပါဘူး။ စက်ပစ္စည်းတွေတင်မကပါဘူး။ ဆက်သွယ်ရေး ၊ သွားလာရေး ၊ အဖြူအမဲ ကာလာလို ခေတ်မျိုးမဟုတ်တော့ဘူးဆိုတာတွေကပါ သိပ်ကိုသိသာတဲ့ အရာတွေပါ။

ဒါပေမယ့်လည်း ဘယ်ခေတ်ကိုရောက်ရောက်သူ့အခက်အခဲ နဲ့ နေရာတိုင်းအချိန်တိုင်းမှာတော့ ရှိနေတတ်ကြတာပါ။ ဒီတော့ နှိုင်းယှဉ်ပါ။ သူတို့ခေတ်မှာ ဇာတ်ကားတစ်ကားကို ဘယ်နှစ်ရက်ရိုက်ပါသလဲ ၊ ဇာတ်ကားရိုက်ဖို့ ဘယ်လိုတွေ ပြင်ဆင်ပါသလဲ ၊ ဇာတ်လမ်း ဇာတ်ညွှန်းတွေကို ဘယ်လိုပြင်ဆင်ပါသလဲ ၊ အရင်နှိုင်းယှဉ်ပြီးမှ စေတနာဆိုတာကို နှိုင်းယှဉ်ကြည့်ပါ။

စေတနာဆိုတဲ့ စကားကို ဘာလို့ထည့်သွင်းဖော်ပြချင်သလဲ ဆိုတာကတော့ ထမင်း ၊ ဟင်း ချက်တဲ့ နေရာမှာတောင်စေတနာဆိုတာမပါရင် ဆားမပါတဲ့ဟင်းလိုဖြစ်တတ်တာက ဓမ္မတာပါ။ ဒါကြောင့်ဒီနေ့ခေတ်ဒါရိုက်တာကြီးတစ်ဦးရဲ့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ စာတစ်ကြောင်းဖြစ်တဲ့ ရုပ်ရှင်ကားတစ်ကားကို ဘယ်လိုပဲ ရိုက်ရိုက် ဒီဇာတ်လမ်းရဲ့ ဝင်ငွေဟာ အမြတ်ရရင်အောင်မြင်တယ်ဆိုတဲ့ သုံးသပ်ချက်ဟာ ဆားမပါတဲ့ ဟင်းတစ်ခွက်ပါ။

လူမှုကွန်ရက်မှာပျံ့နေတဲ့ စာပိုဒ်

လူမှုကွန်ရက်မှာပျံ့နေတဲ့ စာပိုဒ်

အရင်က ဦးကျော်ဟိန်း တို့ခေတ်က ဇာတ်ကားတွေဖြစ်တဲ့ သင်္ကြန်မိုး ၊ တပြည်သူမရွှေထား ၊ ပန်းမြိုင်လယ်ကဥယျာဉ်မှုး၊ အရင် မင်းသားကြီး ဦးဝင်းဦးတို့ခေတ်ဖြစ်တဲ့ မှုံရွှေရည် ၊ ခိုင်မာလာနှင်းဆီ၊ တိမ်လွှာမို့မို့လွင် စတဲ့ ရုပ်ရှင်တွေ ကိုပရိသတ်တွေဘာလို့ကြိုက်ကြလဲ ဒီနေ့ထိမမေ့နိုင်ကြတဲ့ ဇာတ်လမ်းတွေဖြစ်ကြသလဲ ဆိုတာကို ပြန်သုံးသပ်ဖို့တော့ လိုလာပါပြီ။

အပေါ်က ဒါရိုက်တာကြီးသုံးသပ်ခဲ့သလို အမြတ်ငွေသာရခဲ့ပြီး ပရိသတ်ရင်ထဲမရောက်ရင်ရောအောင်မြင်တယ်လို့ သုံးသပ်နိုင်ပါသလား။ ဒီတော့ နောက်ဆုံး မင်းသမီးကြီး ဒေါ်ဆွေဇင်ထိုက် က ပြောလိုက်တဲ့ ရွာကျောင်း ၊ မြို့ကျောင်း ဆိုတဲ့ စကားဟာ ဒီနေ့ခေတ်ဒါရိုက်တာတွေ နဲ့ အနုပညာလောက အတွက် နာကျင်စရာ သပ်သပ်မဟုတ်ဘဲ ဘယ်လိုကြောင့်ဒီစကားကို ဆိုရသလဲ ဆိုတာကို စဉ်းစားဖို့ ကောင်းတဲ့ အချိန်အဖြေရှာလို့ကောင်းတဲ့ အချိန်ပါ ။

လူမှုကွန်ရက်မှာအပြောများနေတဲ့ စာများ

လူမှုကွန်ရက်မှာအပြောများနေတဲ့ စာများ

အပြစ်တင်ဖို့ ဆိုတာထက် တစ်ဦးနဲ့တစ်ဦး ဖေးမရင်းနဲ့ အလုပ်တွေကို သက်သေပြလို့ရှေ့သို့ချီတတ်ကြရမှာပါ။ ဘယ်သူကတော့ ဘာပြောလို့ ဆိုတာတွေကိုမေ့ပြီး တောကျောင်း ၊ မြို့ကျောင်းဆိုတာတွေကို မေ့ပြီး ဒီအချိန်မှာ ဘယ်သူက ပရော်ဖက်ရှင်နယ် ဆန်ကြောင်း ပြလို့ကောင်းတဲ့ အချိန်လို့ ထင်မိပါကြောင်းရုပ်ရှင်လောက ကို ချစ်မြတ်နိုးတဲ့ အနုပညာ ပရိသတ်တစ်ဦး အနေနဲ့ ရေးသားဖော်ပြလိုက်တာဖြစ်ပါတယ်။ အငြင်းမပွားဘဲ စေတနာလေးတွေ ပိုကဲလို့ အလုပ်ကလေးတွေ နဲ့ သက်သေတွေပြရင်း မြန်မာ့ရုပ်ရှင်ပြောင်းလဲ မှုမှာ ပါဝင်ဖို့ အတွက် ဘာတွေလိုအပ်တယ်ဆိုတာ Comment လေးတွေ ပေးခဲ့ပါဦးလို့ တိုက်တွန်းပါရစေ။

Photo Credit – Facebook

ကြည်သာ (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။